အပြောင်းအလဲအတွက် အာဖဂန် ရွေးကောက်ပွဲ

အပြောင်းအလဲအတွက် အာဖဂန် ရွေးကောက်ပွဲ

ကဘူးလ် - သမ္မတ ဟာမစ်ကာဇိုင်းကို ဆက်ခံရန် အလားအလာအကောင်းဆုံးဖြစ်ပြီး
'အပြောင်း အလဲအတွက် အခွင့်အလမ်း'ဟု သူကိုယ်တိုင် ခေါ်ဆိုထားသော ယခုနှစ် ဧပြီလတွင်
ကျင်းပ မည့် ရွေးကောက်ပွဲတွင် ရှေ့ဆုံး မှပြေးနေသူ အဗ္ဗဒူလာ အဗ္ဗဒူလာက အမေရိကန်နှင့်
ချုပ်ဆို မည့် လုံခြံုရေးစာချုပ်ကို ထောက်ခံကြောင်း ဖော်ပြရန် မဲဆွယ်ပွဲအတွက် ပထမဆုံးထုတ်
လွှင့် သည့် ရုပ်မြင်သံကြား စကားစစ်ထိုးပွဲကို အသုံး ပြုခဲ့သည်။

ထို့ပြင် ဧပြီလရွေးကောက်ပွဲသည် ကြွယ်ဝမှုနှင့် လုံခြံုမှုကို ဆောင်ကြဉ်းပေးမည် ဟုမျှော်လင့်
aကြာင်း ၎င်းကပြောကြားခဲ့သည်။ ွှ

သူသ နြတျ ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော သမ္မတရာထူးအတွက် စကားစစ်ထိုးပွဲတွင် မထင်
မှတ်ထားသည့် အချက်အနည်းှုယ်ထုတ် ဖော်ခဲ့ကြသော်လည်း အမေရိကန်ဦးဆောင် သည့်
နေတိုးတပ်ဖွဲ့က ၎င်းတို့ စစ်အင်အားကို လျှော့ချခဲ့ချိန်တွင် နိုင်ငံအတွက် အရေးကြီးသည့်လုံခြံု
ရေးအခြေအနေကို တိုးမြှင့်ရန် လိုအပ်ချက် အတွက် အဗ္ဗဒူလာနှင့် အခြားသော ကိုယ်စားလှယ်
လေးဦးတို့ ပေါင်းစည်းခဲ့သည်။

ဒီဇင်ဘာတွင် နေတိုးတပ်များ ဆုတ်ခွာပြီး နောက် နိုင်ငံ၌ အမေရိကန်တပ်မှ အင်အား
တစ်သောင်းခန့် ဖြန့်ကြက် တာဝန်ချထားခွင့် ပေးမည်ဖြစ်သော နျစ်ဦးနှစ်ဖက် လုံခြံုရေး
သဘောတူညီမှုကို ကိုယ်စားလှယ်လောင်း များက ကြည်ဖြူစွာ ထောက်ခံခဲ့သည်။

သမ္မတ ကာဇိုင်းသည် စာချုပ်တွင် လက်မှတ်ထိုးရန် ငြင်းဆိုနေပြီး ၎င်း၏ အရိုက်အရာကို
ဆက်ခံမည့်သူကို အလိုမရှိသည့် အရိပ်အယောင်များ တွေ့နေရသည်။

"အာဖဂန်ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ကျွန်တော်
တို့ရဲ့စာသင်ကျောင်းတွေ၊ ဗလီတွေကို မီးရှို့တာ၊ စစ်သားတွေကို ခေါင်းဖြတ်သတ်တဲ့သူတွေ
ကိုတော့ အမြစ်ပြုတ်သွားအောင် သုတ်သင်ပစ်မယ် လို့တော့ ပြောချင်တယ်" ဟု ကာဇိုင်းအစိုးရ
၏ သစ္စာခံ ဇယ်လ်မိုင်း ရာဆိုးလ်က ပြောသည်။

သမ္မတ ဟာမစ်ကာဇိုင်းသည် အမေရိကန်နှင့် အနောက်မဟာမိတ်နိုင်ငံတို့ ပါ၀င်ခြင်းမရှိ သည့်
ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် တာလီဘန်တို့နှင့် တိတ်တဆိတ် တွေ့ဆုံဆွေးနွေး
နေကြောင်းသိရသည်။

မစ္စတာကာဇိုင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ၎င်းဆွေးနွေးညှိနှိုင်းခဲ့သောအမေရိ
ကန်အစိုးရနှင့် ရေရှည်တည်တ့ံမည့်လုံခြံုရေးသဘောတူညီမှု စာချုပ်ကို လက်မှတ် ရေးထိုးရန်
ငြင်းဆိုထားပြီး တာလီဘန် စစ်သွေး ကြွများကို ထောင်မှ လွှတ်ပေးရေးကိုတောင်းဆို ကာ
အမေရိကန် စစ်ရာဇဝတ်မှုများဟု ၎င်းက ခေါ်ဆိုထားသော လိုရာဆွဲထားသည့်သက်သေ
အထောက်အထားများကို အများသိအောင် ဖြန့်ဝေခဲ့သည်။

(အေအက်ဖ်ပီ)