ပါရီ - အိန္ဒိယနိုင်ငံက လွန်ခဲ့သည့် ငါးနှစ်အတွင်း ယင်း၏ပြိုင်ဘက်
အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့ ၀ယ်ယူသည့် လက်နက်အရေအတွက်
ထက် သုံးဆနီးပါး တိုးမြှင့် ၀ယ်ယူကာ ကမ္ဘာပေါ်တွင် လက်နက်အများဆုံး ၀ယ်ယူသည့် နိုင်ငံ
အဖြစ် ဆက်လက်ရပ်တည်နေကြောင်း ဆွီဒင်နိုင်ငံရှိ နိုင်ငံတကာအဖွဲ့ အစည်းက မတ်လ ၁၇
ရက်နေ့တွင် ပြောခဲ့သည်။
၂၀၀၄-၂၀၀၈ ငါးနှစ်တာကာလနှင့် နှိုင်းယှဉ် လျှင် ၂၀၀၉ ၂၀၁၃ ငါးနှစ်တာ ကာလအတွင်း
လက်နက်ရောင်းဝယ်မှု ပမာဏမှာ ၁၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်း
နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ၏ ပြောကြားချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ၏လက်နက်ဝယ်ယူမှုမှာ ၂၀၀၄ ၂၀၀၈ ငါးနှစ်တာကာလနှင့် နှိုင်းယှဉ်လျှင် လွန်ခဲ့
သည့်ငါးနှစ်အတွင်း ၁၁၁ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်နက်
၀ယ်ယူအားမှာလည်း ရ ရာခိုင်နှုန်းမှ ၁၄ ရာခိုင် နှုန်းသို့ တိုးမြင့်ခဲ့ကြောင်း SIPRI က ပြောသည်။
အိန္ဒိယနိုင်ငံက ၂၀၁၀ ပြည့်နှစ်တွင် တရုတ် နိုင်ငံကို ကျော်တက်ကာ ကမ္ဘာပေါ်တွင်လက်နက်
အများဆုံး ၀ယ်ယူသည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ပြည်တွင်း၌ အဆင့်မြင့် နည်းပညာသုံးလက်နက်
များထုတ်လုပ်ရန် ကြိုးပမ်းနေရဆဲ အချိန်တွင် အိန္ဒိယနိုင်ငံက ယင်းထက် စစ်လက်နက်အင်အား
သာလွန်ကောင်းမွန်သည့် တရုတ်နိုင်ငံကို အမီလိုက်နိုင်ရန် လုံးပမ်းနေရခြင်းနျင့် အိမ်နီးချင်း နိုင်ငံ
များနှင့် ဆက်ဆံရေး၌ စစ်ရေးအရ စိန်ခေါ်မှု များရှိနေခြင်းကြောင့် ကာကွယ်ရေးအသုံးစရိတ် ကို
အလုံးအရင်းဖြင့် သုံးစွဲနေရခြင်းဖြစ်သည်။
၂၀၀၉-၂၀၁၃ ငါးနှစ်တာ ကာလအတွင်း အိန္ဒိယနိုင်ငံသို့ လက်နက်အများဆုံးရောင်းချ သည့် နိုင်ငံ
မှာ ရုရှားနိုင်ငံဖြစ်ပြီး လက်နက်ဝယ်ယူမှု စုစုပေါင်း၏ ရ၅ ရာခိုင် နငန်းမှာ ရုရှားမှ ၀ယ်ယူခြင်းဖြစ်
သည်။ ထိုသို့ လက်နက်အများ အပြားဝယ်ယူမှုက စစ်အေးတိုက်ပွဲကာလ အတွင်းကတည်းက
ရုရှားနှင့် အနီးကပ် ဆက်ဆံ ရေးရှိခဲ့သော အိန္ဒိယနိုင်ငံတွင် အဆင့်မြင့် ခေတ်မီ စစ်လက်နက်
ပစ္စည်းများ ဖြည့်တင်းရန်လိုအပ် နေသည်ကို တွေ့ရသည်။
အထူးသဖြင့် အမေရိကန်နိုင်ငံမှ လက်နက် များဝယ်ယူလာသည်ကို ကြည့်ခြင်းအားဖြင့်
အိန္ဒိယနိုင်ငံက နောက်ပိုင်းတွင် အခြားသော နိုင်ငံများမှလည်း လက်နက်ဝယ်ယူမှုများ ပြုလုပ်
လာသည်ကို တွေ့ရသည်။
IHS Jane မဂ္ဂဇင်း၏ ဖေဖော်ဝါရီလက ဖော်ပြခဲ့သည့် ကိန်းဂဏန်းများအရ အိန္ဒိယနိုင်ငံ က
ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံမှ ဘိုးအင်း C-17A ပို့ဆောင်ရေးလေယာဉ်နှင့် P-81 ရေပြင်
ကင်းလှည့်လေယာဉ်များ အပါအဝင် စစ်လက်နက်ပစ္စည်းတန်ဖိုး စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၉
ဘီလျံဖိုး ၀ယ်ယူခဲ့ပြီး အမေရိကန်နိုင်ငံ၏ စစ်လက်နက်ပစ္စည်း အများဆုံး ၀ယ်ယူသည့် နိုင်ငံ
တစ်နိုင်ငံဖြစ်လာကြောင်း သိရသည်။
၂၀၀၉ ခုနှစ်နျင့် ၂၀၁၃ ခုနှစ်အကြား တစ်ကမ္ဘာ လုံးသို့ လက်နက်အများဆုံး ရောင်းချခဲ့သည့် နိုင်ငံ
များမှာ အမေရိကန် (ကမ္ဘာ့ လက်နက်ရောင်းချမှု ၏ ၂၉ ရာခိုင်နှုန်း)၊ ရုရှား (၂၇ ရာခိုင်နှုန်း)၊
ဂျာမနီ (၇ ရာခိုင်နှုန်း)၊ တရုတ် (၆ ရာခိုင်နှုန်း) နျင့် ပြင်သစ် (၅ ရာခိုင်နှုန်း) နိုင်ငံတို့ဖြစ်သည်။
(အေအက်ဖ်ပီ)

















