ဟောင်ကောင် - အင်ဒိုနီးရှား အိမ်ဖော် တစ်ဦးသည် ဟောင်ကောင်အလုပ်ရှင်၏
နှိပ်စက်မှုကိုခံခဲ့ရပြီးနောက် နေရပ်နိုင်ငံတွင် ဆေးရုံတင်ထားရကြောင်း ဇန်နဝါရီ ၁၃ ရက်နေ့နှောင်း
ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် သတင်းတွင် ဖော်ပြခဲ့သည်။
"ဇန်နဝါရီ ၁၂ ရက်နေ့ နေ့ခင်းပိုင်း နိုင်ငံခြား အိမ်အကူ စုဆောင်ရေး ကုမ္ပဏိကနေရရှိခဲ့တဲ့
အကြောင်းကြား စာမှာ နိုင်ငံခြားသား အိမ်ဖော်ဟာ အိမ်ရှင်ရဲ့ နျိပ်စက်ခြင်းခံခဲ့ရကြောင်း
ယူဆရတယ်လို့ပါရှိပါတယ်" ဟု ရေးသား ထားသော ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်ကို
ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ပိုင်းတွင် အေအက်ဖ်ပီသို့ ပေးပို့ခဲ့သည်။ ဆေးရုံပေါ်၌ စိုးရိမ်ရ
သည့် အခြေ အနေနှင့် ရင်ဆိုင်နေရသော အဆိုပါ အိမ်အကူသည် နေရပ် အင်ဒိုနီးရှားနိုင်ငံ
သို့ ဇန်နဝါရီ ၁၀ ရက်နေ့တွင်ပြန်သွား ခဲ့သည်ဟု ဟောင်ကောင်အခြေစိုက် South China
Morning Post တွင် ဖော်ပြထားသည်။
ယင်းအမျိုးသမီးသည် ပြီးခဲ့သည့်နျစ် မေလတွင် ဟောင်ကောင်သို့ ရောက်ရှိပြီး ရှစ်လကြာ
နှိပ်စက်ခြင်းခံခဲ့ရသည်ဟု ဒေသတွင်း ရွှေကပြောင်း အလုပ်သမားများ အဖွဲ့က ပြောကြားခဲ့
ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။
Erwiana Sulistyaningsih ဆိုသော ၎င်းအိမ်ဖော်သည် ခန္ဓာကိုယ်၊ ခြေထောက်နှင့် ခြေချောင်း
တို့တွင် ပြတ်ရှ ဒဏ်ရာများနျင့် မီးလောင်ဒဏ်ရာများ ရရှိထားသောကြောင့် လေဆိပ်တွင်
တစ်ယောက်က တွဲပြီး လျှောက်ခဲ့ရသည် ဟုဆိုသည်။
အသက် ၂၃ နှစ်ရှိ အဆိုပါ အမျိုးသမီးကို အိမ်ရှင်က တီရှပ် တစ်ထည်နျင့် ဟောင်ကောင်ဒေါ်လာ
၁၀၀ (အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၉၀) သာပေး၍ လွှတ်လိုက်ပြီး လေယာဉ် ပျံပေါ်မတက်မီ
အခြား အင်ဒိုနီးရှား လူမျိုးများကို မပြောပြရန် ပြောဆိုလိုက် ကြောင်းကိုလည်း SCMP သတင်းစာ
က ရေးသားထားသည်။
ဟောင်ကောင်သည် အရှေကတောင်အာရှနိုင်ငံများမှ အဓိကအားဖြင့် အင်ဒိုနီးရှားနျင့် ဖိလစ်ပိုင်နိုင်
ငံများထဲမှ အိမ်အကူ သုံးသိန်းနီးပါး လာရောက် လုပ်ကိုင်ကြသည့် နေရာဖြစ်ပြီး ၎င်းတို့ ၏ဆက်
ဆံမှုများကို စိုးရိမ်ပူပန်ကြသည့် အဖွဲ့များက ဝေဖန် အကဲခတ်မှုများ တိုးနေသည့် နေရာလည်း
ဖြစ်သည်။
ဟောင်ကောင်မှ ဇနီးမောင်နှံသည် အင်ဒိုနီးရှား အိမ်အကူအား မီးပူဖြင့် ကပ်ခြင်း စက်ဘီးချိန်းကြိုး
ဖြင့် ရိုက်နှက် ခြင်းတို့ ပြုလုပ်ခဲ့မှုဖြင့် စက်တင်ဘာလ က ထောင်ကျခံခဲ့ရသည်။
ဟောင်ကောင်ရှိ ပြည်ပမှဝင်ရောက် လာသည့် အလုပ်သမားများမဟာမိတ် အဖွဲ့မှ ဥက္ကဋ္ဌက
အင်ဒိုနီးရှားအိမ်ဖော် အား ညှဉ်းပန်းနှိပ်စက်မှုကို ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မစုံစမ်းသဖြင့်
၎င်းတို့ကဒေါသထွက်မိကြောင်း ဖော်ပြ သည့်ကြေညာချက်ကို အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။
(အေအက်ဖ်ပီ)
















