ဗီယက်နမ် ချောကလက် ကမ္ဘာ့ဈေးကွက်ဝင်ပြီ

ဗီယက်နမ် ချောကလက် ကမ္ဘာ့ဈေးကွက်ဝင်ပြီ

ဟိုချီမင်းစီးတီး - ပြင်သစ် နယ်ချဲ့သမားတွေက ၁၉ ရာစုနျစ် နှောင်းပိုင်းလောက်မှာ
ဗီယက်နမ်မြေပေါ်ကို ကိုကိုးပင် စတင်ယူဆောင်လာခဲ့ဟန်တူပေမယ့် စီးပွားဖြစ်မစိုက်ခဲ့ကြပါဘူး။
နောင်အခါ ကမ္ဘာတစ်ဝန်း ချောကလက် အကောင်းစား စားသုံးသူ များပြားလာချိန်မှာ အထူးသဖြင့်
ချောကလက်ကို ပုံမှန်ထုတ်လုပ် ရောင်းချနေတဲ့ အိုင်ဗရီကို့စ်လို နိုင်ငံမှာ ကိုကိုး ပင်တွေ သက်တမ်း
ကြီးရင့်မှုနဲ့ အခြားပြဿနာတွေကြောင့် ချောကလက်ထုတ်လုပ်မှု လျော့နည်း ကျဆင်းလာပြီး
ကိုကိုးထုတ်လုပ်တဲ့ လုပ်ငန်း ဟာ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံမှာ လုပ်ငန်းသစ် တစ်ခုအဖြစ်
အခြေတည်လာပါတယ်။

၂၀၂၀ ပြည့်နှစ်မတိုင်မီ ဗီယက်နမ် ကိုကိုးထွက်ရှိမှု တန်ချိန်တစ်သန်း လျော့နည်းမယ့် ခန့်မှန်းချက်
ကြောင့် ဇန်နဝါရီလကုန်ပိုင်းမှာပဲ ကိုကိုးဈေးနှုန်း ဟာ နျစ်နှစ်ခွဲကာလအတွင်း အမြင့်ဆုံးသို့ တက်
သွားပါပြီ။

"နိုင်ငံတကာ ကိုကိုးအဖွဲ့ချုပ်ရဲ့ စာရင်းအရ ဗီယက်နမ်နိုင်ငံက နှစ်စဉ် ကိုကိုးစေ့ တန်ချိန် ၅,၀၀၀
သာထုတ်ပြီး အိုင်ဗရီကို့စ်ကတော့ တန်ချိန် ၁ ဒသမ ၄ သန်းဝန်းကျင် ထုတ်နေပါတယ်။ ဒါဟာ
ဗီယက်နမ်မှာ ကိုကိုးစေ့လုပ်ငန်း တိုးချဲ့ဆောင် ရွက်ဖို့ လိုအပ်နေတဲ့သာဓကပါပဲ" လို့ ဗီယက်နမ်
နိုင်ငံတွင်း စားသုံးနေတဲ့ ချောကလက်အများစု နဲ့ ပြည်ပပို့ကုန်အဖြစ် ဗီယက်နမ် အကောင်းစား
ချောကလက်နဲ့ ကိုကိုးစေ့တွေ ထုတ်လုပ်နေတဲ့ ဘယ်လ်ဂျီယံ ဖက်စပ်ကုမ္ပဏီ Purato Grand
Place ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဂရီချာဆာဖာရီ ယန်က ဆိုပါတယ်။

ဆာဖာရီယန်ဟာ ဗီယက်နမ် ကိုကိုးစေ့လုပ်ငန်း အစဦး စတင်လုပ်ကိုင်စဉ် ကတည်းက နှစ် ၂၀
ကြာ ပါ၀င်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အထူးသဖြင့် အာရှ ဒေသနိုင်ငံတွေက
ချောကလက်အကောင်းစား ကို ပိုကြိုက်လာတာကြောင့် ဗီယက်နမ် ကိုကိုး စေ့ဈေးကွက်ပိုကောင်း
လာပါတယ်။

အာဖရိက ကိုကိုးနဲ့မတူတဲ့ဗီယက်နမ် ကိုကိုးရဲ့ တစ်မူထူးခြား တဲ့ ရနံ့ဟာ ဗီယက်နမ် ချောကလက်
ကို ထင်ပေါ် ကျော်ကြားလာစေတော့တာပါပဲ။ ဗီယက်နမ်မှာ ပျမ်းမျှအဆင့်ထက် ပိုကောင်းတဲ့
ကိုကိုးစေ့တွေကို ပေါက်ဈေးထက် ပိုပေးဝယ်ယူပြီး ကိုကိုး စတင်ထုတ်လုပ်ခဲ့တဲ့ Marau ကုမ္ပဏီနဲ့
ဗီယက်နမ်နိုင်ငံမှာ ဖက်စပ်လုပ်ငန်းအဖြစ် ချောကလက်ထုတ်လုပ်နေတဲ့ ဘယ်လ်ဂျီယံက  Purato
Grand Placeတို့က ပြည်ပပို့ကုန် အဆင့်မီ ဗီယက်နမ် ပင်ရင်း အကောင်းဆုံး ချောကလက်တွေကို
ဦးဆောင်ထုတ်လုပ်နေပါပြီ။

ဒီကုမ္ပဏီနှစ်ခုက ထုတ်လုပ်တဲ့ 'ဗီယက်နမ်မှာလုပ်သည်' စာတန်းပါတဲ့ ချောကလက်တွေကို ပါရီ၊
တိုကျို စတဲ့ ကမ္ဘာ့မြို့ကြီးများရှိ ထိပ်တန်းစားသောက်ဆိုင်တွေမှာ တွေ့နေရပါပြီ။ ဒီနေ့ ကမ္ဘာ့
ချောကလက်ဈေးကွက်ကို ချုပ်ကိုင်ထားတဲ့ Kraft နဲ့ အီတလီက Ferrero တို့ကို ဗီယက်နမ်
က တစ်ခုတည်းသော နိုင်ငံ့ပင်ရင်း လုပ်ငန်းနဲ့ ယှသ်ပြိုင်ပြီး ကမ္ဘာ့ဈေးကွက်ထဲ ၀င်ရောက်လာ
နိုင်ခြင်းပဲဖြစ်ပါတယ်။

ဒီနေ့ ဟိုချီမင်းစီးတီးအခြေစိုက် စက်ရုံက ထုက်တဲ့ ချောကလက် နှစ်တန်နီးပါးကို ကမ္ဘာ့ နိုင်ငံပေါင်း
၁၅ နိုင်ငံကို တင်ပို့ရောင်းချနေရပါပြီ။ ဒီနေ့ ဗီယက်နမ် ကိုကိုးစေ့ဟာ အရင်ကလို ဈေးပေါပြီး
ခပ်ညံ့ညံ့ အမျိုးအစားမဟုတ်တော့ ပါဘူး။ ကမ္ဘာ့အဆင့်မီ အကောင်းဆုံး ကိုကိုးစေ့တွေဖြစ်နေပါပြီ။
ကိုကိုးထုတ်လုပ်မှုကို ၂၀၂၀ ပြည့်နှစ်မတိုင်မီ ယခုထက် ငါးဆခန့်ထိ တိုးမြှင့်ထုတ်လုပ်သွားမယ်လို့
လည်း တာဝန်ရှိသူတွေ က ဆိုပါတယ်။ အမျိုးအစား အာမခံချက်ရှိတဲ့ ကိုကိုးကိုသာ အသုံးပြုကြ
မယ့် MARS နဲ့ တခြားလုပ်ငန်း ကုမ္ပဏီကြီးတွေဟာ ဗီယက်နမ်မှာ ကိုကိုးကို ယခုထက် ပိုစိုက်ပျိုးနိုင်
ဖို့အတွက် ဒေသခံ ခြံသမားတွေကို သင်တန်းပေးပြီး ကိုကိုးမျိုးသစ်တွေကိုလည်း သုတေသနပြုနေ
ကြပါတယ်။

(အေအက်ဖ်ပီ)