နယူးဒေလီ - ယခုလအတွင်း အိန္ဒိယ နိုင်ငံ တောင်ပိုင်းတွင် တောတွင်းမှထွက်၍လာသော
တောရိုင်းကျားတစ်ကောင်က လူသုံးဦးကို ကိုက်သတ်ခဲ့ပြီးနောက် အဆိုပါနယ်မြေ၌ ဒါဇင်နှင့်
ချီသော ကျောင်းများနျင့် ကမ္ဘာလှည့် ခရီးသည် အပန်းဖြေစခန်းတစ်ခုကိုပါ ပိတ်ထားလိုက်ရ
ကြောင်း အရာရှိတစ်ဦး က ဇန်နဝါရီ ၁၄ ရက်က ပြောခဲ့သည်။
ဇန်နဝါရီလ ပထမပတ်အတွင်းက အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်အတွင်းရှိ လက်
ဖက်ခြံ တစ်ခြံ ၌ အလုပ်လုပ်ကိုင်နေသော တောင်သူ အမျိုးသမီးတစ်ဦး ကျားကိုက်ခံခဲ့ရ သည်။
ထိုအမျိုးသမီးမှာ ဇန်နဝါရီ ၄ ရက်နောက်ပိုင်း တတိယမြောက် ကျား ကိုက်ခံရသူဖြစ်ကြောင်း ခရိုင်
သစ်တော အရာရှိ သီဂူဆူဂျီသာရာ့ဂျ် ကိုလီပီလေး က ပြောကြားခဲ့သည်။ ယခုလစောစော ပိုင်းက
လူလေးဦးကို ကိုက်သတ်ခဲ့သော အခြားကျားတစ်ကောင်ကို နိုင်ငံ၏ အခြားတစ်နေရာတွင် ရှာဖွေ
နေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခု နောက်ဆုံးဖြစ်ပွားသည့် ကျား ၀င်ဆွဲမှုဖြစ်ပွားပြီးနောက်တွင် နီးလ်ဂရစ် ခရိုင်ရှိ ကျောင်းပေါင်း
၄၅ ကျောင်းနျင့် အားလပ်ရက်အပန်းဖြေသူများ ကြိုက် နှစ်သက်ပြီး အသွားအလာများသည့် နေ
ရာတစ်နေရာဖြစ်သော ဒိုဒါဘက်တာ တောင်ပေါ်ရှိ အပန်းဖြေစခန်း တစ်ခု တို့ကို တမီးလ်နာဒူး
အစိုးရက ပိတ်ပစ် လိုက်သည်။ ဆင်များနျင့် အနံ့ခံခွေးများ၏ အထောက်အကူဖြင့် သစ်တော
အရာရှိ နျင့် ရဲအရာရှိ ၁၅၀ တို့သည် သတ္တဝါ လှုပ်ရှားမှု စောင့်ကြည့်ရေး ကင်မရာများ၊ အသားများ
ထည့်ထားသည့် လှောင်အိမ် များနှင့် ထောင်ချောက်များကို ဆင်ထား ကာ ကျားသောင်းကျန်းကို
ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
"ကျားက အဲဒီလက်ဖက်ခြံ တစ်ဝိုက် မှာ အင်မတန်ကို လုံလုံခြံုခြံုနဲ့ အစာကို လှည့်ချောင်းနေတာ
မို့ သူ့ကိုတွေ့ဖို့ခက် တယ်။ ဒါပေမဲ့ ဒီနေ့၊ ဒါမှမဟုတ် မနက် ဖြန်ဆိုရင် ကျွန်တော်တို့ သူ့ကိုဖမ်းမိနိုင်
ပါလိမ့်မယ်"ဟု ပီလေးက ဆိုသည်။
တောရိုင်းသတ္တဝါ ထိန်းသိမ်းရေး သမားများကမူ ကျားများနေထိုင်ရာ သဘာဝတောရိုင်းဒေသများ
သို့ မြို့ရွာ များ တဖြည်းဖြည်း တိုးချဲ့လာခြင်းကို ပြစ်တင်ခဲ့ကြသည်။ ယခုလအတွင်း နိုင်ငံမြောက်
ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်တွင် ရွာသားလေးဦးကို ကျားတစ်ကောင်က ကိုက် သတ်ခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ ပေါ်တွင် လျင်လျင်မြန်မြန် မျိုးသုဉ်းလျက် ရှိသော တောရိုင်းကျား၏
တစ်ဝက်ခန့် ဖြစ်သည့် ကျားကောင်ရေ ၁,၇၀၀ ရှိ သည့်နိုင်ငံဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရချိန်က ရှိခဲ့ သည့် ခန့်မှန်းကျားကောင်ရေ ၄၀,၀၀၀
မှ လျင်မြန်စွာကျဆင်းလျက်ရှိကြောင်း သိရသည်။
(အေအက်ဖ်ပီ)

















