
ဖနွမ်းပင် - ကမ္ဘောဒီးယားနိုင်ငံ မြိုကတော် ဖနွမ်းပင်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ဆံပင်ညှပ်
ချိန်၌ စကားစမြည်ပြောရန် အခွင့်အရေးမရနိုင်ပေ။ အကြောင်းမှာ ဆံပင်ညှပ်သူများသည်
ဆွံ့အနားမကြား သူများဖြစ်နေသောကြောင့် ဖြစ်သည်။ ၎င်းတို့မှာကမ္ဘောဒီးယားမှ အရွယ်
ရောက် ဆွံ့အနားမကြားသူများအတွက် သာ ရေးဆွဲထားသည့် သင်တန်းကျောင်း မှဘွဲ့ရခဲ့
သူများ ဖြစ်သည်။
ကမ္ဘောဒီး ယားနိုင်ငံသည် လက်သင်္ကေတ ဘာသာ စကားသင်ကြားခွင့်မရခဲ့ကြသည့် အကြား
အာရုံပြဿနာ ရှိသူများ အများဆုံး နေထိုင်သည့်နေရာဖြစ်သည်။
"မိသားစုကလွဲပြီး တခြားသူတွေနဲ့ဆက်သွယ်ပြောဆိုခွင့်မရခဲ့ပါဘူး။ အဲဒီလိုနေခဲ့ရတာက အကျဉ်း
ကျခံရသလိုပါပဲ။ အိမ်မှာပဲ အမြဲနေရတယ်။ ဘာမှလည်းလုပ်ကိုင်ခွင့်မရဘူး။ ပိုက်ဆံဆိုတာလည်း
သုံးခွင့်မရခဲ့ဘူး။ ကျောင်းလည်း မနေခဲ့ရဘူး" ဟု ဆံပင်ညှပ် သင်တန်းပေးသူအသက် ၂၇ နှစ်ရှိ
Oeun Darong ဆိုသူက ကမ္ဘောဒီးယား လူမျိုး တို့နှင့် လက်သင်္ကေတ ဘာသာစကား အကြောင်း
ပြောပြခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းထိ ကိုယ်ပိုင် လက်သင်္ကေတ ဘာသာ
စကားမရှိဘဲ နေထိုင်ခဲ့သည့် နိုင်ငံအနည်းစုထဲမှ တစ်နိုင်ငံဖြစ်သည်။ သို့သော် အမေရိကန် ဘုန်း
တော်ကြီး တစ်ပါးဖြစ်သည့် ချာလီဒစ်မီရာ၏ ကျေးဇူးကြောင့် တစ်မျိုးတစ်ဖုံပြောင်း လဲသွားခဲ့သည်။
ယင်း ဘုန်းတော်ကြီး သည် လွန်ခဲ့သည့် ၁၃ နျစ်ကျော်က အရှေ့ တောင်အာရှနိုင်ငံများတွင် တာ
၀န်ထမ်း ဆောင်ရန် တာဝန်ချခံခဲ့ရပြီးနောက် နိုင်ငံခြားမှ သုတေသနပညာရှင်များ နှင့် ဘာသာဗေဒ
ပညာရှင်များ၏ အကူ အညီဖြင့် ဘုရင်စနစ်ဖြင့် အုပ်ချုပ်သည့်နိုင်ငံ၏ နေထိုင်မှုပုံစံတို့ကို တိုးတက်
ရန် စတင်လုပ်ဆောင်ခဲ့သူဖြစ်သည်။
"ကျွန်တော်တို့ဆီကို ရောက်လာတဲ့သူတွေက အသက် ၂၅၊ ၃၀၊ ၃၅ နှစ်အရွယ်တွေများတယ်။
သူတို့ဘဝမှာ ကျောင်းကို တစ်ရက်လေး ရောက်ဖူးတဲ့ သူတောင်မရှိဘူး။ စကားလည်း မပြော
တတ်ဘူး" ဟု ဒစ်မီရာက ပြောသည်။ ဒစ်မီရာထူထောင်ထားသည့် ဆွံ့အနားမကြားသူများ
ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (DDP) သည် ကမ္ဘောဒီးယား တွင် နားမကြားသူများအတွက်
ကျောင်း များ ဖွင့်လှစ်ထားသည့် အဖွဲ့နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။ အခြားတစ်ဖွဲ့မှာ ကလေးများ
အတွက် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
လက်ရှိတွင် ဖနွမ်းပင်ရှိ DDP စင်တာ၌ နျစ်နှစ်သင်တန်း တက်ရောက် နေသည့် အသက် ၁၆ နှစ်
နှင့်အထက် ဆွံ့အနားမကြား ကျောင်းသား ၃၀ ခန့် ရှိပြီး ရိုးရှင်းသည့် လက်သင်္ကေတဘာသာ
စကား၊ ဏာရေးစာဖတ်ခြင်းနှင့် အသက် မွေးဝမ်းကျောင်းအတွက် လိုအပ်သည့် အခြားသော
ဘာသာရပ်များကို သင်ကြား နေကြသည်ဟု ဒစ်မီရာကဆိုသည်။
တတိယနှစ်သည် ကျောင်းသားများ ပညာရရှိနိုင်သည့် ဆံပင်ညှပ်ဆိုင်ကဲ့သို့ နေရာများတွင်
လက်သင်္ကေတ ဘာသာ စကားဖြင့် အလုပ်နျင့် ပတ်သက်သည့် သင်တန်းများ သင်ယူရသည်။
"ဆန်းသစ်တဲ့ တွေးခေါ်ယူဆပုံတွေ သူတို့တွေကို ပေးနိုင်ဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားနေ
တာကြောင့် သူတို့ရဲ့ လက်သင်္ကေတ လှုပ်ရှားမှုတွေ တိုးတက်လာတယ်။ ကျွန်တော်တို့ဘက်
ကလည်း ပုံဆွဲသင့်တာဆွဲ၊ မိတ္တူကူး သင့်တာ ကူးထားတယ်။ မှတ်စုစာအုပ် နဲ့ အဘိဓာန်တွေ
ထဲမှာလည်း ထည့်ရေး ပါတယ်" ဟု ဒစ်မီရာကဆိုသည်။
"အကြောင်းအရာ အသစ်တွေကိုပြောချင်တယ်လို့ စပြောလာတဲ့အချိန် မှာ သင်္ကေတအသစ်တွေ
ကို သူတို့ပြုလုပ် လာမှာပါ။ ဒီလိုသင်္ကေတတွေက အကြား အာရုံရှိတဲ့ သူတွေဆီက လာမှာမဟုတ်
ပါဘူး။ အကြားအာရုံမရှိတဲ့ သူတွေဆီ ကပဲလာမှာပါ။ ဒီလိုနဲ့ သူတို့ရဲ့လှုပ်ရှားမှု ပုံစံတွေ၊ ဘာသာ
စကားတွေနဲ့ သူတို့နေထိုင်တဲ့ လောကကြီးလည်း ကျယ်ပြန့်လာမှာပဲ" ဟု ၎င်းက ဆိုသည်။
"ကျွန်တော့်ကို ထပ်ပြီး လျစ်လျူရှု မထားပါနဲ့" ဟု ပြောကြားပြီး ခန့်မှန်းခြေ အားဖြင့် ကမ္ဘောဒီး
ယား တစ်နိုင်ငံလုံး တွင်ဆွံ့အ နားမကြားသူ ငါးသောင်း ကျော်ရှိပြီး လက်သင်္ကေတဘာသာ
စကားသင်ယူသူဦးရေ အနည်းှုယ်သာ ရှိသည်ဟုဆိုသည်။
"လက်သင်္ကေတ ဘာသာစကားသင် တဲ့သူတွေအတွက်ကတော့ ဘဝအလှည့် အပြောင်းနဲ့ကြံု
ရမှာပါ။ ကျွန်တော်ဆို ခု လူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ပြီ" ဟု အသက် ၂၃ နှစ်အရွယ်
Kheng Nat ဆိုသူ ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။
" ဒီမှာ လူတွေက ကျွန်တော့် ကို နျိမ်တာ၊ လျစ်လျူရှုတာတွေ မလုပ် ကြဘူး။ ဒီမှာက ရွာထဲမှာလို
အိမ်မှာလို မဟုတ်ဘူး" ဟုလည်း ၎င်းကဆိုသည်။ ဆွံ့အနားမကြားများအတွက် အစိုးရ က
ထောက်ပံ့ထားသည့် ပညာရေးအစီအစဉ်များမရှိသော ကမ္ဘောဒီးယား၏အခြေအနေသည်
ယင်းနိုင်ငံတစ်နိုင်ငံတည်းဖြစ်နေခြင်းမျိုးတော့ မဟုတ်ပေ။
"ကမ္ဘာနဲ့အဝန်းမှာလည်း လက် သင်္ကေတ ဘာသာစကား အပါအဝင် ပညာရေးကို လက်မခံတဲ့
ဆွံ့အနား မကြား ကလေးတွေနဲ့ လူှုယ်တွေရှိနေပါသေးတယ်" ဟု နယူးယော့ခ်အခြေစိုက်
လူ့အခွင့်အရေးစောင့်ကြည့်သည့် အဖွဲ့မှ မသန်စွမ်းများ အခွင့်အရေး ဒါရိုက်တာ ရှန်သာရူး
ဘာရီဂါ ဆိုသူ အမျိုးသမီးက ပြောသည်။
"လက်သင်္ကေတနဲ့ ပြောတဲ့ ဘာသာ စကားက ဆွံ့အနားမကြားသူတွေအတွက် အများနဲ့ဆက်
သွယ်ရာမှာ၊ DDP တို့ အချင်းချင်း ပြောဆိုရာမှာ၊ ပြီးတော့ လေ့လာသင်ယူရာမှာ အသုံးပြုနိုင်
တာကြောင့် အလွန်အရေးပါတဲ့အရာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။ လက်သင်္ကေတ
ဘာသာစကားသင်ကြားပေးသည့် ဆရာများထွက်ပေါ်လာ အောင် လေ့ကျင့်သင်ကြားပေးခြင်း
မရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အများ ဆုံး နေထိုင်ကြသည့် ကမ္ဘာတစ်ဝန်းက ဆွံ့အ နားမကြား
သန်း ရ၀ ၏ ပညာရေးပိုမိုကောင်းမွန်ရန်အတွက် ကမ္ဘာ့ဆွံ့အ နားမကြားများအဖွဲ့ (WFD) က
စည်းရုံး လှု့့့ဆော်မှုများ ပြုလုပ်နေကြသည်။
ဖနွမ်းပင်ရှိ ဆွံ့အနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးကျောင်းသို့ ကျောင်းသားများ ၀င်ရောက်ချိန်
တွင် ကျောင်းသားများ ပထမဆုံး လုပ်ဆောင်ရမည့်အချက်မှာ အထီးကျန်ဖြစ်ခဲ့ရသော ၎င်းတို့ဘဝ
နောက်ကြောင်းများကိုထားရစ်ပြီး ဘဝအတွက် အရေးပါသည့်ခြေလှမ်းသစ်များဆီသို့ သွားရောက်
နိုင်ရန် ကိုယ်ပိုင်သင်္ကေတဖြင့် နာမည်ရွေးချယ်ရန်ဖြစ်ကြောင်း သိရသည်။
(အေအက်ဖ်ပီ)

















