နယူးဒေလီ - ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက
ယခုနှစ် ဧပြီ ရ ရက်မှ စတင်၍ ရက်သတ္တငါးပတ်ကြာမျှ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမည်
ဖြစ်ကြောင်း မတ်လ ၅ ရက်က ကြေညာခဲ့သည်။
ရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၈၁၄ သန်းရှိပြီး ၂၀၀၉ ခုနှစ်က
နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မဲဆန္ဒပေးခွင့်ရှိသူထက် သန်း ၁၀၀ ကျော် ပိုသည်။
စုစုပေါင်း မဲရုံ ၉၃၀,၀၀၀ ကို နိုင်ငံမြောက်ပိုင်း ဟိမဝန္တာဒေသမှ နိုင်ငံ၏အပူပိုင်းဒေသ တောင်
ဘက်စွန်းအထိ ကျယ်ဝန်းလှသည့် နိုင်ငံနယ်မြေအတွင်း ဖွင့်လှစ် သွားမည်ဟုသိရသည်။
ရွေးကောက်ပွဲတွင် ဘရာတီယာ ဂျာနာတာပါတီ ကိုယ်စားလှယ်လောင်း ဟိန္ဒူအမျိုးသားရေးဝါဒီ
နာရင်ဒရာ မိုဒီသည် စီးပွားရေး ပြန်လည်ရှင်သန်အောင် စွမ်းဆောင်နိုင်မှုအခြေခံဖြင့် အနိုင်ရကာ
နိုင်ငံ့အာဏာ ရလာဖွယ်ရှိသည်။
(အေအက်ဖ်ပီ)
















