နယူးဒေလီ - နိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြည်နယ်အသစ်တစ်ခု တည်ထောင်မည့် အငြင်းပွားစရာ
လုပ်ဆောင်ချက်တစ်ရပ်ကို ဖေဖော်ဝါရီ ရ ရက်တွင် အိန္ဒိယအစိုးရက အတည်ပြုခဲ့ပြီး နွေဦးရာသီ၌
ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုတွင် တက်တက်ကြွကြွလုပ်လာ
သော ဒေသများကို လှုပ်လှုပ်ရှားရှားဖြစ်စေသော ဆုံးဖြတ်ချက်လည်းဖြစ်သည်။
အစီအစဉ်ရေးဆွဲထားသည့် တီလန်ဂါနာပြည် နယ်သစ်တည်ထောင်ပါက အချိန်မရွေး ဖြစ်ပေါ်နိုင်
သော မိုးခေါင်ရေရှားမှုနှင့် ဆင်းရဲမွဲတေမှုများ ပေါ်ပေါက်လာနိုင်ပြီး အထူးသဖြင့် အစိုးရ
အဆက်ဆက် လျစ်လျူရှုထားခဲ့သည်ဟုဆိုသော တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ အင်ဒရာ
ပရာဒက်ရှ်ပြည်နယ်တွင် ပေါ်ပေါက်လိမ့်မည်။
ဂူးဂဲလ်နှင့် မိုက်ခရိုဆော့ဖ်အပါအဝင် ထိတ်ထိတ်ကြဲ IT နည်းပညာရပ်များ စတင်ထွက်ပေါ်ရာ နေရာ
ဖြစ်ပြီး ချမ်းသာကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သော အင်ဒရာပရာဒက်ရှ် ပြည်နယ်က စီးပွားရေး
အရ ကသောင်းကနင်းဖြစ်လာနိုင်သည်ဟုဆိုကာ အုပ်စုများကွဲထွက်မှုကို ပြင်းပြင်းထန်ထန်
ကန့်ကွက်ထားသည်။
ယင်းဒေသ လက်အောက်တွင် အဆင့်မြင့် နည်းပညာလုပ်ငန်းများကြောင့် စီးပွားရေးတွင် ထိပ်တန်း
ရောက်နေသည့် မြို့တော် ဟိုက်ဒရာဘတ် ရှိနေခြင်းက တီလန်ဂါနာပြည်နယ် စီမံကိန်းရေးဆွဲရန်
ဖြစ်ပေါ်လာခြင်းဖြစ်သည်။
"ဒီဆုံးဖြတ်ချက်ကြောင့် ပြည်နယ်နှစ်ခုစလုံးမှာ အဟန့်အတားဖြစ်သွားတာ၊ စီးပွားရေးအရ ချွတ်ခြံု
ကျသွားတာတွေ ဖြစ်လာမယ်လို့ ကျွန်တော်တော့ မထင်ဘူး" ဟု လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူ
ဆန်ဂျေးဂျဟာက အစိုးရအဖွဲ့၏ သဘောတူညီချက် ထုတ်ပြန်ပြီးနောက် ြီွှဠ သတင်းတွင် ပြောကြား
ခဲ့သည်။
အတိုက်အခံတို့ကြောင့် အင်ဒရာပရာဒက်ရှ်တွင် အကြမ်းဖက်ဆန္ဒပြမှုများ အစပျိုးနေသောကြောင့်
ကာလကြာရှည်ကတည်းက တောင်းဆိုနေသည့် ပြည်နယ်သစ် တည်ထောင်ရေးကို ပြီးခဲ့သည့်
ဇူလိုင်တွင် အာဏာရကွန်ဂရက်ပါတီက လိုက်လျောပြီးခွင့်ပြုခဲ့သည်။
ဗဟိုအစိုးရ ဘက်မှ ၀န်ကြီးသုံးဦးကလည်း ဆန္ဒပြသည့်အနေဖြင့် နုတ်ထွက်စာများတင်ခဲ့သည်။
ယင်းနုတ်ထွက်စာများတွင် ၂၀၁၄ ခုနှစ်၊ မေလ တွင်ကျရောက်မည့် အမျိုးသားရွေးကောက်ပွဲများ
အတွင်း ၎င်းတို့၏ စွမ်းဆောင်မှုများ ထိရောက်မှု မရှိစေရန် ခြိမ်းခြောက်ထားသည်ဆိုသော
အစောပိုင်းကတည်းက ရန်လိုနေသည့် ကွန်ဂရက်ပါတီ လက်အောက်ရှိ ဌာနခွဲများအကြောင်း
အလေးပေး ဖော်ပြထားသည်။
တီလန်ဂါနာသည် အိန္ဒိယနိုင်ငံ၏ ၂၉ ခုမြောက် ပြည်နယ် ဖြစ်လာရန်လွှတ်တော်နှင့် ပတ်သက်ပြီး
အမြင် ရှင်းလင်းမှုရှိရန် လိုအပ်နေသည်။
နိုင်ငံရေးအရ ထိမရကိုင်မရသည့် အခြေအနေများ ဖြစ်ပေါ်နေသော တီလန်ဂါနာထောက်ခံသူများနှင့်
အတိုက်အခံများကြောင့် မကြာသေးမီကကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင်
အနှောင့်အယှက်ဖြစ်ခဲ့ရသည်။
တီလန်ဂါနာ တည်ထောင်ရေး အစီအစဉ်များကို ဒေသတွင်း၌ မဲအသာရနိုင်သည်ဆိုသော
မျှော်လင့်ချက်ဖြင့် ကွန်ဂရက် အစိုးရက လုပ်ဆောင်ခဲ့သော်လည်း အင်ဒရာပရာဒက်ရှ်တွင်
အရှိန်မြင့်နေသော နိုင်ငံရေးတိုက်ပွဲများကြား ရလဒ်မှာ ပြောင်းပြန်ဖြစ်သွားနိုင်ကြောင်း
သတိပေးထားသည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။
(အေအက်ဖ်ပီ)
















