ချုန်ချိန် (တရုတ်) - ရဲတွတ်နေသည့်ဟင်းအနှစ်၊ ပျစ်ခဲနေသည့် အဆီပြင်တို့ဖြင့် နေရောင်
အောက် နေပူခံထားသော ဟင်းခတ် အမွှေး အကြိုင် ခတ်ထားသည့် ဟော့ပေါ့အိုးများ၏
ရနံ့သည် နှယ်ကန်ရူ၏ အိမ်ပတ်လည်တွင် အန့ံ တထောင်းထောင်း မွှေးကြိုင်လျက်ရှိသည်။
ဟော့ပေါ့များကို ချက်ပြုတ်ရင်း ဟင်းရနံ့ တသင်းသင်းဖြင့် အချိန်ကုန်လေ့ရှိသော နှယ်သည်
တရုတ် အစားအစာကို ကိုယ်တိုင်လက်စွမ်းပြ ဖန်တီးခဲ့ပြီးနောက် နျယ်၏ ကံကြမ္မာ မှာ ပြောင်းလဲ
သွားခဲ့ပြီး အဆိုပါဟင်းပွဲများ ရနိုင်သော အိုးပုံသဏ္ဌာန် ခြောက်ထပ်အမြင့်ရှိ ပြတိုက်ကို တည်
ဆောက်ထားပြီဖြစ်သည်။
ယခုအချိန်တွင် တရုတ်နိုင်ငံ၏ မြို့ကြီးတစ်မြို့ ဖြစ်သော ၎င်း၏မွေးရပ်မြေ ချုန်ချိန်သည် ယင်း
အစားအစာကို ကမ္ဘာ့အသိအမှတ်ပြု ပြည်တွင်း ဖြစ် အစားအစာဖြစ်ရေး ကြိုးပမ်းလျက်ရှိသည်။
"သောက်လိုက်တဲ့အချိန် လျှာတွေထူပူကုန် တယ်။ စပ်လည်းစပ်တယ်။ အရသာကတော့
တကယ်ရှိတယ်။ မြင်လိုက်တာနဲ့ ရနံ့က မွှေးပြီး လူကို ဆွဲဆောင်နိုင်တယ်။ ဒါကြောင့် လူတိုင်း
ကြိုက်ကြတာ" ဟု ဟော့ပေါ့ကို နေ့တိုင်းနီးပါး စားသူ အသက် ရ၀ အရွယ် သူဌေးကြီးတစ်ဦးက
ပြောသည်။
ကြိုက်ရာထည့်စားနိုင်သော အမည် (အမယ်) များစွာရှိသည့် သစ်သားစားပွဲတွင်ထိုင်ကာ
ပန်းငရုတ်၊ဆီနှင့် လျှာများထူပူသွားစေမည့် စီချွမ်းငရုတ်ကောင်းတို့ ခတ်ထားသော ပွက်ပွက်
ဆူနေသည့်အိုးထဲသို့ နျယ်က ခဲထားသည့်ဘဲသွေး တို့ကို အသံမြည်အောင် ထည့်လိုက်သည်။
အခြားသူများသည် အဆီဝေ့နေသော ပါးပါး လှီးထားသည့် ကြာရိုးများကိုခတ်ထည့်ကာ
လျှာအပူလောင် သက်သာစေရန် အချဉ်တည် ထားသည့် အရွက်များနှင့် ရောစားကြသည်။
"စားပွဲမှာ ၀ိုင်းထိုင်ပြီးစားကြတာ တက်ညီလက်ညီနဲ့ ပျော်စရာကောင်းတယ်။ တစ်ဦးနဲ့ တစ်ဦး
နွေးနွေးထွေးထွေးရှိတယ်။ သိပ်ကို ပျော်စရာကောင်းတဲ့အချိန်ပေါ့" ဟု ၎င်း သူဌေးကြီးက
ဆိုသည်။
ဟော့ပေါ့သည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်ကစခဲ့ပြီး လယ်သမားများက အမဲဝမ်း တွင်းသား
နှင့် အခြားသော ကလီစာများကို မြစ်ကမ်းဘေးတွင်ဖြစ်သလို ရောနှောချက်ပြုတ်စား သောက်
သော အစားအသောက်တစ်မျိုးဖြစ် ကာ ထိုအချိန်မှစပြီး တရုတ်တွင် လူတိုင်းနီးပါး စားသောက်
သည့် အစားအစာဖြစ်လာသည်။
၁၉၃၀ ပြည့်နှစ်များတွင် ယင်းအစားအစာ ရောင်းချသည့်စားသောက်ဆိုင်ကို ပထမဆုံး ဖွင့်လှစ်
ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း ချုန်ချိန်သည် တရုတ်နိုင်ငံ၏မြိုကတော် ဖြစ်လာ ချိန်တွင်
၎င်းအစားအစာမှာ နိုင်ငံတစ်ဝန်း နေရာယူကာ လူကြိုက်များလာခဲ့သည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း တရုတ် နိုင်ငံ၏ စီးပွားရေး တစ်ဟုန်ထိုး တိုးတက်လာ
ချိန်တွင် ဟော့ပေါ့သည်လည်း နာမည်ကြီးလာ ခဲ့သည်။ အခြားသော ဒေသများတွင်လည်း
အရသာပိုကောင်းစေရန် ပုံစံအမျိုးမျိုးဖြင့် တီထွင်ဆန်းသစ်ကာ အဆီများသည့် သိုးသား
အလွှာများ၊ ယုန်ကျောက်ကပ်များ၊ ပုစွန်နှင့်မှိုတို့ ကိုထည့်ကာ ရောင်းအားကောင်းစေခဲ့သည်။
ဟော့ပေါ့သည် ခေတ်သစ် တရုတ်သမိုင်း တွင် ထင်ရှားသည့် အခန်းကဏ္ဍတွင် ပါ၀င်သည် ဟု
နှယ်ကဆိုသည်။
"ချုန်ချိန်ဟော့ပေါ့က အင်မတန်လူကြိုက်များပြီး ထင်ရှားတဲ့အစားအသောက်တစ်မျိုးပါ။
အိုးကြီးတစ်ခုလုံး ပြည့်နှက်နေတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက မကျေလည်တာတွေကို
တောင် ပြေလည်သွားအောင် စွမ်းဆောင်ပေးနိုင်ပါတယ်" ဟု တရုတ်အစားအစာ ပညာရှင်၊
ငါးမန်းတောင်နှင့် စီချွမ်းငရုတ်ကောင်း (Shark's Fin and Sichuan Pepper) ဆိုသည့်
စာအုပ် ရေးသားသူ ဖူချာဆီယာ ဒန်လော့ပ်ကဆိုသည်။
သို့သော် " တရုတ်နိုင်ငံက ဖော်ပြလို့မကုန်တဲ့ ရိုးရာအမွေအနှစ် အစားအသောက်တွေကိုသာ
နာမည်တပ် ပြောမယ်ဆိုရင် ဘယ်ကလာပြီး တော့မလဲ။ အမျိုးအမည်တွေများပြီး ချက်နည်းပြုတ်
နည်းတွေကလည်း မရေတွက်နိုင်အောင်ရှိတယ်။ ရာစုနှစ်နဲ့ချီပြီး ကြာနေပြီဖြစ်တဲ့ဟင်းတွေလည်း
အများကြီးရှိတယ်" ဟုဆိုသည်။ ချုန်ချိန်သည် တရုတ် အစားအစာချက်ပြုတ် နည်းအဖွဲ့အစည်း
က ခေါ်ဆိုသည့်'တရုတ်နိုင်ငံ ၏ ဟော့ပေါ့မြိုကတော်' ဖြစ်ရန် ၂၀၀၇ ခုနှစ်က စပြီး ကြိုးစားခဲ့
သည်မှာ ယခုအချိန်ထိဖြစ်သည်။
ပြည်တွင်းဖြစ် အစားအစာအဖြစ် အသိ အမှတ်ပြုရန် တောင်းဆိုထားသော ချုန်ချိန် ဟော့ပေါ့
အဖွဲ့က တစ်ချိန်ချိန်တွင် ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့ အစားအသောက်များစာရင်း တွင် ပါ၀င်နိုင်ရန်
ရည်ရွယ်ထားသည်။ ဆရာဝန်တစ်ဦးဖြစ်သူ အသက် ၄၄ နျစ်ရှိ ကျာန်းကျင့်နန်းက ဟော့ပေါ့ကို
နှစ်သက်သော် လည်း အလွန်အကျွံ မစားသုံးသင့်ကြောင်း ပြောကြားပြီး "ကျန်းမာရေးရှုထောင့်
က ကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ကျွန်မကတော့ ဟော့ပေါ့ မစားဘဲ နေနိုင်
မယ်မထင်ဘူး" ဟုလည်းဆိုသည်။
(အေအက်ဖ်ပီ)

















