ဘန်ကောက် - အစိုးရကိုဆန့်ကျင် ဆန္ဒပြမှုများ ပေါ်ပေါက်နေသည့် ထိုင်း နိုင်ငံတွင် နိုင်ငံရေး
ပဋိပက္ခများကို အဆုံးသတ်နိုင်ရန်အတွက် ရွေးကောက် ပွဲတစ်ရပ် ကျင်းပပေးမည်ဟု ထိုင်း ၀န်
ကြီးချုပ် ယင်လတ်ရှင်နာဝပ်က ဒီဖင် ဘာလ ၉ ရက်နေ့က ပြောကြားခဲ့သော် လည်း ဆန့်ကျင်
ဆန္ဒပြသူ ၁၀၀,၀၀၀ ခန့်က ၀န်ကြီးချုပ်ယင်လတ် အစိုးရကို ဖြုတ်ချရန် ဘန်ကောက်မြို့တော်
အတွင်း ဆန့်ကျင် ကန့်ကွက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
ဆန့်ကျင်ဆန္ဒပြသူများက မြို့တော်အတွင်း လမ်းအချို့မှ ၎င်းတို့ အဓိက စုဝေးကြမည့် အစိုးရ
ဌာနချုပ်ဆီသို့ ချီတက်ဆန္ဒပြကြရာ အချို့သော နေရာများတွင် ယာဉ်အသွားအလာ ပိတ်ဆို့ မှု
များ ဖြစ်ပေါ်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု များ ပေါ်ပေါက်နေ
သည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဆန္ဒပြကန့်ကွက် မှုများ ဆက်လက် အရှိန်မြင့်
လာခဲ့ရာ ဒီဖင်ဘာလ ၈ ရက်နေ့တွင် အတိုက်အခံဥပဒေပြု လွှတ်တော်အမတ်များက ထိုင်းပါ
လီမန်မှ အလုံးအရင်းဖြင့် နုတ်ထွက်ခဲ့ကြသည်။
ပါလီမန်ကို ဖျက်သိမ်းပေးမည်ဖြစ် ကြောင်းနှင့် အထွေထွေရွေးကောက်ပွဲ တစ်ခုကို ဖြစ်နိုင်သမျှ
အမြန်ဆုံးကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် အဖြစ်မှ ဖြုတ်ချခံခဲ့ရသော သက်ဆင်
ရှင်နာဝပ်၏ ညီမဖြစ်သူ ယင်လတ် ရှင်နာဝပ်က ဒီဖင်ဘာလ ၉ ရက်နေ့က ရုပ်မြင်သံကြားမှတစ်
ဆင့် ထုတ်လွှင့်ခဲ့သည့် နိုင်ငံတော် မိန့်ခွန်းတစ်ရပ်တွင် ပြောကြားခဲ့သည်။
"အစိုးရက ပြည်သူတွေထိခိုက် သေ ဆုံးရတာမျိုးကို ဘယ်လိုမှ အဖြစ်မခံနိုင် ပါဘူး" ဟု ၎င်းက
ပြောကြားခဲ့သည်။ အဓိကရုဏ်းများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေသည့်
ကြားက ကန့်ကွက်ဆန္ဒပြသူများက ထိုင်း နိုင်ငံ၏မြိုကတော် ဘန်ကောက်၌ နောက်ထပ် လူထု
ဆန္ဒပြပွဲကြီးတစ်ခုကို စတင်လိုက်ချိန်တွင် ယင်လပ်က ထိုသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ထိုင်းနိုင်ငံကို သက်ဆင်၏ ဩဇာလွှမ်း မိုးမှုမှ ဖယ်ရှားပစ်လိုသည့် အစိုးရ ဆန့်
ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင် များက ရွေးကောက်ပွဲပြုလုပ်ပေးမည်ဆိုခြင်းကို ကျေနပ်ခြင်း
မရှိကြောင်း ပြောကြားခဲ့သည်။
ဩဇာတိက္ကမရှိသည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးအဖြစ် မှဝန်ကြီးချုပ်ဖြစ်လာသူ သက်ဆင်
ရှင် နာဝပ်သည် လွန်ခဲ့သည့်ခုနစ်နှစ်က ဖြစ်ပွားသော အာဏာသိမ်းမှု တစ်ခု တွင် ၀န်ကြီးချုပ်
ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး ယခုအခါ ပြည်ပ၌ တိမ်းရှောင်နေထိုင် လျက်ရှိသည်။
"အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကို ဆက်လုပ်သွားပြီး သက်ဆင်အစိုးရ ကို ထိုင်းနိုင်ငံက
အမြစ်ပြုတ်အောင် ဖယ်ရှားပစ်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်ဖြစ်ပါတယ်။ ပါလီမန်ကို
ဖျက်သိမ်း ပြီး ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုပေမယ့်လည်း သက်ဆင် ဩဇာလွှမ်းမိုးတဲ့
အစိုးရက ဆက်ပြီးကျန်နေဦးမှာ ဖြစ်ပါတယ်" ဟု အစိုးရ ဆန့်ကျင်ဆန္ဒပြ မှုများကိုဦးဆောင်ခဲ့သူ
ဒုတိယဝန်ကြီး ချုပ်ဟောင်း ဆူသက်သောင်ဆူဘန်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
"အတိုက်အခံဆန္ဒပြသူတွေက အစိုးရ ဖျက်သိမ်းတာလောက်နဲ့ မကျေနပ်နိုင် ပါဘူး။ သူတို့က
သူတို့ရဲ့ အချုပ်အခြာ အာဏာကို ပြန်ရဖို့ စိတ်ပိုင်းဖြတ်ထား ကြတာဖြစ်ပါတယ်" ဟု ၎င်းကပြော
ကြားခဲ့သည်။
သက်ဆင်က အာဏာရပါတီကို အုပ်ချုပ်နေသည်ဟု အများက သတ်မှတ် ထားကြသည်။ ဆယ်
စုနှစ်တစ်ခုကျော် အတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲတိုင်း၌ ကန့်ကွက်မှုများ ရှိသော်လည်း
သက်ဆင်လိုလားသော နိုင်ငံရေးပါတီများသာ အနိုင်ရခဲ့ကြပြီး ထပ်မံပြုလုပ်မည့် ရွေးကောက်ပွဲ၌
လည်း ယင်လပ်၏ပါတီက အနိုင်ရဖွယ်ရှိကြောင်း နိုင်ငံရေးကျွမ်းကျင်သူအများအပြားက ယူဆ
ထားကြသည်။
(အေအက်ဖ်ပီ)

















