မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်သူကို ထောင်ဒဏ်ချမှတ်

မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်သူကို ထောင်ဒဏ်ချမှတ်

ဂျကာတာ - အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗု့းဖောက်ခွဲရန်ကြံစည်မှုတွင်
ပါ၀င်ခဲ့သူတစ်ဦး အား အင်ဒိုနီးရှား တရားရုံးတစ်ရုံးက ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့သည်။

ရိုခါဒီခေါ် ရှီယိုကို သံရုံးအရှေကဘက်၌ ဗု့းဖောက်ခွဲရန် အသုံးပြုမည့် ဖောက်ခွဲ ရေးပစ္စည်းများကို
လက်ဝယ်တွေ့ရှိမှု၊ ဗဖာက်ခွဲရန်ကြံစည်မှုတွင် ပါ၀င်မှုတို့ ဖြင့် ပြစ်မှု ထင်ရှားသဖြင့် ဇန်နဝါရီလ ၁၃
ရက်နေ့က ဂျကာတာမြိုကတောင်ပိုင်း ရှိ ခရိုင်တရားရုံးက ထောင်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း
၎င်းကို ရုံးတင် စစ်ဆေးရာ၌ရှိနေခဲ့သည့် အစိုးရ ရှေ့နေ တစ်ဦးဖြစ်သူ အော့က်တိုရီကာဒိုက
အေအက်ဖ်ပီသတင်းဌာနသို့ ဇန်နဝါရီ လ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။

ရိုခါဒီက ဖောက်ခွဲရေးပစ္စည်းများကို ၎င်းတို့အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အက္ကမက်သောင်ဖစ်ထံသို
့ လွှဲပြောင်းမပေးမီ ၎င်း၏နေအိမ်တွင် သုံးရက်ကြာ ထားရှိခဲ့ကြောင်း တရားရုံးကပြောကြားခဲ့သည်။

အက္ကမက်သောင်ဖစ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က အဆိုပါတရားရုံးက ထောင်ဒဏ် ခုနစ်နှစ်ခွဲ
ချမှတ်ခဲ့ပြီးဖြစ်သည်။ တိုက်ခိုက်မှု မလုပ်ဆောင်မီညက မော်တော်ဆိုင်ကယ်စီးလာသော အကြမ်း
ဖက်သမားနှစ်ဦးကို ဂျကာတာ မြိုကတောင်ပိုင်း၌ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ က ဖမ်းမိခဲ့ပြီး ဗု့းဖောက်ခွဲ
မည့်အစီအစဉ်ကို ပျက်ပြားသွားအောင်လုပ်ဆောင်နိုင်ခဲ့သည်။

ရိုခါဒီက ၎င်းတို့အဖွဲ့မှ အခြားအဖွဲ့ ၀င်များနျင့် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ခြင်းဆိုင်ရာ
သင်တန်းတစ်ခု သို့တက်ရောက်ခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့သည်။ တရားခံ၏လုပ်ရပ်က
အင်ဒိုနီးရှား နိုင်ငံ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် အကြမ်းဖက်မှုကို တိုက်ဖျက်ချေမှုန်းနေ
သော အစိုးရကြိုးပမ်းမှုများနှင့်လည်းဆန့်ကျင်နေကြောင်း တရား သူကြီးများက ပြောကြားခဲ့သည်။

အစိုးရရှေကနေများက ရိုခါဒီကို ထောင်ဒဏ်ရှစ်နှစ်ချမှတ်ရန် အကြံပြုခဲ့ ကြသည်။ အသက် ၂၃
နှစ်အရွယ်ရှိ စီဂျစ်အင် ဒရာဂျစ်က မြန်မာသံရုံးဗု့းခွဲရန် ကြံစည် မှုတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း
ပြီးခဲ့ သည့်လ ရုံးတင်စစ်ဆေးမှုအတွင်း ၀န်ခံပြောကြားခဲ့ပြီး ၎င်းကို ယခုလ နှောင်းပိုင်းတွင် ပြစ်
ဒဏ်ချမှတ်မည် ဖြစ်သည်။

(အေအက်ဖ်ပီ)