ဂျကာတာ - ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးကို "ပျက်စီးဆုံးရှုံးမှုကြီးဖြစ်စေမည့်
ကမ္ဘာ့အကြီးမားဆုံးလက်နက်" ဟုတင်စားကာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို
ပိုမိုဆောင်ရွက်သွားကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဖေဖော်ဝါရီလ ၁၆ ရက်
နေ့က ကမ္ဘာ့နိုင်ငံများကို နှိုးဆော်သတိပေးခဲ့သည်။
အထူးသဖြင့် အာရှဒေသရှိ အနိမ့်ပိုင်းနိုင်ငံ များနှင့် ယင်းတို့၏ ကြွယ်ဝသော ဂေဟစနစ် များမှာ
ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာနေသည့်အတွက် အန္တရာယ်ရှိလာနိုင်ကြောင်း ၎င်းက
သတိပေးခဲ့သည်။
အရှေ့တောင်အာရှဒေသနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုး ကို
အရင်ဆုံးခံစားကြရမည့် အခြေအနေတွင်ရှိ နေကြောင်း ကယ်ရီက ဂျကာတာမြိုက၌ ပြောကြား
ခဲ့သည်။
ဂျကာတာမြို့ရှိ အမေရိကန်နိုင်ငံကဖွင့်လှစ်ထားသည့် ယဉ်ကျေးမှုစင်တာတစ်ခု၌ ၎င်းပြောကြား
ခဲ့သည့်မိန်းခွန်းထဲ၌ ကယ်ရီက "ခင်ဗျားတို့ ရဲ့ လူမှုဘဝတစ်ခုလုံး အန္တရာယ်တွင်းထဲ ကျရောက်
နေတယ်လို့ ကျွန်တော်ပြောတာ ပိုပြီးပြောတာမဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
ကယ်ရီက ကမ္ဘာကြီးပူနွေးလာမှု၏ အန္တရာယ် ကို အကြမ်းဖက်ဝါဒ၊ သို့မဟုတ် အဖျက်စွမ်းအား
ကြီးမားသည့်လက်နက်များ တိုးပွားလာနေခြင်းအန္တရာယ်နှင့်နှိုင်းယှဉ်ကာ အန္တရာယ်ကင်းရေး
အတွက် နိုင်ငံအားလုံး ပူးပေါင်းပါ၀င်လုပ်ဆောင် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ဒီစိန်ခေါ်မှုကို ကျွန်တော်တို့အားလုံး အတူ တကွကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်" ဟု
၎င်းက ပြောကြားခဲ့သည်။ ကြီးမားလှသည့်ယင်းတာဝန်ကြီးမှာ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် သက်ဆိုင်
သည်ဖြစ်သော်လည်း ယင်းမှာ အခြားနိုင်ငံများက လွတ်လပ်ခွင့် ရရှိသည်ဟုဆိုလိုခြင်းမဟုတ်
ကြောင်း ကယ်ရီ ကဆိုသည်။
"ထွက်သွားလို့လည်းမရပါဘူး။ အတိတ်က အမှားတွေကို ထပ်ပြီး လုပ်ဆောင်လို့လည်းမရပါဘူး။
အဆုံးတစ်နေ့မှာတော့ ကမ္ဘာပေါ်က ဘယ်နေရာကမဆို ထုတ်လွှတ် လိုက်တဲ့အရာ တွေက ကမ္ဘာ
ပေါ်မှာရှိတဲ့ လူတိုင်းရဲ့အနာဂတ် ကို အန္တရာယ်ဖြစ်စေမှာပါ" ဟု ၎င်းကပြော ကြားခဲ့သည်။
ဂျွန်ကယ်ရီက ၎င်း၏ အာရှခရီးစဉ် တစ်စိတ် တစ်ဒေသအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်နှစ် နိုင်ငံဆွေး
နွေးမှုများပြုလုပ်ရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့နှောင်းပိုင်းက ယင်းနိုင်ငံသို့ရောက် ရှိခဲ့ခြင်းဖြစ်သည်။
၎င်းက တောင်ကိုရီးယား နှင့် တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့သည်။ သို့သော်လည်း လူလေး
ဦးသေဆုံးခဲ့သော အင်ဒိုနီးရှားနိုင်ငံရှိ ကီလု့ဒ်မီးတောင်ပေါက်ကွဲခဲ့ပြီးနောက် အင်ဒိုနီးရှားသမ္မတ
ဆူစီလိုဘမ်ဘန်း ယူဒိုယိုနိုက ပြန်လည်ထူထောင်ရေး လုပ်ငန်း များဆောင်ရွက်နေရသည့်အတွက်
နိုင်ငံခြား ရေးဝန်ကြီးဂျွန်ကယ်ရီနှင့် အင်ဒိုနီးရှားသမ္မတတို့ တွေ့ဆုံရန် အစီအစဉ်ပျက်သွားကြောင်း
ဖေဖော် ၀ါရီလ ၁၆ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဌာန အရာရှိများက ပြောကြားခဲ့သည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်ပွားလျက်ရှိ ကြောင်းနျင့် ယင်းသို့ဖြစ်ပွားရခြင်းမှာ လူသားတို့ ပြုမူ
ဆောင်ရွက်မှုများနှင့် တိုက်ရိုက်ပတ်သက် နေကြောင်းကို သိပ္ပံပညာရှင် ၉၇ ရာခိုင်နှုန်းက ပြောဆို
ထားကြောင်းဖြင့် ကမ္ဘာ့ရာသီဥတုပြောင်း လဲမှုကိုအရေးထားရန် ကယ်ရီက ပြောခဲ့သည်။
ထို့ပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ထိန်း သိမ်းနိုင်ခြင်းမရှိလျှင် ယခုရာစုနှစ် အကုန်၌ ပင်လယ်
ရေမျက်နှာပြင်က တစ်မီတာ (သုံးပေ) မြင့်တက်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက ယူဆထား
ကြောင်း ၎င်းက သတိပေးခဲ့သည်။
ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်မီတာခန့်မျှမြင့်တက်လာခြင်းက ဂျကာတာမြို့တစ်ဝက်
ပင်လယ်ရေအောက် နစ်မြုပ်သွားစေလောက်အောင် လုံလောက်သည့် ပမာဏဖြစ်ကြောင်းနှင့်
တစ်မီတာဆိုသည့်ပမာဏက ကမ္ဘာအနှံ့က လူသန်းပေါင်းများစွာကို ဒုက္ခရောက်သွားစေ နိုင်ကြောင်း
ကယ်ရီက ပြောကြားခဲ့သည်။
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်း ပမာဏ၏ ၄၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်နေသော
တရုတ်နှင့် အမေရိကန်နိုင်ငံတို့က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရာတွင် အတူပူးပေါင်း
ဆောင်ရွက်သွားရန် သဘောတူခဲ့ကြောင်း ကယ်ရီက ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ တရုတ်နိုင်ငံ
ပေကျင်းမြို့တွင် ကြေညာခဲ့သည်။
(အေအက်ဖ်ပီ)

















