ဘန်ကောက် - အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တစ်ဦးကို အရေးပေါ်အခြေအနေ ထုတ်ပြန်
သည့် ဥပဒေကို ချိုးဖောက်မှုဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး
ယင်းသို့ဖမ်းဆီးခြင်းမှာ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ် ယင်လပ်အစိုးရကို ဖြုတ်ချရန်ရည်ရွယ်သည့်
ဆန္ဒပြမှုများလနှင့် ချီကြာမြင့်ခဲ့ပြီးနောက် ထိုင်းရဲ တပ်ဖွဲ့၏ ပထမဆုံးအကြိမ် ဖမ်းဆီးမှုဖြစ်သည်။
ဆန္ဒပြခေါင်းဆောင်များက ဖမ်းဝရမ်းထုတ်မှုနှင့် အရေးပေါ်အခြေအနေ ကြေညာချက်ကို ဆန့်ကျင်
ကာ နေ့စဉ်မိန့်ခွန်းပြောခြင်း၊ ဆန္ဒပြမှုများကို ဦးဆောင်ခြင်း၊ လမ်းများပိတ်ဆို့ခြင်းနှင့် အစိုးရ
အဆောက်အအုံများကို သိမ်းပိုက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
အရေးပေါ် အခြေအနေကြေညာချက်ကို အာခံမှုဖြင့် ဆန္ဒပြခေါင်းဆောင် ၁၉ ဦးကို ဖမ်းဆီးရန်
ဖမ်းဝရမ်းထုတ်ထားပြီး အခြားဆန္ဒပြခေါင်းဆောင် ၁၃ ဦးကိုလည်း အဆိုပါစွဲချက်ဖြင့် ဖမ်းဆီးနိုင်ရေး
အတွက် တရားရုံး ခွင့်ပြုချက်ရရန် အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၀ ရက်က ကြိုးစားခဲ့ကြ
သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့သော်လည်း
အစိုးရ ဆန့်ကျင်ဆန္ဒပြသူများက ချီတက်ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။၊
ဆွန်တီယန် ချွန်ရုထိုင်နိုင်သန် သည် ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန် ပြီးလျှင် ဒုတိယ
အရေးပါအရာရောက်သည့် ဆန္ဒပြခေါင်း ဆောင်တစ်ဦးဖြစ်ပြီး သက်ဆင် ဆန့်ကျင်ရေး ရုပ်သံလိုင်းမှ
ညွှန်ကြားရေးမှူးဟောင်း တစ်ဦးဖြစ်သည်။
ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်း၌ ဖမ်းဆီးခဲ့ကြောင်း
အထူးစုံစမ်းစစ်ဆေး ရေးဌာန (DSI) အကြီးအကဲ သာရစ်ပန်ဒစ်က ပြောကြားခဲ့သည်။
ဆန္ဒပြသူများ၏ ပိတ်ဆို့နှောင့်ယှက်ခြင်းခံခဲ့ရသော မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲများ
ပြန်လည် ကျင်းပသွားမည်ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၁ ရက်တွင်
ပြောကြားခဲ့သည်။
၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ပြန်လည်ရွေးချယ်ခံရမည်ကို ပိတ်ပင်တားဆီးရန် ကြိုးပမ်းနေ
ကြသည့် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ၏ တားဆီးပိတ်ဆို့မှုကြောင့် ဖေဖော်ဝါရီလ ၂ ရက်
ရွေးကောက် ပွဲ၌ မဲရုံ ၁၀ ရာခိုင်နှုန်းကို ပိတ်ခဲ့ရသည်။
၎င်းမဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲ သစ်ကို ဧပြီ ၂၇ ရက်တွင် ကျင်းပမည်ဟု ကော်မရှင်
အတွင်းရေးမဈး ပူချောင်နျူထရာဝမ် က ဆိုသည်။
(အေအက်ဖ်ပီ)
















