အီမယ်လ်ဒါမားကို့စ်ပိုင် ရတနာပစ္စည်းများကို တရားရုံးကအစိုးရပိုင်အဖြစ် အမိန့်ချ

အီမယ်လ်ဒါမားကို့စ်ပိုင် ရတနာပစ္စည်းများကို တရားရုံးကအစိုးရပိုင်အဖြစ် အမိန့်ချ

 

မနီလာ - ယခင် သမ္မတကတော် အီမယ်လ်ဒါ မားကို့စ်ပိုင်ဆိုင်သည့်ရတနာပစ္စည်းများမှာ
မသမာသည့်နည်း ဖြင့် ရရှိထားသော ပစ္စည်းဖြစ်ကြောင်း ဖိလစ်ပိုင်တရားရုံးက အမိန့်ချမှတ်
လိုက်ရာ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသော သိမ်းဆည်းရမိသည့်အဆိုပါရတနာပစ္စည်း
များကို လေလံတင်ရောင်းချဖွယ်ရှိကြောင်း သိရသည်။

သိမ်းယူရရှိသော အီမယ်လ်ဒါမားကို့စ်ပိုင် ပစ္စည်းဥစ္စာသုံးမျိုးထဲမှ အသေးဆုံး ရတနာပစ္စည်းဖြစ်
သည့် အဆိုပါ မာလာကန် နန်းရတနာပစ္စည်း မှာ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ခန့်တန်ဖိုးရှိပြီး
အဂတိလိုက်စားမှုတိုက် ဖျက်ရေး တရားရုံးတစ်ရုံးဖြစ်သည့် ဆန်ဒီဂန်ဘယန် တရားရုံးက ဇန်နဝါရီ
လ ၁၃ ရက်နေ့တွင် ယင်းပစ္စည်းမှာ စင်စစ်အားဖြင့် အစိုးရက ပိုင်ဆိုင် ကြောင်း အမိန့်ချမှတ်ခဲ့သည်။

ယင်းမှာ သိမ်းယူရရှိခဲ့သော မားကို့စ်ပိုင်ရတနာပစ္စည်း သုံးမျိုးထဲမှ တစ်မျိုး ဖြစ်ပြီး ယင်းတွင် ၁၅၀
ကာရက်ရှိသော မြန်မာ့ပတ္တမြားတစ်လုံး အပါအဝင် ကျောက်မျက် ရတနာအမျိုးအစား ၆၀ ပါ၀င်
သည်။ အခြားရတနာပစ္စည်း အမျိုး အစားနှစ်ခုမှာ အစိုးရပိုင်အဖြစ်သို့ ပြောင်းလဲပြီးဖြစ်သည်။

ယခုစီရင်ချက် အရေးပါရခြင်းမှာ အဆိုပါ ပစ္စည်းအားလုံးကို လေလံတင် ရောင်းချရန် ယခင် ကြိုး
စားမှုများကြောင့်ဖြစ်ပြီး ထို ကြိုးစားမှုများမှာ မာလာကန်နန်းရတနာပစ္စည်းများနှင့် ဆက်စပ်သည့်
တရားရေးကိစ္စရပ်များကြောင့် ကြန့်ကြာ နှောင့်နှေးလျက်ရှိသည်။ အစိုးရပိုင်ဖြစ်ကြောင်း တရားရုံး
က ယခုတစ်ခေါက် ချမှတ်လိုက်သည့် အမိန့် ကြောင့် လေလံတင်ရောင်းချပွဲတစ်ပွဲ ကျင်းပရန်အစီ
အစဉ်ကို ဆက်လက် အကောင်အထည် ဖော်နိုင်ပြီဖြစ်ကြောင်း အရာရှိများကပြောကြားခဲ့သည်။

၁၉၉၁ ခုနှစ်၌ ခရစ္စတီးက အဆိုပါ ရတနာပစ္စည်းများကို တန်ဖိုးဖြတ်ခဲ့ရာ ရတနာပစ္စည်းသုံးမျိုးစလုံး
၏ တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်း အထိရှိပြီး ယခုအခါ ဆယ်စုနှစ်နှစ်ခု ကျော်
ကြာသွားပြီးနောက် ယင်းပစ္စည်း များ၏ တန်ဖိုးမှာ ပို၍များလာနိုင်သည်။

အာဏာရှင် ဖာဒီနန်မားကို့စ်၏ ဆယ်စု နှစ်နှစ်ခုကြာ အုပ်ချုပ်ခဲ့သည့်အစိုးရကို ပြည်သူလူထုတစ်
ရပ်လုံး တော်လှန် ဖြုတ်ချခဲ့သည့် ၁၉၈၆ ခုနှစ်နောက်ပိုင်း က အဆိုပါပစ္စည်းများကို သိမ်းဆည်းရ
မိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဖာဒီနန် က ၎င်းမိသားစုနှင့်အတူ ဟာဝိုင်ရီသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ရင်း ထို
ဒေသ၌ပင် ကွယ်လွန်ခဲ့သည်။ အီမယ်လ်ဒါက ၎င်း၏ အသုံးအဖြုန်းကြီးမှုနျင့် ရတနာပစ္စည်းများ၊
အနုပညာ နျင့် ဖိနပ်တို့ကို စွဲလမ်းနှစ်ခြိုက်မှုတို့ဖြင့် နာမည်ကြီးသူဖြစ်သည်။

ထို့ပြင် မားကို့စ် မိသားစုမှာ နိုင်ငံ့ ဘဏ္ဍာငွေမှဘီလျံ များစွာ ခိုးယူအလွဲသုံးစားလုပ်သည့် စွဲချက်
နှင့်လည်း ရင်ဆိုင်နေရသည်။ ခိုးယူခံထားရသည့် ငွေကြေး ၁၀ ဘီလျံခန့်အနက် လေးဘီလျံခန့်
ကို ပြန်လည်ရရှိထားသော်လည်း ယခု အချိန်အထိ မားကို့စ်မိသားစုဝင် တစ်ဦး တစ်လေမျှ ပြစ်
ဒဏ် ထင်ရှားစီရင်ခြင်း မခံရသေးကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အစိုးရ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်များအတွက် ငွေကြေးထောက်ပံ့ပေးနိုင်
ရန် အဆိုပါ ပစ္စည်းများကို အများပြည်သူသို့ ပြသခြင်း၊ သို့မဟုတ် လေလံတင်ရောင်းချခြင်းပြုလုပ်
လိုကြောင်း အစောပိုင်းကတည်းက အစိုးရကပြောကြားထားသည်။

(အေအက်ဖ်ပီ)