ဟောင်ကောင် - ဘင်္ဂလားဒေ့ရှ် အိမ်အကူ အမျိုးသမီးကို နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော အိမ်ရှင်
ဟောင်ကောင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၇ ရက်တွင်
ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် နိုင်ငံရပ်ခြားမှ အိမ်အကူများအား မတရား နှိပ်စက်သည့်အမှုများတွင် နောက်ဆုံး
ဖြစ်သည်။
ချီအန်းဆောကူအန်အမည်ရှိ အသက် ၅၈ နှစ်အရွယ် ကလေး နှစ်ယောက် မိခင်အား ဖမ်းဆီးသည့်
သတင်းသည် အိမ်ရှင်၏နှိပ်စက်မှုကိုခံခဲ့ရသည့် အင်ဒိုနီးရှား အိမ်ဖော်အမှုအား တရားဥပဒေနှင့်အညီ
ဆုံးဖြတ်ပေးရန်တောင်းဆိုခဲ့ကြသည့် တရုတ်နိုင်ငံတောင်ပိုင်း မြို့တွင်း ထောင်ပေါင်းများစွာသော
အိမ်အကူများ ချီတက်ဆန္ဒပြခဲ့ကြပြီးနောက် ရက်သတ္တတစ်ပတ်အတွင်း ထပ်မံပေါ်ပေါက်ခဲ့ခြင်း
ဖြစ်သည်။
အသက် ၂၇ နှစ်အရွယ်ရှိ ဘင်္ဂလားဒေ့ရှ် အိမ်ဖော်ကို ချီအန်းဆိုသူ အိမ်ရှင်က ခေါင်းကို ထုရိုက်ခြင်း၊
ဆံပင်ဆွဲခြင်း၊ သံဘရတ်ရှ်ဖြင့် လက်များကို ပွတ်တိုက်ခြင်းနှင့် စတိုခန်းထဲတွင် ပိတ်လှောင်ထားခြင်း
တို့ ပြုလုပ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း The Standard သတင်းစာတွင် ဖော်ပြထားသည်။
အခါအားလျော်စွာ ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ပြုလုပ်လေ့ရှိသည်ဆိုသော စွပ်စွဲချက်
ဖြင့် ချီအန်းအား ဇန်နဝါရီ ၂၆ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု ရဲအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့
သည်။
သို့သော် ရက်ပိုင်းအတွင်းမှာပင် ၎င်းသည် အာမခံဖြင့် လွတ်မြောက်ခဲ့သည်။
ဒဏ်ရာများကို ဆေးလူးသည်ကိုပင် အိမ်ရှင်က တားမြစ်ခဲ့သည်ဟု ဆေးရုံတွင် ဆေးကုသမှုခံယူ
နေရသည့် အိမ်ဖော်က ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
(အေအက်ဖ်ပီ)
















