အယိုဒါယာ (အိန္ဒိယ) - အိန္ဒိယနိုင်ငံတွင် နာရန် ဒရာမိုဒီကို အချို့က
ရွံကြောက် ကြောက်ကြပြီး အခြားသူများကမူ ၎င်း၏ ထင်ပေါ်ကျော်ကြား မှုကို ယခုထိအသိ
အမှတ်မပြုကြသေးပေ။ မကြာ မီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ ၌ မိုဒီပါ၀င်မှုကို
အိန္ဒိယမွတ်စလင်များက စိုးရိမ်တကြီးဖြင့် သတိထား စောင့်ကြည့်လျက် ရှိကြသည်။
အိန္ဒိယနိုင်ငံ အယိုဒါယာမြို့ရှိ ဗလီတစ်လုံး သို့ ၀တ်ပြုရန် လာရောက်ကြသူ တော်တော် များများ
မှာ ငယ်ရွယ်သူများဖြစ်ကြသောကြောင့် အိန္ဒိယ၌ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ
ကို မမှတ်မိကြပေ။
ယင်း အဓိကရုဏ်းများကြောင့် လူ ၂,၀၀၀ ကျော်သေ ဆုံးခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေး
ရပြီးနောက် ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့စဉ်အခါက အကြောင်းများနှင့်
ပတ်သက်ပြီး ထိုအချိန်က ဆယ်ကျော်သက်အရွယ်ရှိပြီဖြစ်သော မိုဟာမက်ဆာဂီရာက
အေအက်ဖ်ပီသို့ ပြောပြခဲ့သည်။
ဟိန္ဒူနတ်ဘုရား ရာမကို ဖွားမြင်ရာနေရာရှိ ဗလီတစ်လုံးကို ဘာသာရေးအယူသီးသမားများ က
ထိုအချိန်က ဖျက်ဆီးလိုက်သည့်အခါ ပဋိပက္ခ များပိုမိုဆိုးရွားခဲ့သည်။ အယိုဒါယာမြိုက၌ ဖြစ်ပွား
ခဲ့သည့် ပဋိပက္ခများက စိတ်ဒဏ်ရာများ နက်နက်ရှိုင်းရှိုင်း စွဲကျန်စေခဲ့သော်လည်း မိုဒီ ၏ ဘာရာ
တီယာဂျာနာတာပါတီ (BJP) ကို ထင်ပေါ်လာစေခဲ့သည်။
ယင်းပိုင်ဆိုင်မှု အငြင်းပွားနေရာနှင့် ပတ်သက် ပြီး ယခုအခါတွင် အခြေအနေများ ငြိမ်းငြိမ်း
ချမ်းချမ်းဖြစ်နေသော်လည်း BJP ပါတီအာဏာရလာပါက တင်းမာမှုများ ပြန်လည်ပေါ်ပေါက်
လာလိမ့်မည်ဟု ယခုအခါ အသက် ၃၆ နျစ်ရှိပြီ ဖြစ်သော ဆာဂီရာကသတိပေးပြောကြားခဲ့သည်။
BJP ပါတီ၏ လုပ်ငန်းစဉ်ထဲမှ အဓိက အရေးပါသည့် ရပ်တည်ချက်တစ်ခုအဖြစ်ကြာမြင့်စွာတည်ရှိ
ခဲ့သည့် BJP မူဝါဒကြေညာ စာတမ်းတွင် ယခင်ကအဖျက်ခံခဲ့ရသော ဘာဘရီ မာ့စ်ဂျစ် ((Babri
Masjid)) ဗလီ၏ နေရာတွင် ဟိန္ဒူနတ်ဘုရား ရာမဘုရားကျောင်းတစ်ကျောင်းကို တည်ဆောက်
မည့် ကတိကဝတ်တစ်ခု ယနေ့ထိတိုင် ပါ၀င်နေသည်။
မိုဒီက ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကြောင့်လည်း
ပြစ်တင် ပြောဆိုမှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ဧပြီလ ရ ရက်နေ့၌စတင်
ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ အနိုင် ရပြီး ၀န်ကြီးချုပ်ဖြစ်လာရန် အလားအလာရှိ သည့်
အသက် ၆၃ နျစ်အရွယ် မိုဒီက ၁၉၉၀ ပြည့် နှစ်က ဟိန္ဒူနတ်ဘုရား ရာမကျောင်းအတွက် တောင်း
ဆိုရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုရုံးဆန္ဒပြမှုကိုစတင်ခဲ့သည့် ဘီဂျေပီခေါင်း ဆောင်
အယ်လ်အေအက်ဒ်ဗာနီ၏ လှုပ်ရှားမှု အတွက် ဂူဂျာရတ် ပြည်နယ်တွင် စည်းရုံးရေးမှူး တစ်ဦး
အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။
"မွတ်စလင်အသိုင်းအဝိုင်းက မိုဒီနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်" ဟု ဒေလီမြို့ရှိ ဂျမီယာမီလီ
ယာ အစ္စလာမီယာ တက္ကသိုလ်၌ တိုင်းရင်းသားလူနည်းစု လေ့လာရေးစင်တာမှ မူဂျီဘာရာမန်က
ပြောသည်။
မိုဒီ၏နောက်ကြောင်းရာဇဝင်နျင့် ယခုမဲဆွယ် စည်းရုံးနေစဉ်အချိန်၌ပင် အခြားဘာသာဝင်လူနည်း
စုများကို အထောက်အကူပေးခြင်းမျိုး မရှိခြင်းက ၎င်းအပေါ်စိုးရိမ်ကြောင့်ကြစိတ်များပေါ်ပေါက်
ရသည့် အကြောင်းရင်းများဖြစ် ကြောင်း ရာမန်က ပြောကြားခဲ့သည်။
"မိုဒီမှမဟုတ်ပါဘူး။ ကျွန်တော့်တစ်သက်တာ မှာ မိုဒီလိုလူမျိုးကို နောက်ထပ်မတွေ့ချင်တော့
ပါဘူး" ဟု အယိုဒါယာမြို့ရှိ အငြင်းပွားနေရာ တွင် မွတ်စလင်များ ၀တ်ပြုခွင့်ရရေးအတွက်
ဆောင်ရွက်နေသည့်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဟာဂျီ မာဘုဘ်အာမက်က ပြောကြားခဲ့သည်။
မဲဆွယ်စည်းရုံးနေစဉ် အချိန်အတွင်း မိုဒီကို နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနျင့် ကောင်းမွန်သည့်
အုပ်ချုပ်မှုစနစ်ဖြစ်ရေးအတွက် အဓိက အာရုံစိုက်သော အစွန်းမရောက်သည့် အမျိုး သားရေး
၀ါဒီတစ်ဦးအဖြစ် မြင်တွေ့နေရသည်။
(အေအက်ဖ်ပီ)

















