
ခတ္တမန္ဒူ - ဖခင်ဖြစ်သူက သူ့သမီးကို နီပေါရဲသားတစ်ဦးထံ အမေရိကန်ဒေါ်လာ ၂၅ ဖြင့်ရောင်းချ
ခဲ့ချိန်အထိ အသက် ကိုးနှစ်အရွယ် မန်ဂျီတာချောင်ဒရီသည် မိဘများနှင့် တစ်ည တာမျှပင် ခွဲခွာခဲ့
ဖူးခြင်းမရှိသေးပေ။
နီပေါနိုင်ငံ အနောက်ပိုင်းရှိ မိသားစုများကို ထားရစ်ကာ အိန္ဒိယနယ်စပ်ရှိ အလုပ်ရှင်နေထိုင်ရာ အိမ်
အထိ ၁၂၄ မိုင်မျှ သူခရီးဆက်ခဲ့ရသည်။ သူ၏ ကြမ်းတမ်းလှသည့် ဘဝသစ်သည် နံနက် ၄ နာရီ
တွင်စတင်ကာ အလုပ်ရှင်၏ အိမ်သန့်ရှင်း ရေး၊ အိုးခွက်ပန်းကန်ဆေး၊ ချက်ပြုတ် လျှော်ဖွတ် ပြီး
မနားရသေးဘဲ အလုပ်ရှင်၏ ဆွေမျိုးများအိမ် သို့သွားရောက်ကာလည်း လုပ်ကိုင်ပေးရပြီးမှသာ
ညကြီးမိုးချုပ်မှ အိပ်စက်ရလေသည်။ ဤသည်မှာ သူ၏ နိစ္စဓူဝ အလုပ်ပင်ဖြစ်တော့သည်။
"အလုပ်တွေကို ကျွန်မ မနိုင်မနင်းဖြစ်ခဲ့တာကြောင့် အလုပ်ရှင်ရဲ့ မိန်းမက ရိုက်ပုတ်တာ ခံခဲ့ရ
တယ်။ ပြီးတော့ ကျွန်မကို တခြားသူတစ်ယောက် ဆီကို ရောင်းလိုက်မယ်လို့လည်း ခြိမ်းခြောက်
ခံရတယ်" ဟု ယခုအခါ အသက် ၂၂ နျစ်ရှိပြီဖြစ်သော ချောင်ဒရီက ပြောသည်။
"ကျွန်မအရမ်းကြောက်ခဲ့တယ်။ သူတို့ရှေ့မှာတောင်မငိုရဲခဲ့ပဲ ရေချိုးခန်းထဲမှာ တစ်ယောက်တည်း
ကြိတ်ပြီးငိုခဲ့ရတယ်" ဟု သူက ပြောသည်။ နောက်တစ်နှစ် ဖခင်ဖြစ်သူနှင့် ပြန်ဆုံရ၍ သူ့ကို အိမ်
ပြန်ခေါ်ဖို့ပြောသည့်အခါ၌ စာချုပ် ဖြင့်လက်ခစားလုပ်ကိုင်နေရသည့် ဖခင်ဖြစ်သူက (သူကဲ့သို့ပင်
ရောင်းချခြင်းခံခဲ့ရသော) သူ၏ ညီမ တို့ကို ကျွေးမွေးမထားနိုင်ဟု တုံ့ပြန်ခဲ့သည်။
'ကမ်လာရီ' ဟုခေါ်တွင်သည့် နီပေါနိုင်ငံ၏ ဆင်းရဲနု့ချာလှသည့်မိန်းကလေးများမှာ အသက်
ခြောက်နှစ်မျှအထိ ှုယ်ရွယ်သူများပင်ပါရှိပြီး အိမ်ကြီးသခင် အလုပ်ရှင်များ ကျွန်ပြုခိုင်းစေခြင်း
ကို ခံကြရစဉ် အကျဉ်းသားများကဲ့သို့ပင် ဆက်ဆံခြင်း ခံကြရကာ ရိုက်နှက်ခံရခြင်းနှင့် လိင်
မဖွယ်မရာ ပြုမူခံရခြင်းများပင် ကြံုတွေ့ကြရသည်။
နီပေါနိုင်ငံ၏ သာရုမျိုးနွယ်စုများသည် မာဂီ ပွဲတော်ကျင်းပရာ ဇန်နဝါရီလရောက်တိုင်းပင် နွမ်းပါး
သူများက ၎င်းတို့၏ သမှီုးယ်များကို တစ်နှစ်လျှင် ရူပီးငွေ ၂,၅၀၀ (၂၅ဒေါ်လာ) ဖြင့် သူစိမ်းအိမ်
များထံ စာချုပ်ဖြင့် ငှားရမ်းသည်။ ချောင်ဒရီ၏ ဆင်းရဲလှသည့် မိဘများကဲ့သို့ပင် မိဘများစွာတို့
သည် သမီးများကိုအိမ်စေလုပ်ရန် ရောင်းချခြင်းဖြင့် ကမ်လာရီ အစဉ်အလာကို ထူထောင်မိသည်။
ချောင်ဒရီသည် ကမ်လာရီ တစ်ဦးအဖြစ် သုံးနှစ်အလုပ်လုပ်ခဲ့ပြီး အမေရိ ကန်အခြေစိုက် နီပေါ
လူငယ် ဖောင်ဒေးရှင်း တစ်ခု၏ အကူအညီဖြင့် စာချုပ်သက်တမ်း အပြီးတွင် ယင်းဘဝမှလွတ်
မြောက်ကာ မိဘရပ် ထံပြန်၍ ပညာသင်ခွင့်ရခဲ့သည်။
အသက် ၁၂ နှစ် အရွယ်တွင် စာရေးစာဖတ် စတင်လေ့လာခဲ့သူ ချောင်ဒရီသည် ယခုအခါ စီးပွား
ရေးပညာဖြင့် ဘွဲ့ကြိုကျောင်းသူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။ "ကျွန်မရဲ့ ကလေးဘဝဟာ လုယူ
ခံခဲ့ရပါ တယ်။ အဲဒီအချိန်တွေဟာ တကယ့် အိပ်မက်ဆိုး ပါ။ ဒါ့ကြောင့် တခြားမိန်းကလေးတွေ
လည်း လွတ်မြောက်ဖို့ ဒီအစဉ်အလာကို အဆုံးသတ်ရေး အတွက် ကျွန်မတတ်နိုင်သမျှ ကြိုးစား
သွားမှာ ပါ" ဟု ချောင်ဒရီကပြောသည်။
(အေအက်ဖ်ပီ)

















