အငြင်းပွားနေသည့် ကျွန်းစုများပေါ်တွင် တရုတ်နိုင်ငံ၏ လေကြောင်း ကာကွယ် ရေးဇုန် သတ်မှတ်
ကြေညာချက်ကြောင့် ဒေသတွင်း တင်းမာမှုများဖြစ်ပေါ်နေစဉ်အတွင်း အမေရိကန် ဒုတိယသမ္မတ
ဂျိုးဘိုင်ဒင်သည် ယင်းကိစ္စနှင့် စပ်လျဉ်း ၍စိုးရိမ်မှုများဖြစ်ရကြောင်း ပြောဆို ဆွေးနွေးရန် ဒီဇင်ဘာ
လ ၄ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိ ခဲ့သည်။
ဂျပန်နိုင်ငံကစတင်ခဲ့ပြီး တောင်ကိုရီး ယားနိုင်ငံ၌ အဆုံးသတ်မည့် ၎င်းခရီး စဉ်သည် ဂျပန်နိုင်ငံနှင့်
အငြင်းပွားနေ သည့် အရှေ့တရုတ်ပင်လယ်ပြင်ရှိ ကျွန်း စုများကို လွှမ်းခြံုထားသည့် ကောင်းကင်
တွင် တရုတ်နိုင်ငံက လေကြောင်းရန် ကာကွယ်ရေးဇုန် (ဗှီုဇ) တစ်ခုကြေ ညာခဲ့အပြီး လိပ်ခဲတည်း
လည်းဖြစ်နေ ကြချိန်တွင် ရောက်ရှိလာခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလက ပုဂ္ဂလိကပိုင်ဆိုင်သူများထံမှ ကျွန်းတချို့ ကို ဂျပန်အစိုးရက ၀ယ်
ယူခဲ့အပြီး တရုတ် နှင့် ဂျပန်နိုင်ငံတို့၏ ဆယ်စုနှစ်များချီ ခဲ့သည့် အငြင်းပွားမှုသည် ပြန်လည်
တောက်လောင်လာခဲ့သည်။ ယင်းအချိန် မှစ၍ တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံက တိုက်လေယာဉ်
များဖြင့် ထိန်းချုပ်ထား သည့် အနီးအပါးရှိ ရေပြင်များဆီသို့ သင်္ဘောများနှင့် လေယာဉ်များ
စေလွှတ် ခဲ့သဖြင့် မလိုလားအပ်သည့် တိုက်ခိုက် မှုများ ဖြစ်ပေါ်လာရန် စိုးရိမ်စရာများ ဖြစ်ခဲ့
ရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ရပ်
တွင် ဒုတိယသမ္မတဘိုင်ဒင်က လေကြောင်း ရန်ကာကွယ်ရေးဇုန်နှင့် စပ်လျဉ်း၍ အမေရိကန်၏
စိုးရိမ်မှုကို တရုတ်ခေါင်း ဆောင်များနှင့်တွေ့ဆုံချိန်တွင် ပြောဆိုဆွေးနွေးသွားမည်ဟု ဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ဂျပန် နိုင်ငံနှင့် မဟာမိတ် သဘောတူညီချက် တာဝန်အရ ဂျပန်
ထိန်းချုပ်ထားသည့် ကျွန်းများကို ကာကွယ်သွားရမည်ဖြစ် ကြောင်း အတိအလင်း ပြောဆိုထားပြီး
ဖြစ်သည်။
သို့ရာတွင် အာရှပြိုင်ဘက် နှစ်နိုင်ငံကြားရှိ စစ်ရေး ပဋိပက္ခများ အတွင်းသို့ ဆွဲထည့်ခံရမည်ကိုမူ
တွန့် ဆုတ်လျက်ရှိသည်။
"အရှေ့တရုတ်ပင်လယ်ပြင်မှာ နဂို ရှိနေတဲ့အနေအထားတစ်ခုကို ကိုယ့်သဘောနဲ့ကိုယ် တစ်ဖက်
သတ်ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမေရိကန် အစိုးရဟာ အလွန်
အမင်း စိုးရိမ်မကင်းဖြစ်မိပါ တယ်" ဟု ဘိုင်ဒင်က ပြောသည်။
တရုတ်နိုင်ငံသည် နိုဝင်ဘာလနှောင်း ပိုင်းက ဗှီုဇ ကို ကြေညာကာ အခြား နိုင်ငံများကို မကျေ
မနပ်ဖြစ်စေခဲ့ သည်။ ယင်းကြေညာချက်အရ လေယာဉ် အားလုံးသည် တရုတ်နိုင်ငံ၏ ညွှန်ကြား
ချက်ကို လိုက်နာရမည်ဖြစ်ပြီး မလိုက်နာ ပါက တိတိကျကျ ဖော်ပြထားခြင်းမရှိ သေးသည့်
'ကာကွယ်ရေးဆိုင်ရာ အရေးပေါ်အရေးယူမှုများ' နှင့် ရင်ဆိုင် ရမည်ဖြစ်သည်။
ယင်းနောက် တရုတ်၏စည်းကမ်း ချက်များကို အာခံသည့်အနေဖြင့် အမေ ရိကန်၊ ဂျပန်နှင့်
တောင်ကိုရီးယားအစိုးရ များသည် ယင်းတို့၏ စစ်ဘက်ဆိုင်ရာ နှင့် စစ်လေယာဉ်များကို သတ်
မှတ်ထား သည့်ဇုန်အတွင်း ပျံသန်းစေခဲ့သည်။
ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် တရုတ် အစိုးရသတင်းစာ၏ အယ်ဒီတာ့ အာဘော်တွင် ဘိုင်ဒင်က
သာ ဂျပန်နိုင်ငံ ကို အားပေးအားမြှောက်ပြုပါက တရုတ် နိုင်ငံအတွက် ၎င်းကို ယုံကြည်မှုသည်
လျော့နည်းသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ဘိုင်ဒင်သည် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဒုတိယသမ္မတလီယွမ်ချိုနှင့် ၀န်ကြီး ချုပ် လီခဲ့ချန်တို့ကို
တွေ့ဆုံရန် အစီအစဉ် ရှိပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံသို့ ခရီးဆက်ကာ
သမ္မတပတ်ဂွမ်ဟေးနှင့် တွေ့ဆုံမည် ဖြစ်သည်။
(အေအက်ဖ်ပီ)

















