ဖေဖော်ဝါရီလ ၂၈ ရက်က အလွန်အရေးပါတဲ့ အခမ်းအနားတစ်ခုဖြစ်ခဲ့တယ်။
အရှေ့ပိုင်း မလေးရှားပြည်နယ် ဆာရာဝပ်ရဲ့ နောက်ဆုံး White Rajah ဟာ သူ့ရာထူးမှ ဆင်းပေး
ခဲ့တယ်။ သူ့လိုလူမျိုး နောက် ရှိမှာမဟုတ်တော့ဘူး။
ဒီခေတ်ဒီအချိန်အခါမှာ ဒီလို သက်ဦးဆံပိုင် ပကတိအုပ်ချုပ်တဲ့သူတွေ ရှိသေးတာကိုက
အံ့ဩဖို့ကောင်းတယ်။ သူ့အရင် အုပ်ချုပ်ခဲ့တဲ့သူတွေဟာလည်း ခံ့ညားတဲ့လူတွေဖြစ်ခဲ့တယ်။
ဆာရာဝပ်ပြည် နယ် မလေးရှားနိုင်ငံရဲ့ တစ်စိတ်တစ်ဒေသဖြစ်မလာခင် မူလ White Rajahs
ဖြစ်ကြတဲ့ အင်္ဂလိပ် လူမျိုး သုံးဦးတို့က အုပ်ချုပ်ခဲ့တယ်။
ထို ရာဂျာတွေထဲက ပထမဆုံး ရာဂျာဖြစ်တဲ့ ကိုယ်ကျိုးရှာ စွန့်စားသူ James Brooke ဟာ
ဘရူနိုင်း စူလ်တန်ထံမှ ၁၈၄၁ ခုနှစ်တွင် ထိုပိုင်နက်ကိုရရှိခဲ့တယ်။ လှည့်လည် သောင်းကျန်းနေ
တဲ့ ပင်လယ်ဓားပြတွေနဲ့ ဆူဆူညံညံ တိုင်းရင်းသား တွေကို နှိပ်ကွပ်နိုင်ခဲ့တဲ့အတွက် ဘရူနိုင်း
စူလ်တန်က ဆုချီးမြှင့်တာပဲဖြစ်တယ်။ သူဟာ သယံဇာတ ပေါကြွယ်ဝတဲ့မြေရဲ့ သက်ဦးဆံပိုင်
မင်း ဖြစ်လာခဲ့တယ်။ ဒီမြေဟာ သီရိလင်္ကာနိုင်ငံထက် နှစ်ဆကြီးပြီး ဟန်ဂေရီ၊ သို့မဟုတ်
ပေါ်တူဂီနိုင်ငံတို့ထက်ကြီးတယ်။
James ရဲ့ အရိုက်အရာကို တူဖြစ်တဲ့ Charles က ဆက်ခံခဲ့ကာ ရာစုတစ်ဝက်နီးပါး အုပ်ချုပ်
ခဲ့ပြီးနောက် Charles က သူ့သား Vyner အတွက် အရိုက်အရာကို ဖယ်ပေးခဲ့တယ်။ Vyner
ကတော့ White Rajahs ရဲ့ နောက်ဆုံးနဲ့ လူများ အနှစ်သက်ဆုံးဖြစ်ခဲ့တယ်။ Vyner ဟာ
ဩဇာအလွန်ညောင်းခဲ့သူ တစ်ယောက်ဖြစ်ခဲ့ ပေမယ့်လည်း ခေတ်သစ်ကမ္ဘာကြီးမှာ ဒီ အခြေ
အနေ ဆက်လက် မတည်ရှိနိုင်တော့တာကြောင့် Vyner ဟာ ဆာရာဝပ်ကို ဗြိတိသျှတို့ထံ
ရွှေအိုးနဲ့ လဲလှယ်ခဲ့တယ်။ မျှော်လင့်ထားသလို မဟုတ်ဘဲ Vyner ဟာ နောက်ဆုံး White
Rajah မဟုတ်ဘဲ ဆာရာဝပ်ဟာ မလေးရှားနိုင်ငံပိုင် ဖြစ်သွားလို့ မကြာခင်မှာပဲ Taib Mahmud
ဆိုတဲ့ပုဂ္ဂိုလ် ပေါ်လာခဲ့တယ်။
Taib ဟာ ဆာရာဝပ်ကို ပိုင်စိုးပိုင်နင်း အုပ်ချုပ်ခဲ့တာ Vyner ထက်တောင် ကြာခဲ့ပြီး ဆာရာ
ပ်ပြည်နယ်ရဲ့ မြို့တော် ကူချင်းကို ၃၃ နှစ်တိုင် အုပ်စိုးခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်က ရာထူးက
ဆင်းပေးခဲ့တယ်။ Taib ကို White Rajah အသစ်တစ်ယောက်အနေနဲ့ လူတွေကလက်ခံခဲ့တယ်။
ဘာကြောင့်လဲ ဆိုရင် သူ့ရဲ့ အုပ်ချုပ်မှုပုံစံ၊ အဖြူရောင်ဆံပင်နဲ့ မဟာဆန်တဲ့ နေပုံထိုင်ပုံတွေ
ကြောင့်ဖြစ်တယ်။ Taib ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော် တွေ့ဆုံမေးမြန်းခဲ့တာကို
ကွက်ကွက် ကွင်းကွင်း မှတ်မိသေးတယ်။ သူဟာ Rolls Royce အပြာရောင်ကားကို စီးကာ
ဘုရင်တစ်ပါးလို သွားလာလှုပ်ရှားခဲ့တယ်။ သူ့ ပုံပန်းသဏ္ဌာန်ကတော့ ခပ်သေးသေး၊ ကျစ်ကျစ်
လျစ်လျစ် ခန္ဓာကိုယ်နဲ့ ဟက်ဟက်ပက်ပက်ရယ်တတ် ပြီး ဖြူတဲ့သွားများပိုင်ရှင်ဖြစ်တယ်။ သူ့ကို
ကျွန်တော် အတော်လေး သဘောကျခဲ့တယ်။ ကျွန်တော်တင်မကဘူး၊ ဆာရာဝပ်ပြည်သူ တွေ
ကလည်းသူ့ကို ဘယ်လောက်သဘောကျသလဲ ဆိုရင် ရွေးကောက်ပွဲမှာ သူ့ကို မဲအများစုပေးပြီး
ပြန်လည် ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ သူ့လက်အောက်မှာ ပြည်နယ်ဟာ လွတ်လပ်စွာ
လှုပ်ရှားကာ မလေးရှားမှဝင်ရောက်လာသူ တွေ နိုင်ငံကူးလက်မှတ် ထုတ်ပြရတယ်။
ဆာရာဝပ်ဟာ သူ့စိတ်တိုင်းကျ ရွေးကောက် ပွဲတွေ ကျင်းပချိန်ဟာ မလေးရှားရှိ တခြား ဒေသ
တွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲအချိန်နဲ့ မတူတဲ့အပြင် အာဏာရ National Front ရဲ့
အင်အားကြီးတဲ့ United Malays National Organization တို့ဟာ ဆာရာဝပ်ပြည်နယ်မှာ
တရားဝင်မရှိဘူး။ ဒါပေမဲ့ Taib ဟာ Front ကို အမတ်နေရာ တွေ များများပေးတာကြောင့်
လည်း မလေးရှား ၀န်ကြီးချုပ်တွေဟာ Taib ကို စိတ်ဆိုးအောင် မလုပ်ရဲကြဘူး။ ဒီမိုကရက်
တစ်စနစ်ကြောင့် အသေးအဖွဲ ပြဿနာလေးတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ပြည် နယ် ရွေးကောက်
ပွဲတိုင်းကို မနိုင်ဘူးဆိုတဲ့ သံသယမရှိခဲ့ဘူး။
၂၀၁၁ ခုနှစ်က ရွေးကောက်ပွဲ မှာ လှလှလေး နိုင်ခဲ့တဲ့အတွက် ကွာလာလမ်ပူ မြို့မှာရှိနေတဲ့
၀န်ကြီးချုပ် နာဂျစ်ရာဇတ် အာဏာတည်မြဲနေတာပဲဖြစ်တယ်။ Taib ရဲ့ နောက်ဆုံး အောင်နိုင်
မှုမှာ အရင် ရွေးကောက်ပွဲတွေနဲ့မတူဘဲ ဒေသခံမဲဆန္ဒရှင် ၆ ဒသမ ၄ ရာခိုင်နှုန်းက သူ့ကို ဆန့်
ကျင်ခဲ့တာ ကို သဘောပေါက်လာတဲ့ အသက် ရ၇ နှစ် ရှိပြီဖြစ်တဲ့ Taib ဟာ နားချိန်တန်ပြီဆို
တာ သိလာကာ ရာဂျာတို့ရဲ့ အစဉ်အလာအတိုင်း သူ့ယောက်ဖ Adenan Satem ကို သူ့ရာ
ထူးကို ပေးခဲ့တယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူး Taib ရရှိဖို့ သေချာသလောက်ရှိပြီး သူ့ရဲ့
အားနည်းချက် တွေအတွက် စွဲချက်တင်ခံရခြင်းမှ ကင်းလွတ် မှာလည်းဖြစ်တယ်။
အခုအချိန်မှာ အားနည်းနေတဲ့ ၀န်ကြီးချုပ် နာဂျစ်က Taib ကို သတိရတဲ့လူတွေထဲမှာ ပါမှာ
ဖြစ်ပြီး နောင်ရွေးကောက်ပွဲမှာ အမတ်နေရာတွေပေးဖို့ Taib (နောက်ဆုံး White Rajah) ကို
ဆွဲမထားနိုင်တာကို စိတ်မကောင်းဖြစ်နေမှာ သေချာတယ်။
(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။)

















