ဖိလစ်ပိုင် ရေကြီးမြေပြိုမှု သေဆုံးသူ ၂၂ ဦး ရှိပြီဖြစ်

ဖိလစ်ပိုင် ရေကြီးမြေပြိုမှု သေဆုံးသူ ၂၂ ဦး ရှိပြီဖြစ်

မနီလာ - ၂၀၁၂ ခုနှစ်တွင် ၀င်ရောက်ခဲ့သော အသေအပျောက်များခဲ့သည့်တိုင်ဖွန်းမုန်တိုင်း၏
ဒဏ်မှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင် နေဆဲဖြစ်သော ဖိလစ်ပိုင်နိုင်ငံတောင်
ပိုင်းဒေသတွင် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၂ ဦး သေဆုံးပြီး လူနှစ်သိန်းနီးပါး ဘေးလွတ်
ရာသို့ ပြောင်းရွှေကပေးနိုင်ခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားလိုက်
သည်။

ဘိုဖာတိုင်ဖွန်းမှ အသက်ရှင်ကျန်ရစ်ခဲ့သူများအတွက် စိတ်ဒုက္ခအသစ်များ ထပ်မံခံစားရစေခဲ့သော
မိုးသည် ပြီးခဲ့သည့်ပိတ်ရက်က မင်ဒါနာအိုကျွန်းအရှေကပိုင်းတွင် အရှိန်ကောင်းကောင်း ဖြင့် ရွာ
သွန်းခဲ့သည်ဟု ဒေသတွင်း လေကြောင်းကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

"အဓိက မြစ်ကြီးတွေဆီကနေ ရေတွေ လျှံကျလာတာကြောင့် ပါဘလို တိုင်ဖွန်း မုန်တိုင်းက ပြန်
လည်နာလန်ထူခါစ ဒေသတွေ ဒုက္ခရောက်ကြတာပေါ့ဗျာ" ဟု ၂၀၁၂ ခုနှစ်၊ ဒီဖင်ဘာတွင် ဒေသ
တွင်းတိုက်ခတ်ခဲ့သော ဘိုဖာတိုင်ဖွန်း မုန်တိုင်းတွင် ဒေသတွင်း လေကြောင်း ကာကွယ်ရေးအဖွဲ့မှ
အရာရှိကဆိုသည်။

"ရေလွှမ်းမိုးခံခဲ့ရတဲ့ အချိန်မှာ ဒုက္ခ သည်တွေ အများကြီးကို ပြန်လည် တည်ဆောက်ရေးတွေ
လုပ်မပေးနိုင် သေးဘဲ ယာယီတဲတွေမှာပဲ နေကြရပါ တယ်" ဟု အီရက်က ပြောကြားပြီး ယင်းသို့
ရေကြီးပြီး မြေပြိုမှုများကြောင့် Davao Oriental ပြည်နယ်မှ ရှစ်ဦး နှင့် Compostela Valley မှ
ငါးဦးသေ ဆုံးခဲ့သည်ဟု ဆိုသည်။ နိုင်ငံတောင်ပိုင်းမှ ကျွန်းငယ်တစ်ခု ဖြစ်သော ီငညေါအေ တွင်
မြေပြိုမှုကြောင့် လူခြောက်ဦး မြေအောက်ရောက်သွား ပြီး ယင်းဒေသအနီးနားတွင် လူသုံးဦးရေနစ်
သွားခဲ့သည်ဟု ဒေသတွင်း လေကြောင်းကာကွယ်ရေးအရာရှိ ဂျွန် လန်းဝေယန်က ပြောကြားခဲ့
သည်။

ဆိုးရွားလှသည့် ရာသီဥတုကြောင့် လူပေါင်း ၁၉၄ယဝဝ၀ကျော် အိုးအိမ်များပစ်ပြီးထွက်ပြေးခဲ့ရ
ကြောင်း အီရက်နျင့် လန်းဝေယံတို့က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင်တိုက်ခတ်
ခဲ့သော စူပါဟိုင်ယန်တိုင်ဖွန်း မုန်တိုင်းကြောင့်ပျက်စီးခဲ့သော ဒေသ များအတွက် နိုင်ငံတကာက
ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကြားမှ မင်ဒါနာအိုကျွန်းတွင် ရေ
ကြီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဟိုင်ယန်မုန်တိုင်းကြောင့် ဖိလစ်ပိုင် နိုင်ငံ၏ အချက်အချာ နေရာများတစ် လျှောက် သေဆုံး
ပျောက်ဆုံးသူပေါင်း ရယ၉၈၆ ဦးထက်မနည်းရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည့် စာရင်းများ
အရသိရသည်။

ယခုအချိန်ထိ အပျက် အစီးများအောက်မှ အလောင်းများကို ဆယ်ယူနေရဆဲ ဖြစ်သည်။ ဖိလစ်ပိုင်
နိုင်ငံတွင် နှစ်စဉ်လိုလို ပျမ်းမျှအားဖြင့် တိုင်ဖွန်းမုန်တိုင်းနှင့် မုန်တိုင်းှုယ် အကြိမ် ၂၀ ခန့် တိုက်ခတ်
လေ့ရှိပြီး လူပေါင်းရာနှင့်ချီ သေဆုံး လေ့ရှိသည်။

သို့သော် ခြွင်းချက်အနေဖြင့် လွန်ခဲ့သည့် သုံးနှစ်အတွင်း ယခု ကဲ့သို့ သဘာဝ ဘေးအန္တရာယ်များ
မညှာမတာ ကျရောက်တတ်သည်။ ၂၀၁၂ ခုနှစ်၊ ဒီဖင်ဘာတွင် ၀င်ရောက် ခဲ့သော ဘိုဖာမုန်တိုင်း
ကြောင့် သေဆုံး ပျောက်ဆုံးသူပေါင်း ၁,၉၀၀ ရှိခဲ့သည် ဟု အစိုးရကထုတ်ပြန်ခဲ့သည်။

(အေအက်ဖ်ပီ)