နယူးဒေလီ - အိန္ဒိယဝန်ကြီး ရှာရှီသာရူး၏ဇနီး သုနန္ဒာပွတ်ရှ်ကာသည်
၎င်း၏ ခင်ပွန်းသည်အားအမျိုးသမီးတစ်ဦးနျင့်ဖောက်ပြန်နေသည်ဟု စွပ်စွဲခဲ့ပြီးနောက် သူ့ကို
ဇိမ်ခံဟိုတယ်တစ်ခု၌ သေဆုံးနေသည်ကိုတွေ့ရှိရပြီး ၎င်းမှာ မူးယစ် ဆေး အလွန်အကျွံသုံးစွဲပြီး
သေဆုံးခဲ့ဖွယ်ရှိကြောင်း Press Trust of India သတင်းဌာနက ဇန်နဝါရီလ ၂၀ ရက်နေ့တွင်
ပြောကြားခဲ့သည်။
အသက် ၅၇ နှစ်အရွယ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဝန်ကြီး သာရူးက ဇန်နဝါရီလ ၁၇ ရက်
နေ့က ကွန်ဂရက်ပါတီ အစည်းအဝေးတစ်ခုမှ ပြန်ရောက်ချိန်တွင် ၎င်း၏ဇနီး ပွတ်ရှ် ကာကို နယူး
ဒေလီမြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခု၌ သေဆုံးနေသည်ကို တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
ပွတ်ရှ်ကာသေဆုံးရခြင်းမှာ မူးယစ်ဆေးအလွန်အကျွံ သုံးစွဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းသေဆုံးမှု
နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး နေသည့် ရာဇဝတ်တရားသူကြီး တစ်ဦးထံသို့ ဇန်နဝါရီလ ၂၀ ရက်
က တင်ပြခဲ့သည့် အလောင်း ကို ခွဲစိတ်စစ်ဆေးချက် အစီရင်ခံစာတစ်ရပ်၌ ဖော်ပြထားကြောင်း
PTI က ပြောကြားခဲ့သည်။
သာရူး၏ ထွက်ဆိုချက်အပါအဝင် အခြား သူများ၏ ထွက်ဆိုချက်များနှင့်အတူ ယင်း အစီရင်ခံစာ
ကို လေ့လာသွားမည်ဟု ရာဇဝတ်တရားသူကြီး အလော့ခ်ရှာမာက ပြောကြားခဲ့ပြီး အစီရင်ခံစာ
အသေးစိတ်ကိုမူ ပြောကြားရန် ငြင်းဆိုခဲ့ကြောင်း PTI က ဖော်ပြခဲ့သည်။
"ဒီအချက်ပေါ်မူတည်ပြီး သေဆုံးရတဲ့အကြောင်းက ဘာဖြစ်မလဲဆိုတာကို ကျွန်တော်ကောက်
ချက်ချမှာဖြစ်ပါတယ်။ နောက်ပြီးမှ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သင့်မသင့်ကို
ရဲဌာနကို အစီရင်ခံစာတစ်စောင် တင်မှာဖြစ်ပါတယ်" ဟု ရှာမာ၏ ပြောကြား ချက်ကိုကိုးကားပြီး
PTI က ဖော်ပြထားသည်။
ပွတ်ရှ်ကာက ၎င်းခင်ပွန်းနျင့် ပါကစ္စတန်သတင်းထောက် မာဟ်တာရာတို့ ဖောက်ပြန်နေကြောင်း
တွစ်တာစာမျက်နျာ၌ စွပ်စွဲရေးသားခဲ့ပြီးနောက် ယင်းသို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးသာရူးက
စုံစမ်းစစ်ဆေးရာ၌ အပြည့် အဝ ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပေးခဲ့ပြီး ၎င်း၏ဇနီးသေဆုံးမှု
ကို အမြန်ဆုံး စုံစမ်းစစ်ဆေး ပေးရန် တိုက်တွန်းထားသည်။
အသက် ၅၂ နှစ်အရွယ်ရှိ သုနန္ဒာပွတ်ရှ်ကာ သည် သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲ ရုတ်တရက်
သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့က အလောင်းကို ခွဲစိတ်စစ်ဆေးပေးခဲ့သည့်
ဆရာဝန်များက ပြောကြားခဲ့သည်။
အတိအကျ အဖြေထုတ်နိုင်ရန် အလောင်းကို စစ်ဆေးမှုများ ထပ်လုပ်ရန် လိုအပ်ကြောင်း ၎င်းတို
့က ပြောကြားခဲ့သည်။ ပွတ်ရှ်ကာ၏ ကိုယ်ခန္ဓာတွင် ဒဏ်ရာအချို့ တွေ့ရှိခဲ့ပြီး ယင်းမှာ ၎င်းသေ
ဆုံးမှုနှင့်ဆက်စပ်ခြင်းရှိမရှိ မသေချာသေးကြောင်း အလောင်းခွဲစိတ်ဆရာဝန်သုံးဦးထဲမှ တစ်ဦးဖြစ်
သူ ဆူ့ဒ် ဟီရာဂူ့ပ်တာက ပြောကြားခဲ့သည်။
ဇန်နဝါရီလ ၁၅ ရက်နေ့က အိမ်ထောင်ဆက် သုံးဆက်ရှိသော ၀န်ကြီး သာရူး၏ တွစ်တာ
အကောင့်၌ ထူးထူးခြားခြား မက်ဆေ့ချ်များကိုတွေ့ခဲ့ရပြီး ၎င်းအား ဖောက်ပြန်သည်ဟုစွပ်စွဲမှုများ
ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
(အေအက်ဖ်ပီ)

















