မီးတောင်ပေါက်ကွဲ၊ လေးဦးသေဆုံး လေဆိပ်အချို့ပြန်ဖွင့်

မီးတောင်ပေါက်ကွဲ၊ လေးဦးသေဆုံး လေဆိပ်အချို့ပြန်ဖွင့်

ဂျကာတာ - အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကျွန်း ဖြစ်သော ဂျာဗားကျွန်းပေါ်မှ အန္တရာယ်အရှိဆုံး
မီးတောင်များထဲမှ တစ်ခုဖြစ်သော ကီးလွတ် မီးတောင်နှင့်ပတ်သက်ပြီး သတိပေးချက်များ ထွက်
ပေါ်ပြီး နောက် နာရီပိုင်းမျှအကြာ ဖေဖော် ၀ါရီ ၁၃ ရက်ညဉ့်နက်ချိန်တွင် ၎င်းတောင်မှ အနီရောင်
ပြာပူနှင့် ကျောက်တုံးများ ပေါက်ကွဲ ထွက်ခဲ့ရာ ယင်းသို့ ပေါက်ကွဲလွင့်စဉ်မှုကြောင့် သေဆုံးသူ
လေးဦးရှိခဲ့သည်။

ရုပ်မြင်သံကြားမှ ပြသချက်များအရ ပြာများနျင့် ကျောက်တုံး များသည် မီးတောင်အနီးရွာများပေါ်
သို့ တဖွဲဖွဲ ကျခဲ့ပြီး ဒေသတွင်း သွားလာနေသော ကား များနျင့် မော်တော်ဆိုင်ကယ်များမှာ ဘေး
လွတ် ရာသို့ အမြန်ရှောင်ခဲ့ရသည်။

မီးတောင်နင့် အချင်းဝက် ၁၀ ကီလိုမီတာ (ခြောက်မိုင်) အတွင်းရှိ ရွာ ၃၆ ရွာမှ ပြည်သူ နှစ်သိန်း
ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်းပြည်တွင်းသဘာဝဘေးအန္တရာယ်
လျော့ပါးသက်သာစေရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါ၀ူး နျူဂရိုဟိုက ဖေဖော်ဝါရီ ၁၄
ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာ လေကြောင်းလိုင်းများ ပြေးဆွဲ ရာ ဂျာဗားကျွန်းပေါ်ရှိ ဆူရာဘာယာ၊ ယိုဂျာကာတာနှင့်
ဆိုလို မြို့ပေါ်သို့ မီးတောင်ပြာများ ဖုံးလွှမ်းခဲ့သောကြောင့် အဆိုပါ လေဆိပ်များ ယာယီပိတ်ခဲ့ရ
ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာနမှ လေကြောင်းလိုင်း ညွှန်ကြားရေးမှူးချုပ် ဟယ်ရီ ဘက်ခ်တီက
အေအက်ဖ်ပီသို့ ပြောကြား ပြီး "အဲဒီလေဆိပ်တွေကို ၀င်ရောက်မယ့် လေကြောင်းလိုင်းတွေကို
ဖျက်သိမ်းလိုက်ရ တယ်။ ဩစတြေးလျနဲ့ အင်ဒိုနီးရှား ပျံသန်းမယ့် လေကြောင်းလိုင်းတွေ အပါအဝင် အခြား လေကြောင်းလိုင်းတွေကိုလည်း ပြန်လှည့်ခိုင်းလိုက်ရတယ်" ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် အင်ဒိုနီးရှား လေဆိပ်လေးခုမှာ ပိတ်ထားဆဲဖြစ်သော်လည်း သုံးခု ပြန်
လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

"အရှေ့ဂျာဗားပြည်နယ်က မာလန်နဲ့စီလာ ကက်ပ်မြိုကလေဆိပ်၊ ဂျာဗားပြည်နယ်အလယ် ပိုင်းက
ဆီမာရန်မြိုကလေဆိပ်တွေကိုပြန်လည် ဖွင့်လှစ်လိုက်ပါပြီ။ အခုအချိန်မှာ လေယာဉ် ပျံသန်းမှု
အတွက်တော့ ပြဿနာမရှိပါဘူး။တခြားလေဆိပ်တွေရဲ့ အခြေအနေတွေကို လည်း ကျွန်တော်
တို့ ချင့်ချိန် တွက်ချက်မှုတွေ လုပ်ဆောင်နေပါတယ်" ဟု ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ပြောရေး
ဆိုခွင့်ရှိသူ ဘမ်ဘန်း အာဗင်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် မီးတောင်မှ မီးခိုး များသည် မီတာ ၃ယဝဝ၀ (ပေ ၉,၈၅၀) ထိ လေထုထဲသို့ရောက်ရှိခဲ့ကြောင်း ပြည်တွင်းသဘာဝဘေးအန္တရာယ်လျော့ပါးသက်သာစေရေး
ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါ၀ူး နျူဂရိုဟိုက ပြောကြားခဲ့ပြီး မီးတောင်ပေါက်ကွဲ မှုနှုန်း
နှေးသွားပြီဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

"ဂြိုဟ်တုကတစ်ဆင့် လေထုထဲကို မီးတောင် ပြာတွေရောက်ရှိမှုကို ဆက်လက် စောင့်ကြည့်
သွားမယ်" ဟု ပို့ဆောင်ရေး ၀န်ကြီးဌာနမှ လေကြောင်းလိုင်း ညွှန်ကြားရေးမှူးချုပ် ဟယ်ရီ
ဘက်ခ်တီက ပြောသည်။

"အင်အားပြင်းပေါက်ကွဲမှုတွေ ထပ်ဖြစ်နိုင် ခြေမရှိတော့ဘူးလို့ မီးတောင်နဲ့ပတ်သက်ပြီး ဆောင်ရွက်
နေတဲ့ဌာနက ဒီနေ့ မနက်ပဲ သတင်း ပို့ပါတယ်။ ဒါကြောင့် လေယာဉ်ပျံသန်းဖို့ စိတ်ချ လုံခြံုရပြီဖြစ်
လို့ လေယာဉ်တွေ စတင် ပျံသန်း နိုင်တော့မှာပါ။ လေယာဉ်မှူးတွေဆီကိုလည်း နောက်ဆုံးရတဲ့
သတိပြုစရာ အချက်အလက်တွေ ကို ထုတ်ပြန်သွားမှာပါ" ဟု ၎င်းက ဖေဖော်ဝါရီ ၁၅ ရက်တွင်
အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွင် ဆူတိုပို ပါ၀ူး နျူဂရို ဟို ပြောထားသည်မှာ အသက် ၉၇ နှစ်ရှိ အဘွားအို
တစ်ဦး အသက်ရှူကျပ်ပြီး သေဆုံး ခဲ့ကာ လက်ရှိတွင် လူပေါင်း ၅၆ယဝ၈၉ ဦးသည် ယာယီအိမ်
များတွင် နေထိုင်လျက်ရှိပြီး ဖေဖော် ၀ါရီ ၁၅ ရက်တွင် သေဆုံးသူ သုံးဦးမှ လေးဦး အထိ တိုးလာ
သည်ဟုဆိုသည်။

၁,၇၃၁ မီတာ (၅,၆၇၉ ပေ) မြင့်မားသည့် ကီးလွတ်မီးတောင်သည် ပစိဖိတ်မီးကွင်းတည်ရှိရာ
အင်ဒိုနီးရှားရှိ မီးတောင်ရှင် ၁၃၀ ထဲမှ တစ်ခုဖြစ်သည်။ ယခုလ အစောပိုင်းကလည်း စက်တင်ဘာလကတည်းကစပြီး နေ့တိုင်းနီးပါးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သော ဆူမာတြာကျွန်း
အနောက်ဘက်ရှိ ဆီနာဘန်း မီးတောင်ပေါက် ကွဲမှုကြီးဖြစ်ပွားပြီး လူ ၁၆ ဦးထက်မနည်း
သေဆုံးခဲ့သည်။

(အေအက်ဖ်ပီ)