ပေကျင်း - အစ္စလာမ်ဘာသာဝင် ၀ီဂါတိုင်းရင်း သား မျိုးနွယ်အများစုနေထိုင်ရာ
တရုတ်နိုင်ငံ အနောက်ဖျားရှိ ရှင်းကျန်း ဒေသတွင် ရဲသား တစ်ဦး၏ အသက်အန္တရာယ်ကို
ရန်ရှာခဲ့သူ တိုက်ခိုက်ရေးသမားတစ်ဦး သေနတ်မှန် သေဆုံး ခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့က
အစိုးရသတင်း တစ်ရပ်ကဆိုသည်။
မည်သို့သောလက်နက်မှန်း ခွဲခြားမရသည့်လက်နက်ကိုကိုင်ဆောင်ထားသော ယင်းတိုက်ခိုက်
သူသည် မတ်လ ၁၇ ရက်နေ့က ရှင်းကျန်း မြိုကတော် အူရမ်ကီတွင် အရာရှိတစ်ဦးကို ဦးတည်
တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့လုံခြံုရေးဝန်ကြီး ဌာနက ဆီနာဝေဘိုဆိုက်တွင် ဖော်ပြသည်။
တိုက်ခိုက်ခံရသည့် ရဲသားမှာ ဒဏ်ရာရပြီး နောက် သေဆုံးသွားကြောင်း တိုက်ခိုက်ရေး သမားမှာ
လည်း ရဲများ၏ ပစ်ခတ်မှုကြောင့်သေဆုံးသွားကြောင်း ရေးသားထားသည်။ အူရမ်ကီမြို့ ကွန်မြူ
နစ်ပါတီမှကွပ်ကဲသော hongshannnet.cn တွင် ရန်မူသူသည် ကာဂျီ စတန် နယ်စပ်အနီး
အနောက်ဖျားဘက်ကျသော ရှင်းကျန်းဒေသတွင်းရှိ အက်စုခရိုင်မှဖြစ် ကြောင်းဖော်ပြထားပြီး
မတော်တဆထိခိုက်မှု များမရှိခဲ့ကြောင်း မြို့တွင်းမှ ရဲအရာရှိများ၏ ပြောကြားချက်ကိုကိုးကား
ရေးသားထားသည်။ ဘာသာရေး အစွန်းရောက်များ၏ ခိုင်းစေ ချက်များကြောင့် ရှင်းကျန်းဒေသ
တွင် ခွဲထွက် ရေးအကြမ်းဖက်လှုပ်ရှားမှုနှင့် ရင်ဆိုင်နေရ သည်ဟု တရုတ်အစိုးရက ပြောကြား
ထားသော် လည်း အယူဝါဒတရားသေ စွဲကိုင်ဆောင်ရွက်ချက်များအား ဖြေရှင်းချက်ပေးရန် ခြိမ်း
ခြောက် ထားသော ပုံကြီးချဲ့မှုဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက စွပ်စွဲပြောဆိုထားသည်။
အဆိုပါဒေသတွင် ၀ီဂါလူမျိုးများ၏ အကြမ်းဖက်တိုက်ခိုက်မှုများမှာ အခါအားလျော်စွာ ဖြစ်ပေါ်
တတ်ပြီး အစဉ်အမြဲအားဖြင့် ရဲတပ်ဖွဲ့၊ သို့မဟုတ် အစိုးရအရာရှိများအား ဦးတည် တိုက်ခိုက်မှု
များဖြစ်ပွားပြီး ထိုသို့သော ဖြစ်ရပ် များကို အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုအဖြစ် အာဏာ
ပိုင်များက ပြောဆိုကြသည်။
လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူအုပ်စု များက ဓလေ့ထုံးစံနှင့် ဘာသာရေးဖိနှိပ်မှုများ သည် အာဏာပိုင်များအပေါ် ဒေါသဖြစ်စေရန်ပြုလုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုကြပြီး အစိုးရဘက်
ကလည်း ရှင်းကျန်းဒေသ စီးပွားရေး တိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ် ထားကြောင်း
တုံ့ပြန်ပြောဆိုထားသည်။
ရှင်းကျန်းဒေသသည် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့်နေရာဖြစ်ပြီး နိုင်ငံပိုင်နယ်မြေတို့
တွင် အဆင့် (၆) နေရာ၌ရှိသည်။ သေဆုံးသူ ရဲသားသည် အသက် ၂၉ နှစ်ရှိပြီး အမည်မှာ
တရုတ်ဘာသာစကားအရ ၀ူဆီမန် ကျန်းဖြစ်ကြောင်း၊ ၎င်းတွင် တစ်လသားအရွယ် သားကလေး
တစ်ဦးကျန်ရစ်ကြောင်း ပြည်သူ့ လုံခြံုရေးဝန်ကြီးဌာနကဆိုသည်။
(အေအက်ဖ်ပီ)
















