တောင်ကိုရီးယား အဆောက်အအုံပြိုကျ ကျောင်းသားကျောင်းသူများ သေဆုံး

တောင်ကိုရီးယား အဆောက်အအုံပြိုကျ ကျောင်းသားကျောင်းသူများ သေဆုံး

ဆိုးလ် - ကျောင်းသားများဖြင့် ပြည့်နေသည့် ဇာတ်ရုံတစ်ရုံ ပြိုကျခဲ့ရာ လူ ၁၀ ဦးထက်မနည်း
သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။ ကိုရီးယားတောင်ပိုင်းတွင်ရှိသည့် ဂျီရောင်ဂျူမြို့အနီး
အပန်းဖြေစခန်းတစ်ခု၌ ဖြစ်ပွားခဲ့သည် ဟု အရာရှိများက ဖေဖော်ဝါရီလ ၁၈ ရက်က ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်က ဤအဆောက်အအုံ အတွင်း ကောလိပ်ကျောင်းသူကျောင်းသား ၅၆၀ ကျော်တို့ တေးဂီတဖျော်ဖြေပွဲကိုကြည့်နေစဉ် ခေါင်မိုးမှာပြိုကျခဲ့ခြင်းဖြစ်သည်။ ခေါင်မိုး ပေါ်၌
ကျရောက်နေသည့် ဆီးနှင်းအလေးဒဏ် ကို မခံနိုင်၍ ပြိုကျခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း
ယူဆကြသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများ စာရင်းကို လုံခြံုရေးနျင့် ပြည်သူ့အုပ်ချုပ်ရေး ၀န်ကြီးဌာနက
ဆိုးလ်မြို့၌ သတင်းမီဒီယာများကို ထုတ်ပြန်ပေးခဲ့သည်။ အဆောက်အအုံအတွင်း၌ ပိတ်မိနေသူ
များ ရှိ မရှိကို ကယ်ဆယ်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်း၌ ရှာဖွေနေဆဲဖြစ်သည်။

သေဆုံးသူများ၌ ကောလိပ်ကျောင်းသား ကိုးဦးပါ၀င်ပြီး ပွဲစည်းရုံးသူ တစ်ဦးပါကြောင်း ရဲတပ်ဖွဲ့က
ပြောသည်။ ကယ်ဆယ်ရေးအဖွဲ့များနျင့် အလုပ်သမား ၁,၄၀၀ ကျော်တို့သည် ကြီးမားသည့်
ပစ္စည်းများ အထောက်အကူဖြင့် မီးမောင်းများထွန်းကာ တစ်ညလုံး အပျက်အစီးများနှင့် ဆီးနှင်း
များကြား ဒုက္ခရောက်နေသူများအား ရှာဖွေလျက်ရှိသည်။ အဆောက်အအုံဝန်းကျင်ရှိ မြေကြီး
ပေါ်သို့ ထူထပ်သည့် ဆီးနှင်းများဖုံးလွှမ်းနေပြီး တစ်ည လုံးကျနေရာ ကယ်ဆယ်ရေး လုပ်ငန်း
များကို နှောင့်နှေးစေခဲ့သည်။

ဤဇာတ်ရုံသည် Mauna Ocean Resort ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တောင်ပိုင်းရှိ ဘူဆန်မြို့
နိုင်ငံခြားဘာသာကောလိပ်မှ ကျောင်းသား ၁,၀၀၀ ခန့်တို့သည် တက္ကသိုလ် ပထမနှစ် အတန်း
သူ အတန်းသားများ ပတ်ဝန်းကျင်နျင့် နေသားတကျဖြစ်ရန် ပြုလုပ်သည့် အခမ်းအနားကို
လက်ခံထားသည့် နေရာဖြစ်သည်။ အပန်းဖြေစခန်းပိုင်ရှင်ဖြစ်သည့် Kolon လုပ်ငန်းအဖွဲ့
သည် ဤဘေးဒုက္ခနှင့် ပတ်သက် ပြီး လူသိရှင်ကြား တောင်းပန်ခဲ့ကာ သေဆုံးသူ များနှင့်
ဒဏ်ရာရသူများအတွက် လျော်ကြေး များကိုလည်း အပြည့်အဝ အကူအညီပေးရန် ကတိပေး
ခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားလျှင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရဲအရာရှိ
များက ပြောဆိုသည်ကို ယွန်ဟက် သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။ ဇာတ်ရုံ၏ အမိုးပေါ်မှ
ဆီးနှင်းများ ရှင်းပစ်ထားခြင်းရှိ မရှိနျင့် ဤအဆောက်အအုံသည် ဘေးအန္တရာယ်ကင်းသည့် အချက်
များနှင့် ကိုက်ညီပြီး ခွင့်ပြုထားသည့် အဆောက်အအုံ ဟုတ် မဟုတ်ကိုလည်း စုံစမ်းစစ်ဆေးရာ၌
အာရုံ စူးစိုက် မေးမြန်းဖွယ်ရှိသည်။

(အေအက်ဖ်ပီ)