ခတ္တမန္ဒူ - ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင် သန့်ရှင်းရေးအတွက်
နောက်ဆုံး ပြဋ္ဌာန်းလိုက် သော နည်းဥပဒေသစ်အရ ဧဝရက် အခြေစိုက်စခန်းကို ကျော်လွန်
တက်ရောက်သည့် တောင်တက်သမားတိုင်းသည် မိမိ၏ ကိုယ်ပိုင်အမှိုက်များအပြင် အခြား
အမှိုက်သရိုက်များကိုလည်း အနည်းဆုံး ရှစ်ကီလိုဂရမ် (၁၇ ဒသမ ၆ ပေါင်) ကို ယခု ဧပြီလ
မှစ၍ ပြန်လည်သယ်ယူပြီး ဆင်းကြ ရတော့မည်ဖြစ်သည်။
နည်းဥပဒေသစ် ချိုးဖောက်သူများကို ဥပဒေ အရ အရေးယူမည်ဟုဆိုသော်လည်း ချမှတ်
မည့်ပြစ်ဒဏ် အမျိုးအစားကိုမူ အတိအကျ မသိ ရသေးကြောင်း နီပေါအစိုးရ ခရီးသွားလုပ်ငန်း
၀န်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မဒူဆူဒန်ဘာ လာကိုတီက ပြောသည်။
တောင်တက်သမားများက ဆယ်စုနှစ်နှင့် ချီ၍ တောင်ထိပ်ပေါ်တွင် စွန့်ပစ်ခဲ့သော အောက်
ဆီဂျင်ဘူးခွံများ၊ လူ့အညစ်အကြေးများ သောက်သောက်လဲ ပြန့်ကျဲနေသည့်အပြင် အေးခဲ
နေသော တောင်တက်သမားအချို့၏ ရုပ်အလောင်းများလည်း စိတ်မချမ်းသာဖွယ် တွေ့မြင်
နေရသည်။
တောင်တက်အဖွဲ့များသည် မိမိတို့ သယ်ဆင်း လာသည့် အမှိုက်သရိုက်များကို အခြေစိုက်စခန်း
တွင် ဧပြီလ၌ဖွင့်လှစ်မည့် ရုံးခန်းသို့ အပ်နှံရမည်ဖြစ်သည်။ စခန်းတွင် ဆေးကုသပေးနေသည့်
အပြင် ယခင်နှစ်က ဥရောပတောင်တက် သမားများနျင့် ဒေသခံလမ်းပြများ စကားများရန်ဖြစ်ခဲ့
ချိန်မှစ၍ ပဋိပက္ခများကိုပါ ဖျန်ဖြေ ထိန်းသိမ်းပေးလျက်ရှိသည်။ တက်ရောက်ဆဲ တောင်တက်
အဖွဲ့များသည် အာမခံကြေး ဒေါ်လာ ၄,၀၀၀ ကို ပေးနေကြ ရသော်လည်း ၎င်းတို့ သယ်ဆောင်
သွားသမျှကို အဆင်းခရီး၌ ပြန်လည်ယူဆောင်လာကြပါက အာမခံကြေး ပြန်လည်ရရှိကြမည်
ဟုဆိုသည်။
ဧဝရက်တောင်ထိပ်နှင့် ဟိမဝန္တာ အခြား တောင်ထိပ်များသို့ တစ်ကိုယ်တော်တက်ရောက် သူများ
အပေါ် အခကြေးများ လျှော့ချလိုက်ရာ တောင်ပေါ်တွင် ပိုများလာသည့် တောင်တက်သမားများ
နှင့် အမှိုက်သရိုက်များအတွက် ခေါင်းခဲ ကြရပြန်သည်။
တောင်တက်လမ်းများ လုံခြံုရေး နှင့် တောင်တက်သမားများ၏ အရေးကိစ္စများ ကို ဖြေရှင်းပေး
ရန်အတွက် အခြေစိုက်စခန်းရှိ ဧဝရက်ရုံးသစ်တွင် စစ်သားနျင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း တာဝန်
ပေးထားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၊ ဗတာင် တက်သမားများအဖွဲ့နှင့် ဧဝရက် အမှိုက်သရိုက်
ရှင်းလင်းရေး စီမံချက်များကြောင့်ပင် ၂၀၁၂ ခုနှစ် ခတ္တမန္ဒူပြပွဲတစ်ခုတွင် ဧဝရက်တောင်ထိပ်
လမ်းမှ စုဆောင်းရရှိသော အမှိုက်များ (စွန့်ပစ်အောက်ဆီဂျင်နျင့် ဓာတ်ငွေ့အိုးဟောင်းများ၊
ကြိုးအမျိုးမျိုး၊ ရွက်ထည်တဲများနျင့် အိုးခွက်များ၊ ဘီယာဘူးခွံများ၊ ့လတ်စတစ်အိတ်များနှင့်
ရဟတ်ယာဉ်အပိုင်းအစပေါင်းစုံ) ဖြင့် အနုပညာလက်ရာ ရ၅ ခုကို ဖန်တီးပြသနိုင်ခဲ့သည်။
(အေအက်ဖ်ပီ)

















