လေယာဉ်နဲ့ဆိုင်တဲ့စကားပါ အဓိပ္ပာယ်မဲ့မဟုတ်ပါဘူး။

လေယာဉ်နဲ့ဆိုင်တဲ့စကားပါ အဓိပ္ပာယ်မဲ့မဟုတ်ပါဘူး။

မထင်မှတ် မမျှော်လင့်ထားဘဲ ရောက်လာတဲ့ မိတ်ဆွေကောင်းတစ်ယောက်နဲ့ ငြင်းခုံရတာ
သိပ်မလွယ်လှဘူး။ ဒါပေမဲ့ ကျွန်တော့်အားသာချက်ကတော့ ဒီဒေသအကြောင်းကို လွန်ခဲ့တဲ့
၂၅ နှစ်ကျော်ကတည်းက သိခဲ့တာဖြစ်တယ်။ ၀ိုင်ပုလင်းဖောက်တံကို ရှာဖွေရင်းနဲ့ ကျွန်တော်က
သူ့ကို ဒီလိုပြောလိုက်တယ်။

"ငါက ကွာလာလမ်ပူမှာ ခြောက်နှစ်လောက် အလုပ် လုပ်ရင်း နေထိုင်ခဲ့ဖူးတယ်။ အဖမ်းခံရပြီး
ထောင်လည်းကျဖူးတယ်။ ပြီးတော့ စကားနဲ့ လည်း အစော်ကားခံခဲ့ရတယ်။" ဒါပေမဲ့ ကျွန်တော့်
သူငယ်ချင်း မော်ဗင်က မရပ်မနားဘဲ မှတ်စုစာအုပ်တွေကို ကိုးကားပြီး ကျွန်တော့်လို ကျွမ်းကျင်
သူတစ်ယောက် ချောင်ပိတ် အောင်လုပ်ထားလို့ရပြီလို့ ထင်ထားပုံရတယ်။ ကျွန်တော်ကတော့
ချေပဖို့ ကြိုးစားပါသေး တယ်။ လူကြီးလူကောင်းကလည်းဖြစ်တော့ သူပြောချင်တာကို ပြောခွင့်
ပေးလိုက်ပါတယ်။

MH 370 ဖြစ်ရပ်ဟာ မလေးရှားနိုင်ငံ ဘယ်လောက်ထိ ယိုယွင်းလာတာကိုပြလိုက် တာလို့
သူက အာဘောင်အာရင်းသန်သန်နဲ့ ပြောတော့တာပဲ။ တစ်ဦးချင်း ကြွေးမြီနှုန်းကမ္ဘာမှာ
အမြင့်ဆုံး၊ ရဲအဖွဲ့မှာလည်း ရဲကျင့် ၀တ်မညီတာတွေ၊ လူအုပ်စုနဲ့ ရမ်းကားမှုတွေ ဘာသာရေး
ပဋိပက္ခတွေ၊ တရားရေးနဲ့ သတင်းစာ တွေမှာလည်း တစ်ဦးပေါ်တစ်ဦး ထောက်ခံမဲ
ပေးကြတာတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ဒါ့ပြင် ပတ်ဝန်းကျင်မှာလည်း မီးခိုးမြူတွေ ပိတ်ဖုန်း
တာက ဒုက္ခပေးနေတာတွေကို စုံတကာစေ့အောင် ပြောလိုက်တာပဲ။

မော်ဗင်က မလေးရှားဝတ္ထုရေးဆရာ တက်ရှ် အော ပြောခဲ့တဲ့စကားတွေကို ကိုးကားပြီး မိုးထိ တိုက်
တွေနဲ့ ဇိမ်ခံပစ္စည်းရောင်းတဲ့ ဆိုင်တွေ ဟာ အရှေ့တောင်အာရှရဲ့ ချမ်းသာကြွယ်ဝသူ တွေနဲ့
ဆင်းရဲသူတွေကြား ကြီးမားတဲ့ ကွာဟမှု တွေ၊ မကြာခဏဖြစ်နေတဲ့ လူမျိုးစုတင်းမာမှု တွေ၊
ဗျာများနေတဲ့ ဒီမိုကရေစီနဲ့ ပေါ်လွင် ထင်ရှားတဲ့ကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေဟာ ဖုန်းကွယ်
လို့မရဘူးလို့ ပြောခဲ့တယ်။

အစိုးရရဲ့ အလိုလိုက်ခြင်းခံရတဲ့ မီဒီယာ ကလည်း မလေးရှား သွားသာသွားဆိုတဲ့ စကား
ဟန်ဆောင်ပြောနေတာဖြစ်ပြီး ယခုလမှာဖြစ် ပွားခဲ့တဲ့ ကပ်ဘေးကြီးက ဘူးပေါ်သလိုပေါ်သွား
ခဲ့တယ်လို့ မော်ဗင်က ပြောတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေဟာ သူတို့ရဲ့ လေကြောင်းပိုင်နက်တွေကို ထိန်းချုပ်တာကို
အသာထား၊ ထောက်လှမ်းတာကိုတောင် မစွမ်းဆောင်နိုင်ကြဘူး။ ကပ်ဘေးဆိုက်ရောက်
တာကိုလည်း လျင်မြန်ပြီး ညှိနှိုင်းတဲ့တုံ့ပြန်မှုကို ဆောင်ရွက်နိုင်ခြင်းမရှိကြပေမယ့် တစ်ယောက်
ကိုတစ်ယောက် အပြစ်ဖို့တဲ့နေရာမှာတော့ ကျွမ်းကျင်ကြတယ်လို့ MH 370 ဆန်းစစ်သူ
ဂျက်ဆီကာထရစ်ရှ်ကိုဒါဒင်က ပြောခဲ့တယ်။

သူပြောတာတွေထဲမှာ ထိမိတဲ့အချက်ကလေး ကတော့ပါတယ်။ အစိုးရရဲ့ အလွန်လေးနက်တဲ့
ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ မလေးရှား ခေတ္တသယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်
လို စကားပုံလာ သမင်ကဲ့သို့ သရုပ်ဆောင်တဲ့ နိုင်ငံရေးသမားတစ်ယောက် ရှိသေးသလားလို့တောင်
မေးစရာဖြစ်လာတယ်။ သူဟာ ရှေ့နေလုပ်ခဲ့ဖူးတယ်။ သူများနောက် ကျော ဓားနဲ့ထိုးဖို့ ၀န်လေးတဲ့
လူတစ်ယောက် မဟုတ်ဘူး။ သူ ၀န်ကြီးချုပ် မဖြစ်လာနိုင်တဲ့ အကြောင်း ပြချက်အတော်လေး များ
တယ်လို့ဆိုပေမယ့် ဟီရှမ်ဟာ ဂုဏ်သိက္ခာရှိ လူတစ်ယောက်လို့ ကျွန်တော်က ပြန်ချေပခဲ့တယ်။
သူ ၀န်ကြီး တစ်ယောက်အနေနဲ့ ထိန်းကျောင်းရခက်ပေမယ့် လေယာဉ် ပျောက်ဆုံးမှုကြောင့်
အကျပ်အတည်း ဖြစ်ချိန်မှာမစ္ဆရိယစိတ်နဲ့ နှစ်ထောာင်းအားရ မဖြစ်သင့်ဘူး။ သူ့ရဲ့ဆရာနဲ့ အစ်ကို
၀မ်းကွဲ တော်သူ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ခမျာလည်း မဲဆန္ဒရှင်တွေ သူ့အစိုးရကို စွန့်ခွာနေကြပြီး
ငကြောင်ဖြစ်တဲ့ အီဘရာဟင်အလီ ဦးဆောင် တဲ့ Islamist Perkasa အဖွဲ့ကလည်း ဩဇာအရှိန်
အဝါ တက်လာတယ်။

မလေးနယ်ပယ်ကို နှစ်သိမ့်တဲ့အနေနဲ့ နာဂျစ် ဟာ အလ္လာအရှင်မြတ်ကို ညွှန်းတဲ့ ခရစ်ယာန် သမ္မာ
ကျမ်းစာအုပ်တွေကို တားမြစ်ခဲ့ပြီး ခဲနဲ့ပစ်၊ ကြာပွတ်နဲ့ရိုက်၊ ခေါင်းဖြတ်ဆိုတဲ့ လူသိများတဲ့ ဥပဒေကို
ပြဋ္ဌာန်းဖို့ စဉ်းစားမယ်လို့ နာဂျစ်က သဘောတူခဲ့တယ်။ ကွာလာလမ်ပူက တရားသူကြီးတွေကလည်း
လူကြီးတွေရဲ့ အလိုလိုက်အကြိုက်ဆောင် လေယာဉ်မပျောက်ဆုံးခင် ရက်အနည်းငယ် အလိုမှာပဲ
အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်နဲ့ ကာပါလ်ဆင်းဂ်တို့နှစ်ယောက် ကို အကျဉ်းချဖို့
စီရင်ချက်ချခဲ့တယ်။

ဒီလိုလုပ်လို့ရခဲ့ပေမယ့် ကမ္ဘာ့သတင်းစာတွေ ဟာ ှောေ ှောေ ဟိုတယ်ကို ဘယ်ကရောက် လာမှန်း
မသိ ဟီရှမ်ကို ဖိစစ်ဆေးခဲ့တယ်။ အခုဆိုရင် မော်ဗင်ပြောတဲ့အတိုင်းဆိုရင် နာဂျစ်နဲ့ ဟူစိန်တို့နှစ်
ယောက်ကို အတွင်းက သပ်လျှိုခံရမှာဖြစ်တဲ့အပြင် နောက်ထပ် အတိုက် အခံသမားတွေ စင်ကာ
ပူနိုင်ငံကို အမွှမ်းတင်တဲ့စွဲချက်တွေနဲ့ တရားရုံးကို ရောက်လာဖို့ရှိတယ်။

ဒီတော့ ကျွန်တော်က ကြားဖြတ်ဝင်ပြီး ခဏ နေပါဦး။ ကျွန်တော် ကျွမ်းကျွမ်းကျင်ကျင်သိတဲ့ နိုင်ငံ
တစ်နိုင်ငံကို ခင်ဗျားက ပြင်းပြင်း ထန်ထန် ဝေဖန်လို့ဝတော့ ပြန်လည်ချေပဖို့ ကျွန်တော့်အလှည့်
ရောက်ပြီလို့ပြောတော့ မော်ဗင် က မောပမ်းစွာနဲ့ပြောဆိုပြီး ကဲပြောပါဦးလို့ ဆိုလာတယ်။

ဂျော့ချ်ကလူနီကတော့ လေယာဉ်ပေါ် ပါမသွား ဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ လက်ရှိ
အခြေအနေမှာတော့ ကျွန်တော် အကောင်းဆုံး လုပ်နိုင်တာ ဒါပါပဲ။ ဆိုလိုတာကတော့ မော်ဗင်
ကို ပိတ်ဖို့ ကျွန်တော့်မှာ အလိုအလျောက် ထုတ်လွှင့်ပေးတဲ့ကိရိယာမရှိဘူးလေ။

(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။)