မြောက်ကိုရီးယားခေါင်းဆောင်၏ ဦးလေး ရာထူးမှဖယ်ရှားခံရ

မြောက်ကိုရီးယားခေါင်းဆောင်၏ ဦးလေး ရာထူးမှဖယ်ရှားခံရ

ဆိုးလ် - မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံုအန်း၏ ဦးလေးတော်စပ်သူသည် ရာဇဝတ်မှုများ
ကျူးလွန်ပြီး တန်ပြန် တော်လှန်ရေးသမားများ အုပ်စု ကို ဦးဆောင်ခဲ့ခြင်းကြောင့် ရာထူးမှ ဖယ်
ရှားခံခဲ့ရသည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဒီဖင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာ
ခဲ့သည်။

ကင်ငယ်ရွယ်စဉ်က ရင်ခွင်ပိုက်အုပ် စိုးခဲ့သူ ချန်ဆောင်တက်သည် ကွန်မြူနစ် နိုင်ငံ၏ ခေါင်း
ဆောင်မှုအပိုင်းကို ယှသ်ပြိုင်ရန် အင်အားစုခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် ရရှိထားသည့်
ဘွဲ့နှင့်ရာထူးများအားလုံးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရ ပိုင်သတင်း
စာတွင် ဖော်ပြထားသည်။

ဖခင်ကွယ်လွန်ပြီးနောက် ၂၀၁၁ ခုနှစ်၊ ဒီဖင်ဘာတွင် ကင် အာဏာရလာချိန် တွင် အပေါင်းပါနှစ်
ဦးကို ကွပ်မျက် ခဲ့ရာ ချန်သည်လည်း ပါတီအတွင်းမှ သန့်စင်ခံရမည်မှာ သေချာနေသောကြောင့်
၎င်းအနေဖြင့် အကြီးအကျယ် တုန်လှုပ် ချောက်ချားသွားမည်ဟု တောင် ကိုရီးယား ထောက်
လှမ်းရေးဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပြောကြား ခဲ့သည်။

ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးနှင့် ပတ်သက်သော အစိုးရဌာနမှ ဒီဇင်ဘာ ၈ ရက်နေ့တွင်
ဆွေးနွေးပွဲ ပြုလုပ်ပြီး နောက် 'ချန်၏ လုပ်ဆောင်ချက်များကို ဆက်လက် မစောင့်ကြည့်နိုင်
တော့ သည့်အတွက် ချန်ကို ပါတီမှ ဖယ်ရှားပြီး ၎င်း၏ အုပ်စုကိုလည်း ဖျက်သိမ်းခဲ့ သည်'
ဟု အာဏာရ အလုပ်သမား များပါတီက အတည်ပြု ပြောကြားခဲ့ကြောင်း KCNA သတင်းတွင်
ဖော်ပြခဲ့ သည်။

ချန်ဆောင်တက် အုပ်စုသည် ပါတီစည်းလုံးမှုနှင့် စည်းလုံးညီညွတ် မှုကို ဖြည်းဖြည်းချင်း
ပျက်ပြားစေမည့် တန်ပြန်တော်လှန်ရေး အုပ်စုများဖွဲ့ကာ ပါတီဆန့်ကျင်ရေးလုပ်ငန်းများ ကျူး
လွန်ခဲ့သည်ဟု အလုပ်သမားများ ပါတီ ၏ ကြေညာချက်တွင် ရေးသားထား သည်ဟု KCNA
သတင်းတွင် ဖော်ပြ ထားသည်။

ကင်ဖခင် ကင်ဂျုံအီဘက်မှ အဒေါ် တော်စပ်သူနှင့် အိမ်ထောင်ကျခဲ့သော ချန်သည် အရင်းရှင်
တို့၏ နေထိုင်မှုစရိုက် များ ကူးစက်ခံရပြီးနောက် နိုင်ငံခြားရှိ ကာစီနို လောင်းကစားဝိုင်းများတွင်
ကျက်စားခဲ့သလို အမျိုးသမီးများနျင့် မသင့်လျော်သည့် ဆက်ဆံမှုများရှိခဲ့ကာ ဆေးစွဲပြီး အကျင့်
ပျက်ခြစားမှုများဖြင့်ရှုပ်ထွေးပွေလီလှသည့် အကျင့်စာရိတ္တ မကောင်းသူ ဖြစ်သောကြောင့် ၎င်း၏
အပြစ်များကို ဖုံးဖိရန်ကြိုးစားခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။

ချန်က ပါတီကို ထိန်းသိမ်းမည့်ဟန်ဆောင်ခဲ့ပြီး နောက်ကွယ်တွင် လိမ်လည် ပြီး အများနှင့်
မတူသည့် စိတ်ကူးများရှိခဲ့သောကြောင့် အုပ်စုဖွဲ့ လှုပ်ရှားမှုများ တွင် ခေါင်းဆောင်အဖြစ် စိတ်ပါ
၀င်စားစွာ ပါ၀င်ဆောင်ရွက်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ချန်သည် နိုင်ငံ၏ ငွေကြေးစီမံခန့်ခွဲမှုပုံစံအား ရှုပ်ထွေးစေပြီး နိုင်ငံ၏ သယံဇာတများကို လျှော့
ဈေးဖြင့် ရောင်းချပြီး မြောက်ကိုရီးယားအစိုးရပိုင် သံမဏိနှင့် ဓာတ်မြေဩဇာ လုပ်ငန်းများအား
နှောင့်ယှက်ခြင်းများ အပါအဝင် အခြား သော သေးသေးမွှားမွှား အပြစ်များကို ခုနစ်စဉ် အမျှင်
တန်း လုပ်ဆောင်ခဲ့သူဖြစ်သည်ဟု စွပ်စွဲထားသည်။

(အေအက်ဖ်ပီ)