တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားက ပြီးခဲ့သည့်နှစ်၌ အိန္ဒိယထက်ပိုလာ

တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားက ပြီးခဲ့သည့်နှစ်၌ အိန္ဒိယထက်ပိုလာ

လန်ဒန် - ၂၀၁၂ ခုနှစ်ကထက် ရွှေဝယ်လိုအား ၃၂ ရာခိုင်နှုန်းမြင့်တက်လာသော
တရုတ်နိုင်ငံ က ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံ၏ ရွှေဝယ်လိုအားကို ကျော်တက်ကာ ကမ္ဘာ့ရွှေဝယ်
လိုအား အများဆုံးနိုင်ငံဖြစ်လာကြောင်း ကမ္ဘာ့ရွှေဈေး ကွက်ဖွ့ံဖြိုးရေးကောင်စီက ဖေဖော်ဝါရီလ
၁၈ ရက်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့ သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ရွှေဒင်္ဂါးများ နှင့်
ရွှေချောင်းများမှာ စုစုပေါင်း ၁,၀၆၅ ဒသမ ၈ တန်ရှိကာ အိန္ဒိယနိုင်ငံက ၀ယ်ယူသောရွှေပမာဏ
၉၇၄ ဒသမ ၈ တန်ထက်ပိုများပြီး စံချိန်တင်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ကောင်စီကိုယ်စားပြု
ဦးဆောင် ရွှေထုတ်လုပ်ရေး ကုမ္ပဏီများက ပြောကြားခဲ့သည်။

ရွှေထည်လက်ဝတ်ရတနာ ပစ္စည်းများ၏ကမ္ဘာ့ဝယ်လိုအားမှာ ၁၆ နှစ်ကြာအတွင်း ပြီးခဲ့ သည့်နှစ်
က အမြင့်ဆုံးဖြစ်ခဲ့သော်လည်း ရွှေဈေး နှုန်းမှာ ယင်းနှစ်အတွင်း သုံးပုံတစ်ပုံနီးပါးကျဆင်းခဲ့သည်။

ရွှေဈေးနှုန်းမှာ ယခုအခါ တစ်အောင်စလျှင် ဒေါ်လာ ၁,၃၂၄ ဒသမ ၈၀ ၀န်းကျင်ရှိသည်။
တရုတ်နိုင်ငံမှအချို့သော ရောင်းဝယ်မှုများတွင် အတိအကျ မသိရှိရ သည့် ရွှေအရောင်းအဝယ်
ပမာဏများကြောင့် ယင်း၏ ကိန်းဂဏန်း စာရင်းဇယားအတွင်း ရွှေတန်ချိန် ၃၀၀ ခန့် မပါဘဲကျန်
နေသည်ဟု အဆိုပါကောင်စီက ခန့်မှန်းပြောကြားသည်။

ထိုကျန်နေသည့်ပမာဏကိုပါ ထည့်တွက်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ စုစုပေါင်း ရွှေဝယ် လိုအားမှာ
တန် ၁,၄၀၀ ခန့်အထိ ရောက်ရှိသွား မည်ဖြစ်သည်။

"တရုတ်နိုင်ငံက ပထမဆုံးအကြိမ် နံပါတ်တစ် နေရာကို ရောက်လာတာပါ" ဟု ယင်းကောင်စီ ၏
ဦးဆောင်ညွှန်ကြားရေးမှူး မားကပ်စ် ဂရက်ဘ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ
က ၁၉၅၀ ပြည့်နှစ်နျင့် ၁၉၆၀ ပြည့်နှစ်များကတည်းက ကမ္ဘာ့ ရွှေဝယ်ယူမှု အများဆုံးနိုင်ငံအဖြစ်
ရပ်တည်နေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုသို့ နေရာအလဲအလှယ် ဖြစ်သွားရခြင်းမှာ အိန္ဒိယအစိုးရက နိုင်ငံ၏ အကြီးအကျယ် ကုန်သွယ်
ရေး လိုငွေပြနေမှုကို လျှော့ချရာ၌ အထောက်အကူဖြစ်စေရန်အတွက် အိန္ဒိယ နိုင်ငံအတွင်း
ရွှေတင်သွင်းမှုကို လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းကလည်း တစ်စိတ်တစ်ဒေသ အနေဖြင့် ပါ၀င်
နေသည်။

အစိုးရ၏ ယင်းစီမံချက်များကြောင့် အိန္ဒိယ နိုင်ငံ၏ရွှေဝယ်လိုအားမှာ ပြီးခဲ့သည့်နှစ် တတိယ
သုံးလတာကာလအတွင်း ၆၃ ရာခိုင်နှုန်းထိုးကျသွားကြောင်း အိန္ဒိယနိုင်ငံ၏တရားဝင်စာရင်း
ဇယားများကိုကိုးကားပြီး ကမ္ဘာ့ရွှေဈေးကွက် ဖွံ့ညဖိုးရေးကောင်စီက ပြောကြားခဲ့သည်။

သို့ရာတွင် ကန့်သတ်ချက်များထဲမှ အချို့ စတင်အာဏာသက်ရောက်မည့် ဇူလိုင် မတိုင်မီ အကြီး
အကျယ် ရွှေဝယ်ယူမှုများကြောင့် ၂၀၁၃ ခုနှစ်တစ်နှစ်လုံးအတွက် အိန္ဒိယနိုင်ငံ၏ ရွှေဝယ်လိုအား
မှာ ၂၀၁၂ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်းတက်လာကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ရွှေဝယ်ယူမှု တိုးလာခြင်းမှာ အလယ်အလတ် လူတန်းစားများတိုးလာခြင်း၊ ၀င်ငွေ
တိုးလာခြင်း၊ ငွေကြေးစုဆောင်းမှုများ တိုးလာခြင်းနျင့် အခြား ရင်းနှီးမြှုပ်နှံမှုများလုပ် နိုင်ရန် အခွင့်
အလမ်းနည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း ဂရက်ဘ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒုတိယသုံးလတာ ကာလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း မမျှော်လင့်ဘဲထိုးကျသွား
ခြင်းကြောင့် အာရှဒေသနှင့် အရှေကအလယ်ပိုင်း ဒေသများမှရွှေပိုမိုဝယ်ယူခဲ့ကြကြောင်း အဆိုပါ
ကောင်စီက ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)