ပါရီ - တရုတ်နိုင်ငံသည် ယခင်က အကောင် အထည်ဖော်ရန် သဘောတူခဲ့ပြီး လက်တွေ့
အကောင်အထည်မဖော်နိုင်သော ဆေးလိပ် သောက်မှုဆန့်ကျင်ရေး မူဝါဒတစ်ရပ်ကို ယခု အခါ
အပြည့်အဝ ပြန်လည်အကောင်အထည် ဖော်ခဲ့သဖြင့် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ဆေးလိပ်နှင့်
ဆက်နွှယ်၍ သေဆုံးမှု ၁၃ သန်း နီးပါးကို ဟန့်တားနိုင်တော့မည်ဖြစ်ကြောင်း သုတေသီများက
ဖေဖော်ဝါရီလ ၁၉ ရက်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၅၀ ပြည့်နှစ်အတွင်း ဆေးလိပ်ကြောင့် သေဆုံးမှုများ သန်း
၅၀ ကျော် စုပုံလာသည်ကို စွန့်စားခဲ့သည်။ ထိုပမာဏသည် မည်သည့်နိုင်ငံအတွက်မဆို အကြီး
မားဆုံးဝန်ထုပ်ဝန်ပိုး ဖြစ်ပေသည်။ ပိုများသော ဆေးလိပ်အခွန်၊ ဆေးလိပ်ငွေ့ ကင်းသည့်နေရာ
များအတွက် ဥပဒေပြဋ္ဌာန်း ခြင်းနှင့် ဆေးလိပ်ကြော်ငြာများကို ပိုတင်းကျပ် ခြင်းစသော အရေး
ယူဆောင်ရွက်မှုများဖြင့် အရေအတွက်ကို ငါးပုံတစ်ပုံလျှော့ချနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏
Framework Convention on Tobacco Control (အက်ဖ် စီတီစီ)ကို ၂၀၀၃ ခုနှစ်တွင်
တရုတ်က ၀င်သော အခါ ၎င်းသဘောတူခဲ့သည့် မူဝါဒ၏ ကျန်းမာ ရေးအကျိုးအမြတ်များကို
ခန့်မှန်းရန် ဆောင် ရွက်နိုင်ခဲ့သည်။
တရုတ်နိုင်ငံတွင် တရုတ် လူမျိုးထက်ဝက် ကျော်ကျော်သည် ဆေးလိပ် သောက်ပြီး တရုတ်နိုင်ငံ
သည် ဆေးလိပ်အများ ဆုံး ထုတ်လုပ်သည့် နိုင်ငံလည်း ဖြစ်သည်။ ဆေးလိပ်ငွေ့ကင်းသည့်
ပတ်ဝန်းကျင်များ ဖန်တီးခြင်း၊ အခွန်မြှင့်ခြင်း၊ ဆေးလိပ်စွဲခြင်း အတွက် ကုသပေးခြင်း၊ ဈေးကွက်
ရှာခြင်းကို တားမြစ်ခြင်းနှင့် ကျန်းမာရေးသတိပေးချက်များ အပါအဝင် မူဝါဒများကို အက်ဖ်စီတီစီ
က ပြဋ္ဌာန်းခဲ့သည်။
(အေအက်ဖ်ပီ)
















