အမေရိကန်ရေတပ် ထောက်လှမ်းရေးလေယာဉ် ဂျပန်နိုင်ငံတွင် တပ်ဖြန့်ချထား

အမေရိကန်ရေတပ် ထောက်လှမ်းရေးလေယာဉ် ဂျပန်နိုင်ငံတွင် တပ်ဖြန့်ချထား

၀ါရှင်တန် - ဂျပန်နှင့် တရုတ်နိုင်ငံတို့ အကြား အရှေ့တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွား
မှုများ အရှိန်မြင့်လာသည့်အချိန်၌ အမေရိကန်ရေတပ်က ယင်း၏ ခေတ်မီထောက် လှမ်းရေးလေ
ယာဉ်ကို ဂျပန်နိုင်ငံ၌ တပ်ဖြန့်ချထားလိုက်ကြောင်း အရာရှိ များက ဒီဇင်ဘာလ ၂ ရက်နေ့က
ပြောကြားခဲ့သည်။

ပီ - ၈ အေ ပိုဆီဒွန် ကင်းလှည့်ဂျက် လေယာဉ်နှစ်စင်းသည် အမေရိကန် နိုင်ငံ ဖလော်ရီဒါပြည်
နယ်ရှိ ဂျက်ဆွန် ဗီးလ်မြို့မှ နိုဝင်ဘာလ ၂၉ ရက်နေ့က ထွက်ခွာခဲ့ပြီး ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း
ရှိ ကာဒီနာ လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ရေတပ်အရာရှိ
တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွား ကျွန်းများ ပါ၀င်သည့် လေကြောင်း ကာကွယ်ရေးဇုန်တစ်ခုကို
တရုတ်နိုင်ငံ ကမကြေညာမီ ထိုသို့ တပ်ဖြန့်ချထား ရန်စီစဉ်ထားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းမှာ
အလှည့်ကျပြုလုပ်သည့် တပ် ဖြန့်ချထားမှုတစ်ခုဖြစ်ကြောင်း အမည် မဖော်လိုသည့် အဆိုပါ
ရေတပ်အရာရှိ ကပြောကြားခဲ့သည်။

နောက်ထပ် ပိုဆီဒွန် ကင်းလှည့်လေယာဉ်လေးစင်းကို ယခုလနှောင်းပိုင်းတွင် အိုကီနာဝါကျွန်း၌
ထပ်မံတပ်ဖြန့်ချထားရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။ ဂျပန်နိုင်ငံသို့စေလွှတ်ခဲ့သော အဆို
ပါ ကင်းလှည့်လေယာဉ်အသစ်ကို ၁၉၆၀ ပြည့်နှစ်ထုတ် ပီ - ၃ အိုရီယွန် ကင်းလှည့်လေယာဉ်
နေရာတွင် အစား ထိုးထားရှိခြင်းဖြစ်ကာ ယခုခရီးစဉ်မှာ ယင်း၏ ပထမဆုံး စေလွှတ်ခံရသည့်
ခရီးစဉ်လည်းဖြစ်သည်။

ဘိုးအင်း ရ၃၇ ကို အဆင့်မြင့် ရေဒါစနစ်နှင့် ရေယာဉ်ပစ်ဒုံးကျည်များထပ်မံပေါင်းထည့်ကာ ပြုလုပ်
ထားသည့် အဆိုပါ ပီ - ၈ အေ ကင်းလှည့်လေယာဉ် များမှာ ရေငုပ်သင်္ဘောများကို ရှာဖွေ
ထောက်လှမ်းရန်နှင့် ပင်လယ်ပြင်ရှိ အခြားသင်္ဘောများကို ခြေရာခံရန် တီထွင်ထုတ်လုပ်ထားခြင်း
ဖြစ်သည်။

တရုတ်နိုင်ငံက နိုဝင်ဘာလ ၂၃ ရက် နေ့၌ လေကြောင်းကာကွယ်ရေးဇုန်တစ်ခုကို သတ်မှတ်ကြေ
ညာခဲ့ပြီး ထိုဇုန် အတွင်းသို့ မဝင်ရောက်မီ လေယာဉ်ပျံသန်းမှု အစီအစဉ်များကို ၎င်းတို့ အား ကြို
တင်အကြောင်းကြားရန် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ကြေညာချက်ကို ကန့်ကွက်ကြောင်း
ပြသသည့်အနေဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့က တရုတ်နိုင်ငံကို
အသိမပေးဘဲ ယင်းဇုန် အတွင်း၌ လေယာဉ်ပျံသန်းမှုများပြု လုပ်ခဲ့ကြသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က အမေရိကန်၏ ဘီ - ၅၂ ဗုံးကြဲလေယာဉ် နှစ်စင်းက တရုတ်နိုင်ငံကို
ကြိုတင်အသိမပေးဘဲ တရုတ် လေကြောင်း ကာကွယ်ရေးဇုန် အတွင်း ပျံသန်းခဲ့သော်လည်း
တရုတ်နိုင်ငံက မည်သည့် ရန်လို တုံ့ပြန်မှုမျိုးမှ မပြုလုပ်ခဲ့ကြောင်း ပင်တဂွန်ပြောရေး ဆိုခွင့်ရှိသူ
ဗိုလ်မှူးကြီး စတီဗင်ဝါရန်က သတင်းထောက်များကို ဒီဇင်ဘာလ ၂ ရက်နေ့က ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)