အခိုးခံရသော နိုင်ငံကူးလက်မှတ်များနှင့် ထိုင်းနိုင်ငံမှ ရာဇဝတ်ဂိုဏ်းများ ကွန်ရက်

အခိုးခံရသော နိုင်ငံကူးလက်မှတ်များနှင့် ထိုင်းနိုင်ငံမှ ရာဇဝတ်ဂိုဏ်းများ ကွန်ရက်

ဘန်ကောက် - ပျောက်ဆုံးသွားသော အမှတ်MH370 မလေးရှားခရီးသည်တင်
လေယာဉ် ပေါ်မှ အမည်မသိခရီးသည်နှစ်ဦးသည် ထိုင်းနိုင်ငံတွင် ခိုးယူခဲ့သော နိုင်ငံကူးလက်မှတ်
များကို အသုံးပြုခဲ့ပြီးနောက် ထိုင်းနိုင်ငံသည်စာရွက် စာတမ်းအတုများဖြင့် ရာဇဝတ်မှုအများဆုံး
ကျူးလွန်ရာနေရာကြီးဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများအပေါ်
စိုးရိမ်ထိတ်လန့်မှုများ တိုးပွားလာစေခဲ့သည်။

ကွာလာလမ်ပူမှ ပေကျင်းသို့ သွားရောက် မည့် မတ်လ ၈ ရက်အစောပိုင်းမှ ထွက်ခွာသည့်
မလေးရှားလေကြောင်းလိုင်း ခရီးသည်စာရင်းတွင် ဥရောပလူမျိုး ခရီးသည်နှစ်ဦးပါ၀င်သည်။

သို့သော် လေယာဉ်ပေါ် လိုက်သွားခဲ့သောခရီးသည်နှစ်ဦးမှာ ဩစတြေးလူမျိုး ခရစ္စတင်း
ကိုဇယ်လ် မဟုတ်သလို အီတလီမှ လူရီဂီ မာရယ်လ် ဒီလည်းမဟုတ်ပေ။ ၎င်းတို့အစား
ထူးဆန်းလှသည့်ခရီးသည်နှစ်ဦးက တစ်ယောက်တစ်နေရာစီမှ ခိုးယူခဲ့သော ၎င်းတို့၏
နိုင်ငံကူးလက်မှတ်များကို အသုံးပြုခဲ့ကြောင်းသိရသည်။ ယင်းသို့သတင်းများ ထွက်ပေါ်
လာခြင်းသည် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ FBI အပါ အဝင် အခြားသော
ထောက်လှမ်းရေးအဖွဲ့တို့ နှင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသော မလေး ရှားအာဏာပိုင်တို့၏
အကြမ်းဖက်လုပ်ရပ်များ စစ်ဆေးရေးအဖွဲ့အား သတိထားမိစေသည်။

"ထိုင်းနိုင်ငံက တိုက်ခိုက်မှုတွေကြံစည်ရာ၊ ဒါမှမဟုတ် ငွေကြေးထောက်ပ့ံမှုတွေ တိုးမြှင့်
လုပ်ဆောင်ရာ နိုင်ငံတကာ အကြမ်းဖက်အုပ်စု တွေရဲ့အသုံးချစရာ အဓိကဇုန်တစ်ခု ဖြစ်နေ
တယ်" ဟု အရှေကတောင်အာရှမှ အကြမ်းဖက်လုပ်ရပ်များ လေ့လာဆန်းစစ်သူ ရုန်မယ်လ်
ဘန်နယ်လွိုင်းက ပြောသည်။

၂၀၀၄ ခုနှစ်က မက်ဒရစ် ရထားဗုံးပေါက်ကွဲမှု များနျင့် ၂၀၀၈ ခုနှစ်က မွမ်ဘိုင်းတွင် ဖြစ်ပွားခဲ့သော
တိုက်ခိုက်မှုများနှင့် ပတ်သက်မှုရှိသည့် နိုင်ငံတကာတွင် အကြမ်းဖက်လုပ်ရပ်များ ပြု လုပ်နေ
သည့် အယ်လ်ကေဒါ အုပ်စုများအတွက် နိုင်ငံကူးလက်မှတ်အတုများ ပြုလုပ်ပေးခဲ့သည်ဟူသော
စွပ်စွဲချက်ဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ပါကစ္စတန်လူမျိုးနှစ်ဦးနှင့် ထိုင်းအမျိုးသမီး တစ်ဦးတို့ ထိုင်းနိုင်ငံ
တွင် ဖမ်းဆီးခံခဲ့ရသည်။

မလေးရှားလေကြောင်းလိုင်းတွင် အသုံးပြုခဲ့သော နိုင်ငံကူးလက်မှတ်အတုများသည် လူဝင်မှုကြီး
ကြပ်ရေးက တရားမဝင် လုပ်ရပ်များ လုပ်ဆောင်နေသကဲ့သို့ အခြားသော ရာဇဝတ်မှု များနှင့်
လည်း အဆက်အသွယ်များ ရှိနိုင်သည် ဟု ဘန်နယ်လွိုင်းက ပြောကြားခဲ့သည်။

ဖူးခက်အပန်းဖြေကမ်းခြေတွင် နိုင်ငံကူးလက်မှတ်များ တရားမဝင် ပြုလုပ်ပေးနေသည် ဆိုသော
သတင်းများရရှိထားသည်ဟု ထိုင်းရဲ တပ်ဖွဲ့က ကြေညာထားပြီး ၂၀၁၃ ခုနှစ်တွင် မာရယ်လ်ဒီ၏
နိုင်ငံကူးလက်မှတ်မှာ အဆိုပါကမ်းခြေ၌ပင် အခိုးခံခဲ့ရပြီး ကိုဇယ်လ်မှာ ဖူးခက်မှ ဘန်ကောက်သို့
သွားသည့် လေယာဉ်ပေါ်တွင်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗီယင်နာမှ အာဏာပိုင်များက ပြော
ကြားထားသည်။

လေကြောင်းလိုင်းက ထုတ်ပြန်သည့် သတင်း တွင်ကိုဇယ်လ်နှင့် မာရယ်လ်ဒီတို့ နာမည်ဖြင့်
လက်မှတ်နှစ်စောင်ကို ၂၀၁၄ ခုနှစ်၊ ျွတ်လ ၆ ရက်နေ့တွင် ဘန်ကောက်ရှိ ပတ္တယားကမ်းခြေတွင်
ထုတ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။ အစောပိုင်းတွင် မလေးရှား ပြည်ထဲရေးဝန်ကြီး ပြောကြား
ခဲ့သည့်အတိုင်း ခိုးယူခဲ့သော နိုင်ငံကူး လက်မှတ်များနှင့် လေယာဉ်ပေါ် လိုက်ပါသွား သူနှစ်ဦးမှာ
အာရှတိုက်သားများ မဟုတ်ကြောင်း မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း
ပွဲတွင် မလေးရှားလေကြောင်းလိုင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ တရားမဝင်နိုင်ငံ ကူးလက်မှတ် ရောင်းချခြင်း၊ ဥို့မဟုတ် ရောင်းချ ရန်
အတွက် လက်ဝယ်ကိုင်ဆောင်ထားသူ သည် ထောင်ဒဏ် နျစ် ၂၀ အထိ ကျခံရနိုင်ကြောင်း
သိရသည်။

ခိုးယူထားသည့် အနောက်နိုင်ငံသားတို့၏ နိုင်ငံကူးလက်မှတ်များဖြင့် အနောက်နိုင်ငံများ သို့ဝင်
ရောက်ရန်မှာ လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်း စင်ကာပူနိုင်ငံ၏ နိုင်ငံတကာပညာရပ်များ
သင်ကြားရာ S.Rajaratnam School မှ တွဲဖက်ပါမောက္ခ အာမက်ဆလက်ဟာရှင်မ်က ပြော
သည်။

MH370 လေယာဉ်အားအကြမ်းဖက်သမားများက ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု
၎င်းအနေဖြင့် ယုံကြည်ကြောင်း အထူးသဖြင့် နိုင်ငံကူးလက်မှတ်နှစ်စောင် အခိုးခံရမှုကို
အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေခြင်းကြောင့် ဖြစ်ကြောင်း
၎င်းက ပြောကြားခဲ့သည်။

ဓားစာခံဖြစ်ရသည့် ခရီးသည်များ အကျိုး အတွက် နိုင်ငံတိုင်းသည် နိုင်ငံကူးလက်မှတ်
များအားလုံး သေချာစွာစစ်ဆေးရန် နိုင်ငံတကာ ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

"အစိုးရနဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေက ထူးထူးဆန်းဆန်းပျောက်ဆုံးနေတဲ့MH370
လေယာဉ်ကို လေ့လာ စုံစမ်းမှုတွေပြုလုပ်မယ်။ ပြီးတော့ ခရီးသည်တွေကိုလေယာဉ် တွေပေါ်
တက်ခွင့်မပြုမီ ခရီးသည်အားလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေကို အရင်ဆုံးဦးစားပေး အနေနဲ့
စစ်ဆေးမှုတွေ စတင်ပြုလုပ်မယ်လို့လည်း ကျွန်တော် ယုံကြည်တယ်" ဟု အပြည်ပြည် ဆိုင်ရာ
ရဲတပ်ဖွဲ့မှ အထွေအထွေအတွင်းရေးမှူး ရော်နယ်လ် နိုဘယ်က ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)