ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်မှုတွင် ဦးဆောင်ခဲ့သူကို ထောင်ဒဏ်ချမှတ်

ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်မှုတွင် ဦးဆောင်ခဲ့သူကို ထောင်ဒဏ်ချမှတ်

ဂျကာတာ - အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗု့း ဖောက်ခွဲရန် ကြံစည်မှုတွင်
ဦးဆောင် ခဲ့သည့် အကြမ်းဖက်သမားတစ်ဦးကို အင်ဒိုနီးရှားတရားရုံးတစ်ရုံးက ဇန်နဝါရီလ ၂၁
ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခဲ့သည်။

ဆီဂျစ် အင်ဒရာဂျစ်သည် ဂျကာတာ မြို့ရှိ မြန်မာသံရုံးကို ဗု့းဖောက်ခွဲရန်ကြံစည်ခဲ့သည့် အကြမ်း
ဖက်အဖွဲ့ကို ဦးဆောင်ခဲ့ကြောင်း အစောပိုင်းကြားနာ စစ်ဆေးမှုတစ်ခု၌ ၀န်ခံခဲ့သည်။ မြန်မာသံရုံး
ကို မတိုက်ခိုက်မီ တစ်ရက် အလို မေလ ၂ ရက်နေ့က ဖောက်ခွဲရေး အတွက် အသုံးပြုမည့် ဗုံး များကိုသယ်ဆောင်လာသည့် မော်တော်ဆိုင်ကယ်စီးလာသူနှစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ က
ဂျကာတာမြိုကတောင်ပိုင်း၌ ဖမ်းမိခဲ့သည့်အတွက် ဗု့းဖောက်ခွဲမည့်အစီအစဉ် ပျက်ပြားခဲ့ခြင်းဖြစ်
သည်။

အသက် ၂၃ နှစ်အရွယ် အင်ဒရာဂျစ် က ခိုင်လုံသည့် သက်သေအထောက် အထားအရ အကြမ်း
ဖက်မှု လုပ်ဆောင် ရန် လျှို့ဝှက် ပူးပေါင်းကြံစည်မှုဖြင့် ပြစ်မှုထင်ရှားကြောင်း အမှုကို စစ်ဆေး နေ
သည့် ဂျကာတာ တောင်ပိုင်းခရိုင် တရားရုံးမှ တရားသူကြီး ဟာရီယိုနိုက ဇန်နဝါရီလ ၂၁ ရက်နေ့
က ပြောကြား ခဲ့သည်။

အင်ဒရာဂျစ်က ကြားနာစစ်ဆေးနေစဉ်အတွင်း နောင်တရပုံမပြခဲ့ဘဲ ကြားနာချိန် တော်တော်များ
များ၌ ပြံုး၍ သာနေခဲ့သည်။ အကြမ်းဖက်မှုလုပ်ဆောင်ရန် ကြံစည်သူများမှာ အင်ဒိုနီး ရှားနိုင်ငံရှိ
နီဂါရာ အစ္စလာမ်ဟုခေါ် သော အကြမ်းဖက်ကွန်ရက်နှင့် ဆက်စပ်သူများဖြစ်သည်။ ၎င်းကို စီရင်
ချက်ချမှတ်ပြီးချိန်တွင် အင်ဒရာဂျစ်က အစ္စလာမ်ဘာသာဝင် များ၏ ရန်သူများအား ဆက်လက်
တိုက် ခိုက်သွားမည်ဟု အေအက်ဖ်ပီသို့ပြော ကြားခဲ့သည်။

အင်ဒရာဂျစ်က ၎င်းကြံရာပါ အချို့ နှင့် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် မည်ကဲ့သို့ တွေ့ဆုံခဲ့
ကြောင်းကို အစော ပိုင်းက တရားရုံး၌ ထွက်ဆိုခဲ့သည်။ ၎င်းက မြန်မာသံရုံးကို ဗု့းဖောက်ခွဲရန်
ကြံစည်မှုနှင့်ပတ်သက်ပြီး ပြစ်ဒဏ် ထင်ရှားစီရင်ခြင်းခံရသည့် သုံးဦးမြောက် တရားခံဖြစ်သည်။

(အေအက်ဖ်ပီ)