ကားနှင့် ၀န်ဆောင်မှုစရိတ်များ တစ်ဟုန်ထိုး မြင့်တက်လာခြင်းနှင့် ငွေဈေးနှုန်း များလာခြင်း
တို့က စင်ကာပူကို ကမ္ဘာ့အသုံး စရိတ် အမြင့်ဆုံးမြိုကတော်ဖြစ်စေပြီး ထိပ်ဆုံးနေရာတွင်
ရပ်တည်နေသည့် ဂျပန်နိုင်ငံကို ဖြုတ်ချ နိုင်ခဲ့ကြောင်း မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်
သည့် လေ့လာမှုတစ်ခုက ဆိုသည်။
စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေးပညာရှင် အဖွဲ့ (EIU) က ပြုလုပ်သော ၂၀၁၄ ခုနှစ်
ကမ္ဘာတစ်ဝန်း နေထိုင်စား သောက်စရိတ်များ ဆန်းစစ်လေ့လာမှုတစ်ရပ်တွင် ဂျပန် ယန်းငွေ
ဈေးနှုန်းကျဆင်းလာခြင်းက ဂျပန်နိုင်ငံကို ယခင်စင်ကာပူ ရောက်ရှိခဲ့သည့် အဆင့်ခြောက်
နေရာသို့ ရောက်ရှိစေခဲ့သည်ဟု ဆိုသည်။
စင်ကာပူ၏ ဈေးနငန်းများ သိသိသာသာမြင့် တက်လာခြင်းက အံ့ဩစရာဆိုသည်ထက်
တည် ငြိမ်မှုရှိကြောင်း သုတေသနကုမ္ပဏီ၏ လေ့လာ ချက် သတင်းကဆိုသည်။ ကုန်ဈေးနှုန်း
များ အလုံးအရင်း မြင့်တက်လာပြီး စင်ကာပူဒေါ်လာဈေးနငန်း ၄၀ ရာခိုင်နှုန်း ထိ မြင့်တက်ခဲ့ခြင်း
က လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်က အဆင့် ၁၈ တွင်ရှိခဲ့သည့် နိုင်ငံ ကို နှစ်နှစ်ဆက်
တိုက် ထိပ်ဆုံးသို့ ရောက်ရှိ စေခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
မြို့ပေါင်း ၁၄၀ မှ ၀န်ဆောင်မှုများနျင့် ကုန် ပစ္စည်းအမျိုးပေါင်း ၁၆၀ ၏ ဈေးနငန်းများကို
စစ်ဆေးပြီး ရရှိလာသည့် လေ့လာမှုက ပြည်ပ နိုင်ငံများသို့ ရောက်ရှိနေသော စီမံခန့်ခွဲမှု
အတွက် ခွင့်ပြုထားသည့် ငွေကြေးပမာဏ တွက်ချက်ရေးတွင် ကုမ္ပဏီများကို ကူညီရန်
ရည်ရွယ်ခြင်းဖြစ်သည်။
ကားလုပ်ငန်းနှင့် ပတ်သက်လာလျှင် များပြား လှသည့်အခွန်များနှင့် ကန့်သတ်ထားသည့်
စနစ် များအပါအဝင် ကားပိုင်ရှင်များအပေါ် ထားရှိ သည့် စင်ကာပူနိုင်ငံ၏ ကန့်သတ်ချက်များ
က အခြားသောနေရာအခက်အခဲထက် သိသိသာသာ ပိုများကြောင်း ယင်းအစီရင်စာတွင်
ဖော်ပြထား သည်။
(အေအက်ဖ်ပီ)

















