ဟောင်ကောင် - အင်ဒိုနီးရှား အိမ်ဖော် အား ပြင်းထန်သည့် ဒဏ်ရာများရသည် ထိ နှိပ်စက်ခဲ့သော ဟောင်ကောင်မှအမျိုးသမီးအား ထောင်ပေါင်းများစွာသောလူများ မကျေမနပ်
ဖြစ်ပြီး ဆန္ဒပြခဲ့ ကြပြီး နောက်တစ်နေ့ ဇန်နဝါရီ ၂၀ ရက် တွင် ၎င်းအမျိုးသမီးကို ဟောင်ကောင်
ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
အသက် ၄၄ နျစ်ရှိ အမျိုးသမီးကို ဒဏ်ရာအနာတရ ဖြစ်စေမှုဖြင့် ဟောင်ကောင်မြို့ လေဆိပ်တွင်
ဖမ်းဆီး ခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားခဲ့သော်လည်း အသေးစိတ်
အချက်အလက်များကိုပြောဆိုခြင်းမရှိပေ။ အာဝီယာနာ ဆူလစ်တယာနင်ဆီ အမည်ရှိ အသက်
၂၂ နှစ်အရွယ် အိမ်ဖော်မိန်းကလေးသည် ၎င်းအလုပ်လုပ် ခဲ့သည့် ရှစ်လအတွင်း ညှဉ်းပန်းနျိပ်စက်
ခံခဲ့ရသည်ဟု ဆိုသည်။
သတင်းများတွင် ဖော်ပြချက်အရ ယင်း မိန်းကလေးသည် ယခုလတွင် တရုတ် နိုင်ငံ တောင်ပိုင်းရှိ
မြို့တော်မှ အိမ်သို့ ပြန်ချိန်တွင် ဒဏ်ရာများကြောင့်လမ်းပင် မလျှောက်နိုင်ကြောင်း သိရသည်။
ဂျာဗားကျွန်းရှိ ဆာရာဂျင် ဆေးရုံ၌ ဆေးကုသနေသည့် ဆူလစ်တယာနင်ဆီ ထံသို့ စုံစမ်းစစ်ဆေး
ရေး ရဲအရာရှိ များက သွားရောက်မေးမြန်းရာ အော်ငို သော အိမ်ဖော်များကို အိမ်ရှင်က လျှပ်စစ်နှင့်
တို့ နျိပ်စက်သည်ဟုပြော ကြားပြီး ဟောင်ကောင်ရှိ အိမ်အကူ များ နျိပ်စက်ခံရပုံတို့ကိုပါ ၎င်းက
စိုးရိမ်ပူပန်စွာ ပြောပြခဲ့သည်။
အခြေအနေအရပ်ရပ်ကို စုံစမ်း စစ်ဆေးရန်နျင့် အိမ်အကူများအတွက် ပိုမိုကောင်းမွန်သည့် အကာ
အကွယ်များ ဆောင်ရွက်ပေးရန် ထောင်ပေါင်းများစွာသော အိမ်အကူများနျင့် လူ့အခွင့် အရေး
တက်ကြွလှုပ်ရှားသူများက ဇန်န ၀ါရီ ၁၉ ရက်တွင် ဆန္ဒပြခဲ့ကြသည်။ နိုင်ငံခြား အိမ်အကူများ
အတွက် အနိမ့်ဆုံးလုပ်ခလစာနှင့် အခြားသော အခြေအနေများကို အစိုးရက စည်းကမ်း ချက်
များ သတ်မှတ် ပြဋ္ဌာန်းထားသော် လည်း ယင်းအချက်ကို မသမာသည့် အလုပ်ရှင်များနှင့်
အေဂျင်စီများမှ လျစ်လျူရှုမှုများရှိနေသည်ဟု ဆိုသည်။
အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘန်ဘန်း ယူဒိုယိုနိုသည် ဆူလစ်တယာနင်ဂရှီ နှင့် ၎င်း၏ဖခင်တို့အား
ဖုန်းခေါ်ဆိုရန် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ၀န်ကြီးများ အစည်းအဝေးကို ခေတ္တရပ်နားခဲ့သည်။
"တရားဥပဒေအတိုင်း ဆောင်ရွက် ပြီး ဥပဒေနဲ့အညီ ထိုက်သင့်တဲ့ ပြစ်ဒဏ် ဖြစ်စေရပါမယ်။
ဆေးကုသမှုအပိုင်း ကိုလည်း ကျွန်တော်တို့ဘက်က ကူညီ သွားမှာပါ။ အခု ကျွန်တော်ပြောတဲ့
စကားတွေကို ယုံကြည်ပေးပါ " ဟု သမ္မတက ပြောကြားခဲ့ကြောင်း သတင်း ထောက်များ ရေး
သားသည့် သတင်း တွင်သိရှိရသည်။
ဖခင်ဖြစ်သူကိုလည်း ယင်းကိစ္စ အား ဟောင်ကောင်မှ ခေါင်းဆောင် များဆီသို့ တင်ပြထားပြီးဖြစ်
ကြောင်း ကိုလည်း သမ္မတက ပြောကြားခဲ့သည်။ "ခင်ဗျားသမီးရဲ့ အဖြစ်ဆိုးအကြောင်း ကြားသိ
ရတဲ့အတွက် စိတ်မကောင်း ဖြစ်ရသလို စိုးရိမ်ပူပန်မိပါတယ်။ ဒီလို လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့သူ
ကိုလည်း ဒေါသဖြစ်ရပါတယ်" ဟု ဖခင်ဖြစ်သူ ဆာပူထရိုကိုလည်း ၎င်းက ပြောကြား ခဲ့သည်။
(အေအက်ဖ်ပီ)

















