ဘန်ကောက်မြို့တွင် အရေးပေါ်အခြေအနေ ရုပ်သိမ်း

ဘန်ကောက်မြို့တွင် အရေးပေါ်အခြေအနေ ရုပ်သိမ်း

ဘန်ကောက် - ဘန်ကောက်မြို့၌ အကြီး အကျယ်ဖြစ်ပွားခဲ့သော နိုင်ငံရေးပဋိပက္ခများ
အရှိန်လျော့လာသည့်နောက်ပိုင်း နိုင်ငံခြားခရီးသွားဧည့်သည်များ ဘန်ကောက်မြို့တော်သို့
ပြန်လည်ဝင်ရောက်လာစေရန် ရည်ရွယ်ကာ ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်ဒေသများ၌
နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သည့် အရေးပေါ်အခြေအနေပြဋ္ဌာန်းထားမှုကို ရုပ်သိမ်းလိုက်ကြောင်း
ထိုင်းအစိုးရက မတ်လ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။

ကမ္ဘာ့လှည့်ခရီးသွားများ အများဆုံးလာရောက် လည်ပတ်သည့်အချိန်အတွင်း ထိုသို့ အရေးပေါ်
အခြေအနေပြဋ္ဌာန်းထားခြင်းက ထိုင်းနိုင်ငံ၏ အဓိကကျသော ခရီးသွားလုပ်ငန်းကို အကြီး အကျယ်
ထိခိုက်စေခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုကျဆင်းမည့်အန္တရာယ် တိုးမြင့်လာခဲ့သည်။

အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားခြင်းကို အခြား အထူးဥပဒေတစ်ရပ်ဖြစ်သော ပြည်တွင်း လုံခြံု
ရေးအက်ဥပဒေဖြင့် အစားထိုး ပြဋ္ဌာန်းသွားမည်ဖြစ်ပြီး အဆိုပါ အစားထိုးပြဋ္ဌာန်းမည့်ဥပဒေမှာ
မတ်လ ၁၉ ရက်နေ့မှစတင်ကာ ဧပြီလ ၃၀ ရက်နေ့အထိ အာဏာသက်ရောက်မည်ဖြစ် ကြောင်း
၀န်ကြီးချုပ်ရုံးက ကြေညာခဲ့သည်။

"ပါတီတော်တော်များများက တောင်းဆိုထား တာရယ်၊ နောက်ပြီး အခြေအနေကို ထိန်းသိမ်း
ကိုင်တွယ်နိုင်မယ်လို့ ကျွန်မတို့ ယုံကြည်တဲ့အတွက်ကြောင့် အစိုးရအဖွဲ့က အရေးပေါ်အခြေ
အနေကို ပြန်လည် ရုပ်သိမ်းလိုက်ခြင်း ဖြစ်ပါတယ်" ဟု ၀န်ကြီးချုပ်ယင်လပ်က သတင်း ထောက်
များကို ပြောကြားခဲ့သည်။

"အခုလိုအရေးပေါ်အခြေအနေ ရုပ်သိမ်း ရခြင်းက နိုင်ငံရဲ့စီးပွားရေးနဲ့ခရီးသွားလုပ်ငန်း မှာ စိတ်ချ
ယုံကြည်မှုတွေ ခိုင်ခိုင်မာမာ ရရှိလာဖို့ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင်
အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသည်မှာ လေးလကျော် ကြာနေပြီဖြစ် သည်။

အတိုက်အခံ ဆန္ဒပြသူများက ၀န်ကြီးချုပ် ယင်လပ်အစိုးရကို ဖြုတ်ချကာ ယာယီပြည်သူ့ကောင်စီ
တစ်ရပ် ခန့်အပ်စေလိုခြင်းဖြစ်သည်။ ၀န်ကြီးချုပ် ယင်လပ်က ပဋိပက္ခများ လျော့ပါး သွားစေရန်
ရည်ရွယ်ကာ ဖေဖော်ဝါရီလ ၂ ရက် နေ့က ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့သော်လည်း
မအောင်မြင်ခဲ့ပေ။

ထိုအရေးပေါ် ဥပဒေကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက် ပွဲမတိုင်မီကာလအတွင်းက ပြဋ္ဌာန်း
ခဲ့ခြင်းဖြစ် သည်။ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများအတွင်း လက်ပစ်ဗု့းဖြင့် တိုက်ခိုက်မှုများ၊ ပစ်ခတ်မှုများ
စသည်တို့အပါအဝင် ဆန္ဒပြသူများကို ပစ်မှတ် ထားကာ မကြာခဏ တိုက်ခိုက်ခံရခြင်းများ ကြောင့်
လူ ၂၃ ဦး သေဆုံးခဲ့ပြီး လူရာပေါင်း များစွာ ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ရွေးကောက်ပွဲကို ဆန္ဒပြသူများ မနှောင့်ယှက်နိုင်ရန် ပြဋ္ဌာန်းထားခဲ့သည့်
အရေးပေါ်အခြေအနေ ကြေညာချက် က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို မတားဆီးနိုင်ခဲ့
သော်လည်း မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ဆန္ဒပြသူအရေအတွက် သိသိ သာသာ
ကျဆင်းလာနေသည်ကို တွေ့ရသည်။

ထိုင်းအစိုးရ ဆန့်ကျင်ရေးခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဘန်ကောက်မြိုကတော် ပိတ်
ဆို့ရေးလှုပ်ရှားမှုကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကြေညာခဲ့ပြီး
နောက် ဘန်ကောက်မြိုကတော်၏ အဓိက လမ်းဆုံလမ်းခွနေရာများရှိ သပိတ်စခန်း များကို ဖျက်
သိမ်းခဲ့ကာ ဘန်ကောက်မြိုကလယ်ရှိ လုမ္ဗိနီပန်းခြံသို့ ၎င်းတို့၏ သပိတ်စခန်းများကို ပြောင်းရွှေ့
သွားကြသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ရွေးကောက်ပွဲကို ဆန္ဒပြသူများက နှောင့်ယှက်ခဲ့ရာ အချို့သော မဲဆန္ဒ
နယ်များတွင် ရွေးကောက်ပွဲမပြုလုပ်နိုင် ခဲ့ခြင်းကြောင့် အစိုးရသစ် ဖွဲ့စည်း၍မရဘဲ ၀န်ကြီးချုပ်ယင်
လပ်က ရွေးကောက်ပွဲရလဒ်များမကြေညာမီအချိန်အထိ အာဏာအကန့်အသတ်ဖြင့် အိမ်စောင့်
အစိုးရ ၀န်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူထားရမည်ဖြစ်သည်။

(အေအက်ဖ်ပီ)