စင်ကာပူ - ဒေသတွင်း၌ နယ်မြေပိုင်နက် အငြင်းပွားမှုများ အရှိန်မြင့်လာမှုကြောင့် တရုတ်နိုင်ငံနှင့်
အခြားနိုင်ငံများတွင် စစ်အသုံးစရိတ်များ တိုးမြှင့်လာသည်ကို ကမ္ဘာ့လက်နက် ထုတ်လုပ်သည့်
ကုမ္ပဏီကြီးများက အခွင့်ကောင်းယူ၍ အမြတ်ထုတ်ရန် ကြိုးစားလာမှုနှင့်အတူ အာရှ၏ ထိပ်တန်း
လေကြောင်းနှင့် ကာကွယ်ရေးပြပွဲကို စင်ကာပူနိုင်ငံ၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်မည်
ဖြစ်သည်။
လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်ရေး နှင့် ကင်းထောက်စနစ် များစွာပါ၀င်သော ကာကွယ်ရေး
ပြပွဲကို နှစ်နှစ်လျှင်တစ်ကြိမ် ပြုလုပ်သည့် စင်ကာပူ လေကြောင်းပြပွဲ၌ ပြသသွားမည်ဖြစ်ကာ၊
ယင်းပြပွဲတွင် အဲဘတ်စ် A350-XWB တာဝေးပြေးလေယာဉ်များကဲ့သို့သော စီးပွားဖြစ်
လေကြောင်းကဏ္ဍရှိ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်မှုများပါ ပြသသွားမည်ဖြစ်သည်။
"အထူးသဖြင့် ကမ္ဘာ့ဈေးကွက်အထိ ခြေဆန့်မယ့် ကျွန်တော်တို့အတွက် အာရှပစိဖိတ်ဒေသကြီးဟာ
အရမ်းကိုအရေးပါပြီး စင်ကာပူနိုင်ငံဟာ အဓိက ကျတဲ့ဈေးကွက်တစ်ခုပါ" ဟု အမေရိကန်
လက်နက်ကုမ္ပဏီ Northrop Grumman ၏ ဒုတိယဥက္ကဋ္ဌနှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုအရာရှိချုပ်
ဒေးဗစ်ပယ်ရီက ပြောသည်။
"ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ဒေသကြီးရဲ့ကာကွယ်ရေးနဲ့ လုံခြံုရေး လိုအပ်ချက်တွေကို
အဆင့်အမြင့်ဆုံး စွမ်းဆောင်မှုတွေနဲ့ ဖြည့်တင်း ကူညီပေးသွားဖို့ပါ" ဟု ဖေဖော်ဝါရီလ ၁၁ ရက်မှ
၁၆ ရက်ထိကျင်းပမည့် ပြပွဲကြီးအကြိုသတင်း စာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောသည်။
Northrop Grumman ပြပွဲအတွင်း၌ ရေကြောင်းကင်းထောက်ရေးအတွက် အထူးစီမံထားသော
Triton မောင်းသူမဲ့ လေယာဉ်စနစ်တစ်ခုလည်း ပါ၀င်မည်ဖြစ်သည်။
အက်ဖ်-၁၆ တိုက်လေယာဉ်များကို ထုတ်လုပ်သော အမေရိကန်ကုမ္ပဏီ Lockheed Martin
ကလည်း ရေငုပ်သင်္ဘောကာကွယ်ရေး၊ ကင်းထောက်နှင့် ထောက်လှမ်းရေးလက်နက်များကို
တိုးမြှင့်ပြသသွားမည်ဖြစ်သည်။

ခရီးသည်တင်လေယာဉ်များ ထုတ်လုပ်သည့် ဘိုးအင်းနှင့် အဲဘတ်စ်ကုမ္ပဏီကြီးများကလည်း
ကာကွယ်ရေးလေယာဉ်များအတွက် မောင်းသူမဲ့ လေကြောင်းစနစ်များအပါအဝင် ယင်းတို့၏
နောက်ဆုံးထုတ် လေယာဉ်များ ပြသသွားမည် ဖြစ်သည်။
ဘိုးအင်းပြသမှုတွင် ဏ၈ဗ ဏသျနငိသည ဟုဆိုသော ကမ္ဘာ့အဆင့်မြင့်ဆုံး ရေငုပ်သင်္ဘော
ကာကွယ်ရေးနှင့် မြေပြင်ကာကွယ်ရေး လေယာဉ်များ ပြသသွားမည်ဖြစ်သည်။
အဲဘတ်စ်ကလည်း ရေကြောင်းကင်းထောက်ရေးအတွက် C-295 ဟုခေါ်သော ဘက်စုံသုံး
ပို့ဆောင်ရေးလေယာဉ်ကို ပြသသွားမည်ဖြစ်သည်။
နယ်မြေပိုင်နက် အငြင်းပွားမှုများကြောင့် ဒေသတွင်းတင်းမာမှုများ မြင့်တက်လျက်ရှိပြီး စီးပွားရေး
အားကောင်းလာသည့် အာရှနိုင်ငံများသည် ယင်းတို့၏ စစ်တပ်များကို ပိုမိုကြံ့ခိုင်စေရန် ကြိုးပမ်း
လာမှုများနှင့်အတူ ကမ္ဘာ့ စစ်အင်အား ချိန်ခွင်လျှာသည် အာရှတိုက်သို့ တဖြည်းဖြည်း ရွေ့လျား
လျက်ရှိကြောင်း လေ့လာသုံးသပ်သူများက ဆိုကြသည်။
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများနှင့်ပတ်သက်၍ ထိုင်ဝမ်နှင့်
လည်းကောင်း၊ အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်သော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့်
ဗီယက်နမ်နိုင်ငံများနှင့်လည်းကောင်း တင်းမာမှုများ ဖြစ်လျက်ရှိသလိုပင် အရှေ့တရုတ်ပင်လယ်ပြင်
ရှိ ဂျပန်အခေါ် စင်ကာကူ (သို့) တရုတ်အခေါ် သောက်ယွီကျွန်းစုများ ပိုင်နက်နှင့် ပတ်သက်၍
ဂျပန်နှင့် လိပ်ခဲတည်းလည်းဖြစ်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် ကိုရီးယားကျွန်းဆွယ်ကြီးတွင်လည်း တောင်ကိုရီးယားနိုင်ငံနှင့် ယင်း၏
အိမ်နီးချင်း နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံတို့သည် စစ်မီးတောက်မည့်
အလားအလာများ ရှိနေလေသည်။
(အေအက်ဖ်ပီ)

















