ပေကျင်း - အမေရိကန်သမ္မတကတော် မီရှဲလ်အိုဘားမားက ၎င်း၏ တရုတ်နိုင်ငံသို့
သွားရောက် လည်ပတ်သည့် ခရီးစဉ်အတွင်း မတ်လ ၂၅ ရက် နေ့က မျိုးနွယ်စုများ တန်းတူညီမျှ
အခွင့်အရေးရရှိမှု၊ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက် မှုနျင့် ဘာသာရေးလွတ်လပ်ခွင့်တို့နှင့်
ပတ်သက် ၍ ဆော်ဩပြောကြားခဲ့သည်။
"အမေရိကန်နိုင်ငံမှာဆိုရင် လူတစ်ယောက် ဟာ ဘယ်နေရာမှာပဲနေနေ၊ ျွိဘဝင်ငွေဘယ်လောက်
ပဲရှိရှိ၊ ဘယ်လူမျိုး ဘယ်မျိုးနွယ် ဖြစ်ဖြစ်၊ ယြ်ဘာသာပဲကိုးကွယ် ကိုးကွယ် အလုပ်ကြိုးစားမယ်၊
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမယ်ဆိုရင် အဲဒီလူ အောင်မြင်အောင်လုပ်ဆောင်ဖို့အတွက် အခွင့်
အရေးရှိသင့်တယ်လို့ လက်ခံထားပါတယ်" ဟု ၎င်းက တရုတ် အနောက်တောင်ပိုင်း စီချွမ်ပြည်
နယ် မြို့တော် ချင်တူးမြို့ရှိ အထက်တန်းကျောင်း တစ်ကျောင်း မှ ရာပေါင်းများစွာသော ကျောင်း
သူကျောင်းသားများကို ပြောကြားခဲ့သည်။
"လူတိုင်းက တန်းတူညီတူ အခွင့်အရေးရှိတယ်လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်။ နောက်ပြီး
ကျွန်မတို့အားလုံးမှာ ကိုယ့်အမြင်ကို ထုတ်ပြောနိုင်တဲ့အခွင့်အရေး၊ ယုံကြည်ရာကိုကိုးကွယ်နိုင်တဲ့
အခွင့်အရေးလည်း ရှိတယ်လို့ ယူဆထားပါတယ်" ဟု ၎င်းကပြောသည်။ တိဗက် ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရ ဒေသအနီးရှိ စီချွမ်ပြည်နယ်နှင့် အခြားပြည်နယ်များသည် တိဗက်မျိုးနွယ်စု လူနည်းစု
များ နေထိုင်ရာ ဒေသများဖြစ်ပြီး ယင်းမျိုးနွယ်စုများမှာ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ
တွင် ဖိနှိပ် ချုပ်ချယ်ခံနေရသည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောကြား
ထားသည်။
မကြာသေးမီ နှစ်များအတွင်းက တိဗက် မျိုးနွယ်စုများ၏ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြမှု
၁၂၀ ကျော် ဖြစ်ပွားခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး ပြည်ပ၌ ထွက်ပြေးတိမ်းရှောင်
နေရသည့် တိဗက်မျိုးနွယ် စုများ၏ ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမား ဦးဆောင်
သည့် ခွဲထွက်ရေးအင်အား စုများကို ပြုမူခဲ့သည့် အပြုအမူများနှင့်ပတ်သက် ပြီး ပြစ်တင်ပြော
ဆိုခံရခြင်းများကို တရုတ် နိုင်ငံက ငြင်းဆိုထားသည်။
မီရှဲလ်အိုဘားမားက ၎င်း၏မိခင်၊ သမီးနှစ်ဦး တို့နှင့်အတူ တရုတ်နိုင်ငံသို့ အလည်အပတ်
ရောက်ရှိနေခြင်းဖြစ်ကာ ချင်တူးမြို့ရှိ တိဗက်စားသောက်ဆိုင်တစ်ဆိုင်သို့ မတ်လ ၂၆ ရက်
နေ့တွင် သွားရောက်ရန်လည်း စီစဉ်ထား ကြောင်းသိရသည်။ တရုတ်နိုင်ငံတွင် အထိ အခိုက်
မခံ အလွန်အလေးဂရုပြုရသည့် ကိစ္စ တစ်ခုဖြစ်သော လူ့အခွင့်အရေး လှုပ်ရှားဆောင် ရွက်မှုနှင့်
ပတ်သက်ပြီး မီရှဲလ်အိုဘားမားက ၎င်းနှင့်သမ္မတအိုဘားမားတို့မှာ လူ့အခွင့်အရေး လှုပ်ရှား
ဆာင်ရွက်မှု၏ အကျိုးကျေးဇူးများကိုခံစားခဲ့ရသည့်အကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံတွင် လူမျိုးရေးခွဲခြားခံရမှုကိုရှုတ်ချပြီး အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသား
များ တန်းတူအခွင့်အရေးရရန် တောင်းဆိုခဲ့သည့် ၁၉၆၀ ပြည့်နျစ် လူ့အခွင့် အရေး လှုပ်ရှား
ဆောင်ရွက်မှုအကြောင်းကို "အဲဒီအချိန်တုန်းက သာမန်ပြည်သူတွေဟာ ဒီ ဥပဒေတွေက
မမျှတဘူးလို့ဆုံးဖြတ်ခဲ့ကြတယ်" ဟု မီရှဲလ်အိုဘားမားက ပြောကြားခဲ့သည်။
"ဒါကြောင့် သူတို့ဟာ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ ချီတက်ဆန္ဒပြခဲ့ကြတယ်။ အစိုးရ
အရာရှိတွေကို ဒီသပဒေတွေ ပြောင်းလဲပေးဖို့တောင်းဆိုခဲ့ကြတယ်။ ဖြည်းဖြည်းချင်းပြောင်းလဲ
လာတယ်ဆိုပေမယ့် အမေရိကန်နိုင်ငံ က နောက်တော့ သေချာပေါက်ပြောင်းလဲသွား ခဲ့ပါတယ်။
ကျွန်မတို့တွေ မမျှတတဲ့ဥပဒေတွေကို ဖယ်ရှားပစ်နိုင်ခဲ့တယ်။ နျစ် ၅၀ ကြာပြီးတဲ့နောက် ဒီနေ့မှာ
တော့ ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတနဲ့ သမ္မတကတော်ဖြစ်လာခဲ့ပါတယ်"
ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ မတ် ၂၀ ရက်ညက စတင် ရောက်ရှိခဲ့ပြီး ရက်သတ္တတစ်ပတ်ကြာမည့် ခရီးစဉ်
အတွင်း အမေရိကန်သမ္မတကတော်က တရုတ်သမ္မတကတော် ဖိန်လီယွန်နှင့် တွေ့ဆုံခဲ့ ပြီး
ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ လူသိများ ထင်ရှားသည့် မဟာတံတိုင်းကြီးကဲ့သို့ နေရာ များ
သို့လည်း သွားရောက်လည်ပတ်ခဲ့ပြီး တရုတ် ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမ များနှင့်
လည်း တွေ့ဆုံခဲ့သည်။
(အေအက်ဖ်ပီ)

















