ပါကစ္စတန်နိုင်ငံတွင် စစ်ဦးစီးချုပ် သည် အာဏာအရှိဆုံးပုဂ္ဂိုလ်ဟူ၍ပြော ဆိုကြသည်။ သို့တိုင်ပင်
၀န်ကြီးချုပ် နာဝပ်ရှရစ်ဖ်က အခြားစစ်ခေါင်းဆောင် သစ်တစ်ဦးကိုလည်း စစ်ဦးစီးချုပ် နေရာသို့
မရောက်စေရန် ကြာနိုင်သမျှကြာကြာ ဆွဲထားချင်သည်။
စစ်ခေါင်း ဆောင်သစ်ကို တစ်လ၊နှစ်လမျှပြင် ဆင်ချိန်ရစေသည့် အစဉ်အလာကို ဖျက်ကာ
မစ္စတာရှရစ်ဖ်သည် ရာထူးမှ အနားယူတော့မည့် သူလျှိုအဖွဲ့ အကြီး အကဲဟောင်းဖြစ်ခဲ့ဖူးသူ
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ရှ်ဖက်ခ်ပါဗက်ဇ် ကီယာနီ အငြိမ်းစားမယူမီနှစ်ရက်အလိုတွင်
၎င်းနေရာကို ဆက်ခံမည့်သူကို ရာထူးခန့်ခဲ့သည်။
၀န်ကြီးချုပ်နှင့် သွေးမတော်သားမစပ်သူ ဒုတိယဗိုလ်ချုပ်ကြီး ရာဟီးလ် ရှရစ်ဖ်သည် ယခုအခါတွင်
မူ ကြီးမား ကျယ်ပြန့်ကာ နျူကလီးယား လက်နက် ပိုင်ဆိုင်သည့်စစ်တပ်ကြီးကိုသာမက စီးပွား
ရေးတောင့်တင်းသည့် နိုင်ငံကြီး ကိုပါ ထိန်းချုပ်တော့မည်ဖြစ်သည်။
အာဏာမရယူစေရန် ဆွဲထားချင် ရသည့်အကြောင်းမှာ ၀န်ကြီးချုပ် သည် အမြဲတစေ အဆုံး
အဖြတ်ပေးရသူ မဟုတ်ဘဲ၊ ယခင်တစ်ကြိမ် ၁၉၉၈ ခုနှစ် က ပါဗက်ဇ်မူရှာရက်ဖ်ကို စစ်ဦးစီးချုပ်
ခန့်အပ်ခဲ့သည့်အတွက် တစ်နှစ်အကြာ တွင် ၎င်းကိုပင်ဖယ်ရှားကာ အာဏာ သိမ်းခံခဲ့ရသည့်
အဖြစ်ကို စိတ်ထဲတွင် မှတ်မှတ်ထင်ထင် ဖြစ်နေဆဲဖြစ်သည်။
သို့ရာတွင် မစ္စတာရှရစ်ဖ် ကြိုးပမ်းမှု သည် အရပ်သားလုပ်ပိုင်ခွင့် အာဏာ ကို စစ်တပ်ထံမှ ပြန်
လည်ရယူကာ စစ်တပ်ကို ဒူးနေရာဒူးတော်နေရာတော်ထားရန် ဆောင်ရွက်ခြင်းဟူ၍ အခြားသူ
များက ယူဆကြသည်။ စစ်တပ်သည် တိုင်းပြည်ပြယုဂ်နှင့်အာမခံပေးသူအဖြစ် ကိုယ့်ကိုယ်ကိုယ်
ရှုမြင်ထားသည်။
သို့တိုင် စစ်တပ်ကိုယ်၌သည်ပင် ပါကစ္စတန်၏ အနက် ရှိုင်းဆုံးပြဿနာများ၏ အရင်းအမြစ် ဖြစ်
နေပြန်သည်။ ရွေးကောက်ပွဲများ တွင် ၀င်စွက်ဖက်ခြင်းနှင့် စစ်အာဏာ သိမ်းခြင်းများဖြင့် နိုင်ငံရေး
အဆင့် အတန်းကို ချည့်နဲ့စေကာ၊ ယင်းချည့် နဲ့မှု၏နောက်ဆက်တွဲမှ ကျွမ်းကျင် လိမ္မာမှုမရှိခြင်းနှင့်
မသမာမှုများ ကြောင့် စစ်တပ်က ၀င်ရောက်စွက်ဖက် ပြန်သည်။
ပါကစ္စတန်နိုင်ငံသည် စစ်တပ်၏ ဒုက္ခပေးတတ်သည့် စွန့်စား မှုများ သမိုင်းအစဉ်အလာ တစ်ခုရှိ
သည်။ ပါကစ္စတန်နိုင်ငံသည် ပြည်ပ အကြမ်းဖက်လုပ်ရပ်ကို ယင်း၏ ကမ ကထပြုမှုအတွက်
မထိတ်သာ မလန့်သာအကြွေးများကို ယခုအခါ ပေးဆပ် နေရပြီ ဖြစ်သည်။ မိခင် ပါကစ္စတန်
နိုင်ငံကိုပင် ပြန်လည် တိုက်ခိုက်သည့် ပြည်တွင်း အစွန်းရောက်အဖွဲ့များကို ပင် မွေးထုတ်ပေးမိ
လျက်သား ရှိနေပြီဖြစ်သည်။
၂၀၀၁ ခုနှစ်မှစ၍ ပါကစ္စတန်လူမျိုး ၅၀,၀၀၀ နီးပါးသည် အကြမ်းဖက်လုပ်ရပ်များတွင် သေဆုံး
ခဲ့ကြပြီးဖြစ်သည်။ ဗိုလ်ချုပ်ကြီး ကီယာနီသည် အခြား ဗိုလ်ချုပ်ကြီးများလိုပင် ညံ့ဖျင်းကောင်း
ညံ့ဖျင်းခဲ့ဖွယ်ရှိသည်။ ၎င်း ဘုန်းမီးနေလ တောက်ခဲ့သည့် ကာလအတွင်းမှာပင် အာဖဂန် တာလီ
ဘန်များ ပြန်လည်ဖွဲ့ စည်းခဲ့ခြင်း၊ အိန္ဒိယနိုင်ငံ မွမ်ဘိုင်း တိုက်ခိုက်မှုများကို (ပါကစ္စတန်အတွင်း)
စီစဉ်ခဲ့ခြင်းနှင့် အိုစမာဘင်လာဒင် သည် စစ်တပ်ရှိသည့်မြို့မှာပင် အခြေချ နေထိုင်ခဲ့ခြင်းများရှိခဲ့
သည်။
ဒုတိယဗိုလ်ချုပ်ကြီး ရှရစ်ဖ်၏ ခန့် အပ်ခံရမှုသည် အံ့အားသင့်ဖွယ် တစ်ခု ဖြစ်ခဲ့သည်။ သို့ရာတွင်
သတင်းကောင်း တစ်ခုမှာ ဗိုလ်ချုပ်ကြီး ကီယာနီ၏ ပြည်တွင်းစစ်တိုက်ရေးနှင့် ၎င်း၏ အယူ အဆ
တူခြင်းပင်ဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးရှရစ်ဖ်သည် နိုင်ငံ၏အနောက်ပိုင်း တိုင်းရင်းသားများနေ
ထိုင်ရာရှိ သောင်းကျန်းသူများအတွက် စစ်တပ်ကို ပိုပြီး အားမွေးလေ့ကျင့်ပေး လိုသည်။
၎င်းသည် ဗိုလ်ချုပ်ကြီး ကီယာနီကဲ့သို့ပင် စစ်သွေးကြွ အုပ်စု များက ပြန်လည် ကတိဖောက်ဖျက်
မည့် ငြိမ်းချမ်းရေး သဘောတူညီချက် များ၏ အချည်းနှီးဖြစ်မှုကို သိထားသူ ဖြစ်သည်။ ပြဿနာ
မှာ ၀န်ကြီးချုပ် ရှရစ်ဖ်ကမူ အမျိုးသား အကြမ်းဖက် တန်ပြန်ရေးမဟာဗျူဟာချမှတ်ရန် လိုအပ်
ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် သာ ဦးစွာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။
(The Economist)

















