တောင်ကိုရီးယား အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့် နေချိန် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်

တောင်ကိုရီးယား အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့် နေချိန် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်

ဆိုးလ် - အမေရိကန်နှင့် တောင်ကိုရီးယား မဟာ မိတ်တပ်များ ပူးတွဲစစ်ရေး
လေ့ကျင့်မှု ပြုလုပ်နေ ချိန်တွင် မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် စကဒ်ဒုံးကျည်များကို
ယင်း၏အရှေကဘက် ပင်လယ်ကမ်းခြေသို့ ရက်သတ္တ တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ်
ပစ်လွှတ်ခဲ့သောကြောင့် တောင်ကိုရီးယားနျင့် အမေရိကန်နိုင်ငံတို့ ပြစ်တင်ရှုတ်ချမှုများ ပေါ်
ပေါက်လာခဲ့သည်။

မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် မြောက် ကိုရီးယားနိုင်ငံ၏ အဆိုပါ ဒုံးကျည်ပစ်လွှတ်
စမ်းသပ်မှုကို တောင်ကိုရီးယားနိုင်ငံက မဆင် မခြင် ရန်စမှုတစ်ခုဟု ပြောကြားခဲ့ပြီး အမေရိ
ကန် နိုင်ငံကလည်း ကုလသမဂ္ဂလုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာရန်နှင့်
ထိန်းထိန်း သိမ်းသိမ်းပြုမူရန် မြောက်ကိုရီးယားနိုင်ငံကို တောင်းဆိုခဲ့သည်။

စကဒ်ဒုံးကျည်နှစ်စင်းမှာ အရှေကမြောက်ဘက် သို့သွားကာ ပင်လယ်ထဲသို့ ကျသွားကြောင်း
ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဒါမီယံ ပစ်ကတ်က အေအက်ဖ်ပီ
သို့ပြောကြားခဲ့သည်။

အမေရိကန်က ကိုရီးယား ကျွန်းဆွယ်၏ အခြေအနေနှင့်ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်
လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ယင်းဒုံးကျည်နှစ်စင်းမှာ ကီလိုမီတာ ၅၀၀
(မိုင် ၃၁၀) ခန့်သွားပြီး ဂျပန်ပင်လယ်ထဲ သို့ကျသွားကြောင်း တောင်ကိုရီးယားနိုင်ငံ ကာကွယ်
ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ် မှုမှာ
လွန်ခဲ့သည့် ရက်သတ္တပတ်ကစတင်ခဲ့ပြီး ဧပြီလလယ်အထိ ကြာမြင့်မည့် အမေရိကန်နှင့်
တောင်ကိုရီးယားတပ်တို့ နျစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုနျင့် အချိန်ကိုက်ပေါ်ပေါက်
လာခြင်းဖြစ်သည်။

ထိုနည်းတူ ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် စကဒ်ဒုံး
ကျည်လေးစင်းကို ပစ်လွှတ်ခဲ့သေးသည်။ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု နှစ်ကြိမ်စလုံးကို ပြစ်တင်
ရှုတ်ချခဲ့သော တောင်ကိုရီးယားနိုင်ငံ က ထိုသို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေခြင်း များကိုချက်
ချင်းရပ်ဆိုင်းရန် မြောက်ကိုရီးယား နိုင်ငံကို တိုက်တွန်းထားသည်။

"မြောက်ကိုရီးယားနိုင်ငံက တစ်ဖက်မှာ တင်းမာ မှုတွေ ပြေငြိမ်းလိုတဲ့အမူအရာမျိုးပြပြီး တစ်ဖက်
မှာလည်း မဆင်မခြင်ရန်စမှုတွေ ဆက်လုပ် နေတာပါ" ဟု ကာကွယ်ရေးဝန်ကြီးဌာနမှပြောရေး
ဆိုခွင့်ရှိသူ ကင်မ်မင်ဆွတ်ခ်က ပြောသည်။ ကီလိုမီတာ ၃၀၀ မှ ၈၀၀ အထိရောက်ရှိနိုင် သည်
ဟု ခန့်မှန်းရသော စကဒ်ဒုံးကျည်များမှာ တောင်ပိုင်းရှိ မည်သည့် ပစ်မှတ်နေရာကိုမဆို တိုက်
ခိုက်နိုင်သော ဒုံးကျည်များဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ
မှာ ယင်း၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို တားမြစ်ထားသော ကုလသမဂ္ဂဆုံးဖြတ်ချက်များကို
ချိုးဖောက်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံက ပြောကြားခဲ့သည်။

တောင်ကိုရီးယား အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ကျူးကျော်ရန်အတွက် ပြင်ဆင်နေခြင်း
ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက အမြဲဆိုသလို ပြစ်တင်ရှုတ်ချခဲ့သည်။ မတ်လ ၃ ရက်နေ့
မှစ၍ တောင်ကိုရီးယား နိုင်ငံက အမြောက်တပ်တစ်တပ်၊ ဗရတပ်သင်္ဘော များနျင့် တိုက်ခိုက်
ရေး ဂျက်လေယာဉ်များ အပါ အဝင် ကျည်အစစ်များဖြင့် နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုတစ်ခု
ကိုပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)