ဘန်ကောက် - ထိုင်းအတိုက်အခံ ဆန္ဒပြသူ များက ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်က
ပြုလုပ်ခဲ့သော ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန် တရားဥပဒေကြောင်းအရ ကြိုးပမ်းမှု
တစ်ခုကို ဖေဖော်ဝါရီလ ၄ ရက်နေ့က စတင်ဆောင်ရွက် ခဲ့ကြပြီး အမေရိကန်နိုင်ငံကလည်း လပေါင်းများစွာကြာ ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခအဆုံးသတ်ရေးအတွက် စစ်တပ်က
အာဏာ သိမ်းယူရန် ကြိုးစားမှုတစ်ခုခု ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲအားပယ်ဖျက်ပေးရန်နျင့် အာဏာရပါတီကို ဖျက်သိမ်း
ပေးရန် အတိုက်အခံဒီမိုကရက်ပါတီ ၏ ရှေကနေတစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
တရားရုံးသို့ အသနားခံစာတင်ခဲ့သည်။
"ဒီအသနားခံစာက ရွေးကောက်ပွဲကို ပယ် ဖျက်ပေးဖို့၊Puea Thai ပါတီကို ဖျက်သိမ်းပေးဖို့နဲ့
ပါတီအမှုဆောင်အဖွဲ့ဝင်တွေကို တာဝန်ကငါးနှစ်ကြာ ရပ်စဲထားဖို့ဖြစ်ပါတယ်" ဟု ဗီရက်ကာ
လေယာဆီရီက တရားရုံးထဲသို့အဝင်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့နောက် အသနားခံစာတင်လိုက်ပြီဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။ ၀န်ကြီး
ချုပ် ယင်လပ်က ဆန့်ကျင်ဆန္ဒပြနေမှု များအား ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်မှု တစ်ခု
အဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးခဲ့သည်။
"အာဏာသိမ်းတာ၊ ဒါမှမဟုတ် အကြမ်းဖက်မှု ဖြစ်ပွားတာမျိုး ကျွန်တော်တို့ လုံးဝမမြင်ချင်ပါ
ဘူး" ဟု အတိုက်အခံဆန္ဒပြသူများက ရွေးကောက် ပွဲကျင်းပခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့
တွင် မဲရုံထောင်ပေါင်းများစွာ၌ မဲလာပေးသူများကို မဲမပေးနိုင်ရန် ဟန့်တားနှောင့်ယှက်မှုများပြု
လုပ်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဌာန မှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ပီဆာကီက ထိုသို့
ပြောကြားခဲ့ခြင်းဖြစ်သည်။
မဲဆန္ဒနယ် အားလုံး တွင် ဆန္ဒမဲပေးပွဲများ ပြုလုပ်မပြီးမချင်း ရွေးကောက် ပွဲအာဏာပိုင်များက
ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်နိုင်မည်မဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး
သို့ ၎င်းတို့၏ တိုင်တန်းမှုမှာ အရေးပေါ်အခြေအနေ ကြေညာမှုအပေါ် အဓိက အခြေပြုသွား
မည်ဖြစ်ကြောင်း အတိုက်အခံ ဒီမိုကရက်ပါတီ၏ရှေကနေတစ်ဦးက ပြောကြားခဲ့သည်။
ဆန္ဒပြသူများ စုဝေးသည့်နေရာများတွင် လက်ပစ်ဗု့းဖြင့်တိုက်ခိုက်မှုများ၊ သေနတ်ဖြင့် ပစ်ခတ်
တိုက်ခိုက် မှုများပေါ်ပေါက်ခဲ့ပြီးနောက် အကြမ်းဖက်မှုများ ဖြစ်မည်စိုး၍ ရွေးကောက်ပွဲအကြိုတွင်
အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်းဖြစ်သည်။
အရေးပေါ်အခြေအနေ ကြေညာခြင်းကလည်း အလွန်အရေးပါသည့် မီဒီယာကို ပိတ်ပင်ဟန့်
တားရန် ကြိုးစားခြင်းဖြစ်ကြောင်းနျင့် အစိုးရ လိုလားသည့်သတင်းများကို ပိုမိုထွက်ပေါ်စေ ရန်
ကြိုးစားခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း အတိုက်အခံ
ဒီမိုကရက်များက အခိုင်အမာ ပြောဆိုသည်။
"ဒါဟာ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်
ဖြစ်ပါတယ်" ဟု ဗီရက်ကာလာယာဆီရီက ဖေဖော်ဝါရီလ ၄ ရက်နေ့ နှောင်းပိုင်းတွင်
အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး အာဏာရရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ဆန့်ကျင်စွာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗီရက်က စွပ်စွဲပြောဆိုခဲ့သည်။ အရေးပေါ်ဥပဒေကို
အသုံးပြုခြင်းမှာ တရား ၀င်ကြောင်း ဏကနေ ွှ့ငေ ပါတီမှ ပြောရေးဆိုခွင့် ရှိသူကဆိုသည်။
အစိုးရဖွဲ့ရန် လုံလောက်သည့် လူဦးရေရရှိရေးအတွက် နှောင့်ယှက်ခံခဲ့ရ၍ မဲမပေးဖြစ်ခဲ့သည့်
မဲဆန္ဒနယ်များတွင် မဲပေးနိုင် ရန် ပြုလုပ်မပေးနိုင်မချင်း ၀န်ကြီးချုပ် ယင်လပ် အစိုးရက အိမ်
စောင့်အစိုးရအဖြစ် ဆက်လက် ရှိနေဦးမည်ဖြစ်သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ရွေး ကောက်ပွဲကို တစ်ရက်တည်း ကျင်းပရမှာဖြစ်ပါ တယ်။
နောက်တစ်ကြိမ်ကျင်းပဖို့ မဖြစ်နိုင်ပါဘူး" ဟု ဆန္ဒပြသူများဘက်မှ ပြောရေးဆိုခွင့်ရှိသူ အကာ
နက်ပရွမ်ဖန်က သတင်းထောက်များကို ဖေဖော်ဝါရီလ ၃ ရက်နေ့ကပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















