ပေကျင်း - တရုတ်နိုင်ငံ၏ ပြည်တွင်းလုံခြံုရေး အကြီးအကဲဟောင်း ကျို့ဝူယုန်ခါန်၏
အရေးပါ သော လက်ထောက်ဟောင်းတစ်ဦးကို သူ၏ ယခင် အကြီးအကဲနှင့် နှောင်ဖွဲ့ဆက်စပ်
ဆောင်ရွက်သတင်းများ ပိုမိုရရှိလာသဖြင့် ယခုအခါ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အာဏာပိုင်
များက ပြောကြားခဲ့သည်။
တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်း၏ ဒုတိယအုပ်ချုပ်ရေးမှူး ကျီဝန်းလင်ကို စည်းမျဉ်း စည်းကမ်း
နှင့် ဥပဒေများကို ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့ကြောင်း မသင်္ကာသဖြင့် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း
ပါတီအတွင်း အဂတိ လိုက်စားမှုများ စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ပါတီ စည်းကမ်းထိန်းသိမ်းရေး
ဗဟိုကော်မရှင် က ဖေဖော်ဝါရီလ ၁၈ ရက်တွင်ဖော်ပြခဲ့သည်။
အသက် ၄၇ နှစ်ရှိ ကျီသည် ပြည်တွင်းလုံခြံု ရေးအကြီးအကဲဟောင်း ကျို့ဝူ၏ အတွင်းရေးမှူး
တစ်ဦးဖြစ်သလို ရင်းနှီးသည့် လက်ထောက်တစ်ဦးလည်းဖြစ်ခဲ့ပြီး ထိုအချိန်က ကျို့ဝူမှာ မြေယာ
အရင်းအမြစ်ဆိုင်ရာ ၀န်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။
နောက်ပိုင်း ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း နိုင်ငံ အနောက်တောင်ပိုင်းရှိ စီချွမ်းပြည်နယ်၏
ပါတီအကြီးအကဲဖြစ်လာခဲ့သည်။ ၎င်းသည်တရုတ်နိုင်ငံ၏ လုံခြံုရေး အရာရှိ ချုပ်အဖြစ် တာဝန်
ထမ်းဆောင်စဉ်က လုပ်ပိုင် ခွင့်အာဏာများရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ သည်။
သို့သော် နောက် ၂၀၁၂ ခုနှစ်နှောင်းပိုင်း တွင် ကွန်မြူနစ်ပါတီတွင် အာဏာအများဆုံး ရှိသော
နိုင်ငံရေးဦးဆောင်အဖွဲ့ (ဏှဃ) ၏ အဖွဲ့ဝင်အဖြစ်မှ တာဝန်ရုပ်သိမ်းခံခဲ့ရသည်။ ပါတီ၏ အထွေ
ထွေအတွင်းရေးမှူးအဖြစ်ရှီကျင့်ဖျင်ကို ခန့်အပ်လိုက်သည့် ဆယ်စုနှစ် တစ်ခုအကြာ အာဏာ
အပြောင်းအလဲဖြစ်ပေါ်ချိန်တွင် ကျီသည် ဒုတိယဝန်ကြီးအဆင့်တွင် အယောက် ၂၀ မြောက်
အရေးယူခံရသူဖြစ်သည်။
အဆိုပါ အရာရှိ ၂၀ တွင် အနည်းဆုံး ခြောက်ဦး မှာ ကျို့ဝူ၏ တပည့်ရင်းများဖြစ်သည်ဆို၏။
ပြီးခဲ့သည့်နျစ် မတ်လတွင် နိုင်ငံအကြီးအကဲ ဖြစ်လာသော ရှိကျင့်ဖျင်က အဆင့်မြင့်အရာရှိ များနှင့်
အဆင့်နိမ့်အရာရှိများကိုပါ နှိမ်နင်းသွား ရန် သန္နိဋ္ဌာန်ချထားကြောင်း ပြောဆိုခဲ့သည်။
မကြာသေးမီက ထွက်ပေါ်ခဲ့သော သတင်း များတွင် ကျို့ဝူ၏ မဟာမိတ်ဖြစ်သူ နိုင်ငံပိုင် ပစ္စည်းများ
ထိန်းသိမ်းမှုကို စောင့်ကြည့်ကွပ်ကဲ ရသော အဖွဲ့အကြီးအကဲ ကျန်းကျဲ့မင်းအား ရာထူးမှ ထုတ်ခဲ့
သည့်အမှုနျင့် ပြည်သူ့လုံခြံုရေး အဖွဲ့ ဒုတိယဝန်ကြီးဟောင်း လီတုန်စဲင်း၏ အမှုလည်း ပါ၀င်သည်။
(အေအက်ဖ်ပီ)

















