ဒေသတွင်း ခရီးသွားတဲ့အခါ အကျိုးများတဲ့ သွင်ပြင်လက္ခဏာတွေထဲက အကျိုးအများဆုံး တစ်ခုကတော့ ပြည်ပမှာ ခေါင်းစီးသတင်းမဖြစ် သေးတဲ့အကြောင်းတွေကို ကြားသိရတာပဲ
ဖြစ်တယ်။
များသောအားဖြင့် ဒီသတင်းတွေဟာ ပျောက် ဆုံးသွားတဲ့ မလေးရှား လေကြောင်းကုမ္ပဏီ
လေယာဉ်နဲ့ ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ထင်ထင်ပေါ်ပေါ်
သတင်းတွေလို သိကြတဲ့လူတွေ မများလှဘူး။ နောက်ပိုင်းမှာတော့ ၁၉၇၀ ပြည့်နှစ်တုန်းက
၀ါရှင်တန်မှာဖြစ်ခဲ့တဲ့ ၀ါးတားဂိတ်အမှုလို သတင်း တွေက မျက်နှာဖုံးသတင်း ဖြစ်လာကြတယ်။
ဒေသတွင်း ဥပမာတစ်ခုကတော့ အရင်တုန်း က လူတွေသိပ်မသိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက ဂျိုကို
၀ီဒိုဒိုအကြောင်း မျက်နှာဖုံးသတင်း ဖြစ်ပေါ် လာတာပဲဖြစ်တယ်။
ဒီ ဆောင်းပါးကော်လံကို တစ်စိုက်မတ်မတ်ဖတ်လာတဲ့ စာဖတ်ပရိသတ်တွေကတော့ ဂျိုကိုဝီဟာ
စောင့်ကြည့်ရမယ့်လူတစ်ယောက်ဖြစ်နေတယ်ဆိုတာ ၂၀၁၂ ခုနှစ်လယ်လောက်ကတည်းက
သိနေကြမှာပါ။
ထင်တဲ့အတိုင်းပဲ၊ ဂျိုကိုဝီဟာ ပထမဦးဆုံး ဂျကာတာမြို့ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာတယ်။
နောက်ပြီး ဒီနှစ်နှောင်းပိုင်းမှာ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မယ်လို့ကြေညာခဲ့တယ်။ သမ္မတ
ရွေးကောက်ပွဲယှဉ်ပြိုင်တဲ့အခါ ဂျိုကိုဝီနိုင်ဖို့ သေချာသလောက်ရှိတယ်။ အခုအချိန်မှာတော့
ကျွန်တော်နှိုင်းယှဉ်လို့ရတဲ့ လူနှစ်ဦးတို့ရဲ့ နာမည်တွေကိုပြောမယ်။ နှစ်ဦးစလုံးကတော့ အမျိုး
သမီးတွေ ဖြစ်ကြ တယ်။
ဂျိုကိုဝီကို နှစ်နှစ်လောက်တုန်းက လူတွေ မသိကြသလို သူတို့နှစ်ယောက်စလုံးကို လူတွေ
မသိကြသေးဘူး။ သူတို့နှစ်ယောက်စလုံးဟာ လည်း ဂျိုကိုဝီလိုပဲ လာမယ့် မကြာမီ အနာဂတ်
မှာ သူတို့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဖြစ်လာဖို့ အလားအလာရှိကြတယ်။
ပထမအမျိုးသမီးရဲ့နာမည်က ဂရေ့စ်ပိုးတဲ့။ လွန်ခဲ့တဲ့ ၄၅ နှစ်က ဖိလစ်ပိုင်နိုင်ငံ မြို့တစ်မြို့
ဖြစ်တဲ့ အီလွိုင်လို (lloilo) က ဘုရားကျောင်း တစ်ကျောင်းမှာ မွေးမိခင်က စွန့်ပစ်သွားတာကို
ခံခဲ့ရသူဖြစ်တယ်။
သူ့ကိုတွေ့ရှိတာဟာ ဘုရားသခင်ရဲ့ ကရုဏာ တော်လို့ ယူဆကာ ဒေသခံဘုန်းတော်ကြီးက
ဂရေ့စ်လို့ အမည်ပေးခဲ့တယ်။ ဂရေ့စ်ဟာ အိမ်တစ်အိမ်မှ တစ်အိမ် နေထိုင်လာခဲ့ရာမှ ရုပ်ရှင်
သရုပ်ဆောင်နဲ့ နောင် သမ္မတရာထူးယှဉ်ပြိုင်ခဲ့သူ ဖာဒီနန်ပိုးက မွေးစားခဲ့တယ်။
ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့မှာ ပညာ ဆည်းပူးခဲ့တဲ့ ဂရေ့စ်ဟာ အမေရိကန်နိုင်ငံမှာ အလုပ်
လုပ်ခဲ့တယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံကို ပြန်လာခဲ့ပြီး ဖာဒီနန်ရဲ့ မအောင်မြင်ခဲ့တဲ့ ၂၀၀၄ ခုနှစ်
သမ္မတရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်ရာမှာ စည်းရုံးလှုံ့ဆော်သူအဖြစ် ပါ၀င်ခဲ့တယ်။
နောက် ဖာဒီနန် ကွယ်လွန်သွားတဲ့အခါ ဂရေ့စ်ဟာ အိမ်ကနေ ပြည်သူတွေကို ၀န်ဆောင်မှု
ပေးတဲ့အလုပ်တွေနဲ့ ရင်းနှီးပတ်သက်လာတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ ဂရေ့စ်ဟာ တစ်သီးပုဂ္ဂလ
အနေနဲ့ ဆီးနိတ်အမတ်အဖြစ် အရွေးခံဖို့ နိုင်ငံရေးထဲ ခြေစုံပစ်ဝင်ခဲ့တယ်။ ပထမတော့ သူ့ကို
သူစိမ်းတစ်ယောက်ဆိုပြီး အရေးမထားလောက်ပါဘူးလို့ ထင်ခဲ့ကြတယ်။
ဆီးနိတ်အတွက် အရွေးခံတဲ့သူတစ်ဦးချင်းစီ ထက် မဲအများဆုံးရရှိခဲ့တဲ့ ဂရေ့စ်ကို အားလုံး က
တအံ့တဩဖြစ်ခဲ့ကြတယ်။ အခုဆိုရင် ဂရေ့စ်ကို ၂၀၁၆ ခုနှစ်အတွက် သမ္မတဖြစ်လာနိုင်တဲ့လူ
လို့ အမွှမ်းတင်ခံနေရ တယ်။ သူသာ တကယ်လို့ အရွေးခံဖို့ ယှဉ်ပြိုင် ခဲ့ရင် ဂျိုကိုဝီလိုပဲ နိုင်ခြေ
ရှိတယ်။
ဗီယက်နမ် နိုင်ငံမှာဆိုရင်လည်း အလားတူ လူသိနည်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဂျိုကိုဝီနဲ့
ပိုးတို့ကို အတုယူကာ နှစ်နှစ်လောက်ကြာတဲ့အခါမှာ သူ့နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာနိုင်တယ်။
အခုအချိန်မှာတောင် အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ငုယင်သီကင်ငန်ဟာ ဟနွိုင်းမှာ ဩဇာအလွန်
ကြီးတဲ့ အမျိုးသမီးနိုင်ငံရေးသမားဖြစ်နေပြီ။ ကွန်မြူနစ်နိုင်ငံမှာ ဘာကိစ္စမဆို နောက်ဆုံးထိန်းချုပ်
မှုကိုသုံးနိုင်တဲ့ အလွန်ဩဇာကြီးမားတဲ့ နိုင်ငံရေးဦးဆောင် (ပေါလစ်ဗျူရို) အဖွဲ့ဝင်ဖြစ်နေတာကြောင့်
ဖြစ်တယ်။

နိုင်ငံရေးနဲ့ စီးပွားရေးဘွဲ့တွေရရှိပြီးနောက် ကင်ငန်ဟာ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး ဌာန
တွေမှာလုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ အလုပ်သမား၊ ကျန်းမာရေးနဲ့ လူမှုရေးရာဝန်ကြီးဖြစ်လာခဲ့တယ်။
နောက်ပိုင်းမှာ အမျိုးသားလွှတ်တော်ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတယ်။
ဒီ အမျိုးသားလွှတ်တော်ဟာ ဥပဒေတွေကို မူကြမ်း ဆွဲ အကောင်အထည်ဖော်တယ်။ သမ္မတနဲ့
၀န်ကြီးချုပ်ကိုလည်း ခန့်အပ်တယ်။ အဲဒီရာထူးမှာဆက်ခံနေတုန်း ၂၀၁၁ ခုနှစ် ကဒါဖီမရှိတော့တဲ့
လစ်ဗျားနိုင်ငံမှ ဗီယက်နမ်အလုပ်သမား ၁၀,၀၀၀ ခန့်ကို လွတ်လပ်ရေးအတွက် အရေးပါတဲ့ကဏ္ဍ
ကနေ ပါ၀င်ညှိနှိုင်း ဆောင်ရွက်ခဲ့တဲ့အတွက် ပြည်သူတွေက သတိ ထားမိလာကြတယ်။
အခုအချိန်မှာတော့ ကင်ငန်ရဲ့ ဩဇာနဲ့ အနာဂတ်အလားအလာတို့ဟာ မေလက အဖွဲ့ ၀င် ၁၆ ဦး
ပါတဲ့ ပေါလစ်ဗျူရိုထဲ ရောက်လာတာ ကနေ ဖြစ်ပေါ်လာတာဖြစ်တယ်။ ကင်ငန်ဟာ ဒီကြီးကျယ်
ခမ်းနားတဲ့ အဖွဲ့ရဲ့ ဒုတိယမြောက် အမျိုးသမီးအဖွဲ့ဝင်ဖြစ်တယ်။ သူဟာ လက်ရှိ ၀န်ကြီးချုပ်
ငုယင်တန်ဒန်းနဲ့ လည်းရင်းနှီးတယ်။ ဒန်းဟာ ဒုတိယနဲ့နောက်ဆုံး ရာထူးသက်တမ်း အလယ်လမ်း
ခရီးကို ရောက် နေရာ ၀န်ကြီးချုပ်ရာထူးကဆင်းခဲ့တဲ့အခါ ပါတီ အကြီးအကဲဖြစ်လာနိုင်တယ်။
ဟနွိုင်းအစိုးရရဲ့ အတွင်းစကားတွေအရ ကင်ငန်ဟာ ဗီယက်နမ် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး
၀န်ကြီးချုပ်ဖြစ်နိုင် တယ်။ အဲဒီအချိန်လောက်မှာပဲ ဂရေ့စ်ပိုးဟာ လည်း ဖိလစ်ပိုင်နိုင်ငံရဲ့
သမ္မတဖြစ်လာနိုင်တယ်။ အဲဒီတော့ ထိုင်းနိုင်ငံက ယင်လပ်၊ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစု
ကြည်တို့နဲ့ပေါင်း လိုက်ရင် ဖြံုလောက်တဲ့ အမျိုးသမီး ခေါင်းဆောင် လေးယောက် ဖြစ်လာနိုင်
တယ်။ဒါဆိုရင် အတော်လေး ဟုတ်တန်ကောင်းရဲ့။
(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏အာဘော်သာဖြစ်သည်။)

















