ဂျကာတာ - အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာမြို့ရှိ မြန်မာသံရုံးကို ဗု့းဖောက် ခွဲရန် ကြံစည်သူ
များထဲမှတစ်ဦးက ၎င်း က နောက်ကွယ်မှ ကြိုးကိုင်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့က
ဂျကာတာမြို့တာင်ပိုင်းရှိ ခရိုင်တရား ရုံးတွင် ၀န်ခံပြောကြားခဲ့သည်။
ဂျကာတာမြို့ရှိ မြန်မာသံရုံးကို မေလက တိုက်ခိုက်ရန် ကြံစည်မှုတစ်ရပ်တွင် အသက် ၂၃ နှစ်
အရွယ် စီဂျစ်အင်ဒရာဂျစ်က ဖေ့စ်ဘွတ်ခ်အသုံးပြုဆက်သွယ်ကြသည့် အစ္စလမ္မစ်အစွန်း ရောက်
အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။ တရားသူကြီးက စီဂျစ်အင်ဒရာဂျစ်ကို ၎င်း၏ လုပ်ရပ်များ
အတွက် နောင်တ ရ မရမေးမြန်းရာတွင် အင်ဒရာဂျစ်က ၎င်း၏ လုပ်ရပ်များအတွက် နောင်တရ
ခြင်းမရှိကြောင်းနှင့် မွတ်စလင်များ အပေါ် စိတ်ရှိတိုင်း ပြုမူဆက်ဆံနေကြသည့်နိုင်ငံများအားလုံး
ကို ယခုလုပ် ဆောင်ချက်ဖြင့် သတိပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်ဒရာဂျစ်ကို အင်ဒိုနီးရှားနိုင်ငံက ပြင်းထန်သည့် အကြမ်းဖက်ဆန့်ကျင် ရေးဥပဒေများအရ
လက်နက်များ၊ သို့မဟုတ် ပေါက်ကွဲစေသည့် ပစ္စည်းများ လက်ဝယ်ထားရှိမှုအပါအဝင် စွဲချက်
သုံးခုဖြင့် တရားစွဲဆိုထားပြီး ပြစ်မှု ထင်ရှားပါက သေဒဏ်ကျခံရမည်ဖြစ် သည်။
မြန်မာနိုင်ငံမှ သတ်ဖြတ်မှုနှင့် ပတ်သက်သည့်သတင်းများကို ဖေ့စ် ဘွတ်ခ်မှတစ်ဆင့်သိရှိခဲ့ရပြီး
အလွန် ဒေါသထွက်ခဲ့သည်ဆို၏။ အင်ဒိုနီးရှားနိုင်ငံရှိ မွတ်စလင်အဖွဲ့ တစ်ဖွဲ့က တုံ့ပြန်မည့် အစီ
အစဉ်တွင် ပါ၀င်ရန် ၎င်းအား ဖိတ်ကြားခဲ့ပြီးနောက် ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံး ဖောက်ခွဲရန်
အကြံရခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက စီပါရီယာနိုနှင့် တွေ့ဆုံခဲ့
သည်။
စီပါရီယာနိုသည် ဗု့း ဖောက်ခွဲရန် ကြံစည်မှုမှ နောက်ထပ် ကြံရာပါတစ်ဦးဖြစ်သည်။ ၎င်းတို့သည်
အင်ဒိုနီးရှားနိုင်ငံ အစွန်း ရောက်အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်များဖြစ် ပြီး မြန်မာသံရုံးကို မတိုက်ခိုက်မီတစ်
ရက်အလို မေလ ၂ ရက်နေ့က ဖောက်ခွဲရေးအတွက် အသုံးပြုမည့် ဗုံးများကိုသယ်ဆောင်လာ
သည့် မော်တော်ဆိုင် ကယ်စီးလာသူနှစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဂျကာတာမြို့ တောင်ပိုင်း
၌ဖမ်းမိခဲ့သည့်အတွက် ဗု့းဖောက်ခွဲ မည့်အစီအစဉ် ပျက်ပြားခဲ့ခြင်းဖြစ် သည်။
(အေအက်ဖ်ပီ)
















