ဖက်ချာဘူရီ - ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူ များ၏နှောင့်ယှက်ဟန့်တားမှုခံခဲ့ရသော
ပြီးခဲ့ သည့်လက ကျင်းပခဲ့သည့် အထွေထွေရွေး ကောက်ပွဲ နောက်ပိုင်း ဆန္ဒပြမှုများကြောင့်
ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ် များတွင် မတ်လ ၂ ရက်နေ့က ပထမဆုံးအနေဖြင့်
ရွေးကောက်ပွဲများ ပြန်လည်ကျင်းပခဲ့ပြီး အစိုးရ ထောက်ခံသော ရှပ်နီများကလည်း လူထုစုဝေး
မှုများပြုလုပ်ကာ ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ်၏ အစိုးရကို ထောက်ခံခဲ့ကြသည်။
ထိုင်းနိုင်ငံ၌ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခကို ပြေလည်စေရန် ၀န်ကြီးချုပ်ယင်လပ်က
ဖေဖော်ဝါရီလ ၂ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း မဲရုံများ၏ ၁၀ ရာခိုင်နှုန်း
ခန့်မှာ ဆန္ဒပြသူများ၏ ပိတ်ဆို့နှောင့် ယှက်မှုများကြောင့် ပိတ်ထားခဲ့ရသည်။
မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲများ ကျင်းပမပြီးမချင်း ရလဒ်များကို ထုတ်ပြန်ကြေညာ
နိုင်ဦးမည်မဟုတ်ဟု ဧပြီလနှောင်းပိုင်းတွင် ရွေးကောက်ပွဲများကို အပြီးသတ် ကျင်းပနိုင်ရန် စီစဉ်
ထားသော ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။ ဆက်လက်ဖြစ်ပွားလျက်ရှိသော
ဆန္ဒပြမှု များကို ကိုင်တွယ်ဖြေရှင်းနေချိန်၌ တစ်ဖက် တွင်လည်း ထိုင်းအဂတိလိုက်စားမှု တိုက်
ဖျက် ရေးအဖွဲ့၏ တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေ ရသော ၀န်ကြီးချုပ်ယင်လပ်က ရွေးကောက်ပွဲ
ရလဒ်များ မကြေညာမီအချိန်အထိ အာဏာအကန့်အသတ်ဖြင့် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်
အဖြစ် ဆက်လက် တာဝန်ယူထားရမည်ဖြစ်သည်။

ခရိုင်ငါးခုရှိ မဲဆန္ဒနယ် ၁၀၀ ကျော်၌ မတ်လ၂ ရက်နေ့ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် အမည်
စာရင်းပေးထားသူ မဲဆန္ဒရှင်ပေါင်း ၁၂၀,၀၀၀ ခန့်ရှိကြောင်းနျင့် ဆန္ဒမဲပေးပွဲများမှာ ပြဿနာ
တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ဝင် ဆွမ်ချိုင်း စရီဆူသီယာ ကွန်းက ပြောကြားခဲ့သည်။
သို့သော်လည်း ဘန်ကောက်မြိုကတောင်ဘက် ၁၆၀ ကီလိုမီတာ (မိုင် ၁၀၀) ခန့်အကွာရှိ
အတိုက် အခံများ အများအပြားနေထိုင်ရာ ဗဟိုချက်ဒေသ ဖြစ်သော ဖက်ချာဘူရီမြို့ရှိ မဲရုံ
အချို့၌ လာရောက် မဲပေးသူ အနည်းှုယ်သာရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းထောက်က
ပြောကြားသည်။
ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲဥပဒေအရ အောက် လွှတ်တော် အမတ်နေရာ ၅၀၀ ၏ ၉၅ ရာခိုင်
နှုန်းရှိမှသာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်မည် ဖြစ်သည်။ မတ်လ ၃၀ ရက်နေ့တွင် အထက်
လွှတ်တော်အမတ်များကို ရွေးကောက်တင်မြှောက် သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်
မရှင် ၏ အင်တာနက်ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
ထိုင်းအစိုးရ ဆန့်ကျင်ရေးခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ရက်သတ္တ ခုနစ်ပတ်နီးပါး
ကြာမြင့်နေပြီဖြစ်သော ဘန်ကောက်မြို့ တော် ပိတ်ဆို့ရေး လှုပ်ရှားမှုကို အဆုံးသတ် လိုက်ပြီဖြစ်
ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်က ကြေညာခဲ့ပြီးနောက် ဘန်ကောက်မြိုကတော်၏ အဓိက
လမ်းဆုံလမ်းခွနေရာများရှိ ဆန္ဒပြသူ များ စခန်းချရာနေရာများကို မတ်လ ၂ ရက်က စတင်ဖျက်
သိမ်းလျက်ရှိသည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း အရေအတွက် နည်းပါးလာသော ဆန္ဒပြသူများ က
ဘန်ကောက်မြိုကလယ်ရှိ လုမ္ဗနီပန်းခြံသို့ ၎င်းတို့၏ သပိတ်စခန်းများကို ပြောင်းရွှေ့သွား ကြ
သည်။ ထိုသို့ သပိတ်စခန်းများ ပြောင်းရွှေ့ သွားသော်လည်း အစိုးရကို ဖြုတ်ချရေး ဆက်လက်
ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အတိုက်အခံ များဘက်မှ ပြောကြားခဲ့သည်။ မတ်လ ၃ ရက်နေ့
က စတင်ကာ မြို့တော်ရှိ လုမ္ဗိနီပန်းခြံနေရာတစ်ခုတည်း၌သာ သပိတ်စခန်းထားရှိပြီး လှုပ်ရှား
မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများက ပြောကြား
ခဲ့သည်။
"ဆန္ဒပြသူတွေချည်းသက်သက်ကတော့ ယင်လပ်ကို ရာထူးက ဘယ်တော့မှဖြုတ်ချနိုင်မှာ
မဟုတ်ပါဘူး။ တရားစီရင်ရေးအဖွဲ့တွေ၊ ဒါမှမဟုတ် စစ်အာဏာသိမ်းမှုတစ်ရပ်ကသာ ဒါကို
လုပ်နိုင်မှာဖြစ်ပါတယ်" ဟု ချင်းမိုင် တက္ကသိုလ် အရှေကတောင်အာရှရေးရာ သုတေသနဌာနမှ
ဒါရိုက်တာတစ်ဦးဖြစ်သူ ပေါလ်ချိန်ဘာက ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















