ထိုင်းဝန်ကြီးချုပ်ယင်လတ်ရဲ့ အစိုးရဟာ သူ့ရဲ့အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့
လွှမ်းမိုးမှုကို လွန်လွန်ကဲကဲ ခံခဲ့ရတယ် မကြာသေးတဲ့ အချိန်ကာလအတွင်း က ဘန်ကောက်မြို့
မှာဖြစ်ခဲ့တဲ့ ဆန္ဒပြမှု တွေဟာ သမ္မာကျမ်းစာထဲက Barabbas ပုံပြင်ကို ရောင်ပြန်ဟပ်သလို
ရှိတယ်။
လူတစ်စုရဲ့စိတ်ခံစားမှု တုန်လှုပ်ချောက်ချားဖွယ် သရုပ်ပြမှုလေးခုစလုံးက ဖော်ပြခဲ့ကြတယ်။
အယူသန်သူတွေရဲ့ လှုံ့ဆော်မှုကြောင့် လူအုပ်စုတစ်စုဟာ Jesus ကို သေစေလိုကြတယ်။
ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး Pontius Pilate က Jesus ဟာ သူ့ရဲ့ဒေသနာကို ဟောပြတာ
ကလွဲရင် ဘာမှအန္တရာယ်မရှိဘူးဆိုတာကို သိတဲ့အတွက် ဘာမှမလုပ်ဘဲနေခဲ့တယ်။
Pilate က သုံးကြိမ်တိုင်တိုင် ကျေရာ ကျေကြောင်းလုပ်ဖို့နဲ့ ဆွေးနွေးဖို့ကြိုးစား ခဲ့ပေမယ့် နှိုးဆွ
လှုံ့ဆော်ခံထားရတဲ့ လူပြိန်း တစ်စုက အလျှော့လုံးဝမပေးခဲ့ပေ။ စိတ်အနှောင့်အယှက် ဖြစ်နေ
တဲ့ Pilate ဟာ နောက်နည်းတစ်ခုကိုသုံး ကာ အေးဆေးတည်ငြိမ်တဲ့ Jesus ကို လွှတ်ပေးရ
မလား၊ ဒါမှမဟုတ် ပုန်ကန် ထကြွမှုနဲ့ လူသတ်မှု ကျူးလွန်ခဲ့တဲ့ Barabbas ကို လွှတ်ပေးရ
မလားလို့ မေးတဲ့အခါမှာ Barabbas ကို လွှတ်ပေး ဖို့ ထိုလူအုပ်က တောင်းဆိုခဲ့တယ်။
စကားအဖြစ်ပြောရရင် ထိုက်ထိုက် တန်တန် ရွေးကောက် တင်မြှောက်ခြင်း ခံထားရတဲ့ ၀န်ကြီး
ချုပ် ယင်လတ်ရှင်နာ ၀ပ်ရဲ့ အစိုးရကို သူတို့ရဲ့ ခေါင်းဆောင် ဆူသက်သောင်ဆူဘန်အတွက်
ဖယ်ပေး ဖို့ ထိုအုပ်စုက တောင်းဆိုနေတယ်။ အရင်က ဆူသက်ရဲ့ မရှင်းမရှင်း ကိစ္စ တွေကြောင့်
အဲဒီအချိန်က ၀န်ကြီးချုပ် ချွမ်လိပိုင်ရဲ့ ဒီမိုကရက်ပါတီ ဦးဆောင် တဲ့ အစိုးရဟာ ၁၉၉၅ ခုနှစ်က
ပြုတ်ကျ ခဲ့ပြီးနောက်ပိုင်း ၂၀၀၉ ခုနှစ်မှာ ဥပဒေ ချိုးဖောက်မှု ကိစ္စတစ်ခုအတွက် ဆူသက် ဟာ
ပါလီမန်အမတ်အဖြစ်မှ ထုတ်ပယ် ခံခဲ့ရတယ်။
အဲဒီနောက်ပိုင်း မကြာခင်မှာပဲ အရင် ဒီမိုကရက်အစိုးရတုန်းက ဒုတိယဝန်ကြီး ချုပ်အနေနဲ့
ဘန်ကောက်မြို့လယ်မှာ ရှိတဲ့ ရှပ်နီဆန္ဒပြသူတွေကို စစ်တပ်က နှိမ်နင်းဖို့အမိန့်ကို လက်မှတ်
ရေးထိုး ခဲ့တယ်။
အဲဒီတုန်းက အရပ်သားအတော်များများ သေဆုံးခဲ့ကြတယ်။ မကြာသေးခင်ကလည်း ဆူသက်
ဟာ သူ့ရဲ့ နာဇီဆန်ဆန် အနက်ယူနီဖောင်း ကိုဝတ်ဆင်ကာ သူ့ရဲ့ နောက်လိုက်တွေ ကို မင်းမဲ့
စရိုက်ဆန်တဲ့ သွေးရူးသွေးတန်း အခြေအနေကို ရောက်အောင် တွန်းပို့ လျက်ရှိပြီး ပြည်သူပိုင်
အဆောက်အအုံ တွေကို သိမ်းပိုက်ဖို့ လှုံ့ဆော်လျက် ရှိတယ်။
အမှန်တကယ်တော့ သူ့ကိုြမေဘေ ဘေျ နဲ့ နှိုင်းယှဉ်တာကိုက Barabbas အပေါ် မတရားဘူးလို့
ထင်တယ်။ ဆူသက်ကို အကြိမ်ပေါင်းများစွာ တွေ့ဆုံ မေးမြန်းခဲ့ပြီး သူ့ရဲ့ လက်ထောက်ဟောင်း
ူငုငအ ံသညါူေိမေသာ နဲ့ နှစ်ပေါင်းများ စွာ နေ့လယ်စာအတူစားခဲ့လို့ ဒီလိုပြော နိုင်တာဖြစ်တယ်။
ဒါတွေပြောတာနဲ့ ယင်လတ်ရဲ့ အစိုးရဟာ ခြောက်ပြစ်ကင်းတယ်လို့ မဆိုလိုပါဘူး။ ယင်လတ်ရဲ့
အစိုးရဟာ သူ့ရဲ့အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ ၀ပ်ရဲ့ လွှမ်းမိုးမှုကို လွန်လွန်ကဲကဲ
ခံခဲ့ရ တယ်။
သက်ဆင်ဟာ ခြစားမှုအတွက် အကျဉ်းချခံရခြင်းမှ ရှောင်ရှားပြီး တခြား နိုင်ငံကို ထွက်ပြေးတိမ်း
ရှောင်နေသူ ဖြစ်တယ်။ သက်ဆင်ရဲ့ သိသာတဲ့ညွှန်ကြားမှုကြောင့် ကြီးမားတဲ့ နိုင်ငံရေးလုပ်ရပ်
အမှားတွေကို ကျူးလွန်ခဲ့တဲ့အထဲမှာ စပါးစိုက်တဲ့လယ်သမားတွေကို သူတို့ ရဲ့သီးနှံအတွက်
အာမခံထားတဲ့ဈေးနှုန်း ပေးမယ့် အစီအစဉ်ဟာ အမှားကြီးမှား ခဲ့တယ်။
သက်ဆင် ထိုင်းနိုင်ငံကို ပြန်လာစေ နိုင်မယ့် အားလုံးအကျုံးဝင်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်မူကြမ်း
တင်သွင်းရာမှာ လည်း မအောင်မြင်ခဲ့ပါဘူး။ အောင်မြင်ခဲ့ရင် ဆူသက်ရင်ဆိုင်နေရတဲ့ လူသတ်
မှုစွဲချက်တွေ ကင်းလွတ်သွားနိုင်တယ်။ ဒါပေမဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း မှာ လူအုပ်စုတွေ
ဟာ ဆူပူရမ်းကားခြင်း မလုပ်ဘူး။
နိုင်ငံရေးသမားတွေကို လည်း မူဝါဒတွေ လွဲချော်ခဲ့ရင် ကားစင် တင်ပြီး အဆုံးစီရင်တာတွေလည်း
မရှိ ဘူး။ ဒါပေမဲ့ အဲဒီ ပြစ်ဒဏ်တွေအစား သူ တို့တစ်တွေဟာ ပါတီတွင်း ခေါင်းဆောင် မှု စိန်ခေါ်
တာတွေ ရင်ဆိုင်ကြရတယ်၊ သို့မဟုတ် ပါလီမန်မှာ အယုံအကြည်မရှိအဆိုတွေ တင်သွင်းခံကြ
ရတယ်။ တကယ်ပြောရရင် ယင်လတ်ဟာ လွန်ခဲ့တဲ့လက အယုံအကြည်ရှိ မဲကိုအနိုင်ရခဲ့တယ်။
တကယ်လို့သာ အယုံ အကြည်မရှိ အဆိုမဲသာ အနိုင်ရသွား ခဲ့ရင် ယင်လတ်ဟာ ရွေးကောက်ပွဲ
ကျင်းပ ဖို့ခေါ်ရရန်ရှိပြီး သူ့ကံကြမ္မာကို ပြည်သူ တွေ ဆုံးဖြတ်ပေးဖို့သာ ရှိတော့တယ်။ ရုပ်သေး
အဘီဆစ် ဦးဆောင်တဲ့ ဆူသက်ရဲ့ ဒီမိုကရက်တစ်ပါတီဟာ လက်ရှိ မတည်ငြိမ်မှုအပေါ် ဒီလို
အဖြစ်မျိုးကို လက်ခံမှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုရင် အထွေထွေရွေးကောက်ပွဲကို အနိုင်ရ
လောက်အောင် ထောက်ခံမှု အပြည့်အဝမရှိဘူး။ အာဏာရရှိဖို့ တစ်ခုတည်းသောနည်းလမ်းဟာ
စစ်တပ်ဝင်လာအောင် လူ အုပ်စုအဖွဲ့တွေ ဆူပူဖို့လှုံ့ဆော်ပေးတာပဲဖြစ်တယ်။
၂၀၀၈ ခုနှစ်က ဒီမိုကရက်အစိုးရတက်လာတာမျိုးလို ဖြစ်လာဖို့ အတွက် မျှော်မှန်းနေကြတယ်။
ဒီလိုဖြစ်မလာခဲ့ရင် ၂၀၀၆ ခုနှစ်တုန်း ကလိုပဲ နောက်ရွေးကောက်ပွဲကို သပိတ် မှောက်ပြီး သူတို့
မပါ၀င်တဲ့အတွက် မဲ ရလဒ်ဟာ မမှန်ကန်ဘူးလို့ ဆင်ခြေ ပေးပြီး လူအုပ်စုနဲ့ ၀ရုန်းသုန်းကား
အခြေအနေကို ထပ်မံ ဖန်တီးဦးမှာဖြစ် တယ်။
အဆုံးမသတ်နိုင်တဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ စက်ဝန်းပဲဖြစ်တယ်။ ဖြစ်နိုင်တဲ့ တစ်ခုတည်းသော
ထွက် ပေါက်မှာ Pilate ကို အတုယူကာ ယင်လတ်နဲ့ ဆူသက် တစ်ယောက်ယောက် ကို ပြည်
သူတွေကိုသာ ရွေးချယ်ခွင့်ပေး လိုက်ဖို့ပဲရှိတယ်။ အမျိုးသမီးတွေနဲ့ ကျေးလက်ဒေသ တွေမှာ
ရှိကြတဲ့ ဆင်းရဲတဲ့ လူတွေက တော့ ယင်လတ်ကို ထောက်ခံကြဖို့ များတယ်။
ဒီလိုကိစ္စတွေကို အဆုံးအဖြတ်ပေး တဲ့ ဘန်ကောက်မြို့မှာရှိတဲ့ စားဖားကြီး တွေကတော့
'ဆူသက်ကို ငါတို့ကိုပေး' လို့ အော်ကြမှာဖြစ်တယ်။ သူတို့ကိုပဲ ဆူသက်ကို ပေးလိုက်ပါ။
အဲဒါမှ သူတို့အမှန်ကိုသိလိမ့်မယ်။ ဆူသက်ကို ဘယ်လောက်ထိ သည်းခံ နိုင်မလဲဆိုတာကို
စောင့်ကြည့်သေး တာပေါ့။ မကြာခင်မှာ မစ္စယင်လတ် ပြန်လာပါတော့ဆိုပြီး သူတို့တောင်းဆို
ကြမှာသေချာတယ်။
(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်)

















