မိခင်အဖွဲ့ခေါင်းဆောင်ကို ဇနီးရိုက်မှုဖြင့်ဖမ်း

မိခင်အဖွဲ့ခေါင်းဆောင်ကို ဇနီးရိုက်မှုဖြင့်ဖမ်း

တိုကျို - ဂျပန်နိုင်ငံတွင် မိခင်များ၏ဘဝ မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း
တစ်ခုကို ဦးစီးရွက်ဆောင်လျက်ရှိသော အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူအား ကန်ကျောက်
ရိုက်နှက်သဖြင့် ဇနီးအား ဆေးရုံသို့ တင်ပို့ရသည်။

အမှုနှင့်ပတ်သက်၍ ၎င်းအားဖမ်းဆီးလိုက်ကြောင်း ရဲက ဇန်နဝါရီလ ၂၁ ရက်၌ ပြောကြားခဲ့သည်။

ဂျပန် မိခင်ဘဝမြှင့်တင်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သော ရှင်ဂျီမိုရီမတ်ဆု (၄၉ နှစ်) သည် အသက်
၅၁ နှစ်အရွယ်ရှိ ဇနီးအား မေလ ၂၆ ရက်နေ့၌ ဦးခေါင်းနှင့် မျက်နှာကိုရိုက်ပြီး ၎င်းကြမ်းပြင်ပေ
ါ်လဲကျနေစဉ် ရင်ဘတ်နှင့် ၀မ်းဗိုက်ကို ကန်ကျောက်ခဲ့သည်ဟု ဂျပန်နိုင်ငံ မြောက်ပိုင်း
မတ်ဆုယာမာဟီဂါရှီ ရဲစခန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

မိုရီမတ်ဆု၏ ဇနီးသည် တစ်လကြာပြီးမှ ဒဏ်ရာများ ပျောက်ကင်းသွားကြောင်း ရဲ ပြောရေးဆိုခွင့်
ရှိသူက ပြောသည်။

ယင်းဖြစ်စဉ် ကို ၎င်းဇနီး ဆေးရုံတက်သည့်နေ့၌ သတင်းပို့ ခဲ့ကြောင်း တရားဝင်တိုင်ကြားရန်
၎င်းအား ဖျောင်းဖျခဲ့ရကြောင်း ရဲကပြောသည်။

ထို့နောက် ဇူလိုင်လတွင် အမှုဖွင့်ရန် ဆုံးဖြတ်ခဲ့ရာ ရဲက စတင် စုံစမ်းစစ်ဆေးခဲ့သည်။

တနင်္လာနေ့၌ ဖမ်းဆီးခံရသော မိုရီမက်ဆုက မိမိနှင့် မိမိဇနီးတို့ စကားများရန်ဖြစ်ခဲ့ကြောင်း၊
အကြမ်းဖက်မှုမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မိုရီမတ်ဆု၏ဇနီးက ပြောကြားရာတွင် ယခင်ကလည်း အိမ်တွင်းရေးကိစ္စများနှင့် စပ်လျဉ်း၍
အကြမ်းဖက်မှုများရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုကိစ္စကို သက်ဆိုင်ရာအရာရှိများက ဆက်လက်စုံစမ်းလျက်ရှိသည်။

မိုရီမတ်ဆုတို့ ဇနီးမောင်နှံမှာ ၂၀၁၃ ခုနှစ် မေလကတည်းက စ၍ အဆက်အသွယ်မရှိခဲ့ကြောင်း၊
၎င်းတို့တွင် သားသမီးလည်းမရှိကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)